ကက်သလစ်လူငယ်များသည် လူကြီးများထက် သွန်သင်ချက်များကိုပိုမိုယုံကြည်ကြ

ကက်သလစ်လူငယ်များသည် လူကြီးများထက် သွန်သင်ချက်များကိုပိုမိုယုံကြည်ကြ

ကက်သလစ်လူငယ်များသည် လူကြီးများထက် သွန်သင်ချက်များကိုပိုမိုယုံကြည်ကြ

အောက်တိုဘာ၅ရက်မှ၁၁အထိ ကောက်ယူခဲ့သော စစ်တမ်းအရ ကက်သလစ်လူငယ်များသည် လူကြီးများထက် အသင်းတော်၏သွန်သင်ချက်များကို ပိုမိုသက်ဝင်ယုံကြည်ကြကြောင်းတွေ့ရသည်။

၅၀ ရာခိုင်နှုန်းသည် ကိုယ်တော်မြတ်ထဲတွင် ကိုယ်တော်ရှင်အမှန်တကယ်တည်ရှိခြင်းကို ယုံကြည်ကြသည်။ ထိုလူများ၏၂၅ ရာခိုင်နှုန်းမှာ ၁၈နှစ် နှင့် ၃၄နှစ် ကြား လူငယ်များဖြစ်ကြသည်။

ထိုကိန်းဂဏန်းသည် ဖေဖော်ဝါရီလက ကောက်ယူခြင်းထက် ပိုမိုများပြားလာခြင်းဖြစ်သည်။ ကက်သလစ် လူဝတ်ကြောင်များကို မေးမြန်းသော စစ်တမ်းတွင် လူ ၁၀ ယောက်တွင် ၈ ယောက်က ဘာသာရေးသည် ဘဝတွင်အရေးပါကြောင်း ဖြေကြားခဲ့ကြသည်။ ၄၀ ရာခိုင်နှုန်းက တနင်္ဂနွေနေ့မစ္ဆားကို မပျက်မကွက်တက်ရောက်လေ့ရှိကြပြီး  ၅၀ရာခိုင်နူန်းကမူကိုဗစ်အပြီး ဘုရားကျောင်းများပြန်လည်ဖွင့်လှစ်သည်နှင့် အရင်ကထက် ဘုရားကျောင်းပိုတက်မည်ဟု ဆုံးဖြတ်ထားကြသည်။

လူထက်ဝက်ခန့်က နေ့တိုင်းမပျက် ဆုတောင်းလေ့ရှိကြောင်း၊ တစ်ပတ်တွင် အနည်းဆုံးတစ်ကြိမ် စိပ်ပုတီးစိပ်သူမှာလည်း လူ ၁၀ ယောက်တွင် ၃ယောက်ကျော်ရှိနေသည်။

ဘာသာတူများ ပြုလုပ်ရန်အားအနည်းဆုံးဝိညာဥ်ရေးအလုပ်မှာ အာပတ်ဖြေခြင်းဖြစ်သည်။ လူ ၁၀ ယောက်တွင် ၄ယောက်ခန့်ကသာ တစ်နှစ်သို့မဟုတ် လများစွာအကြာမှတစ်ခါ အာပတ်ဖြေကြသည်ဟုဆိုသည်။

သို့သော်လည်း ၆၀ရာခိုင်နှုန်းက စက္ကရာမင်မင်္ဂလာများသို့မဟုတ် စက္ကရာမင်မင်္ဂလာတစ်ခုခုကို နှစ်တိုင်းခံယူသည်ဟု တွေ့ရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Unsplash/CCO

https://bit.ly/32brkSU

Add new comment

15 + 4 =