ကက်သလစ်လူငယ်မိန်းကလေးတဉီး မယ်တော်၏ ပုံတော်ဖြင့်လမ်းလျှောက်ပန်းချီ ရေးဆွဲ၍ အိမ်နီးခြင်းများအား ခွန်အားရစေခြင်း

ကက်သလစ်လူငယ်မိန်းကလေးတဉီး မယ်တော်၏ ပုံတော်ဖြင့်လမ်းလျှောက်ပန်းချီ ရေးဆွဲ၍ အိမ်နီးခြင်းများအား ခွန်အားရစေခြင်း

ကက်သလစ်လူငယ်မိန်းကလေးတဉီး မယ်တော်၏ ပုံတော်ဖြင့်လမ်းလျှောက်ပန်းချီ ရေးဆွဲ၍ အိမ်နီးခြင်းများအား ခွန်အားရစေခြင်း

အမေရိကား တိုက်၊ Fargo ကက်သလစ် သာသနာမှ အိမ်တွင်းအောင်းနေကြရသည့် Quarantine အချိန်တွင် မိမိတို့ရပ်ကွက်တွင်းရှိသူများအား ကြည်နူးခွန်အားဖြစ်စေမည့် မယ်တော်၏ ပုံတော်အကြီးကြီးကို ကက်သလစ် လူငယ်ကောင်မလေး တဉီးက သူမမိဘတွေရဲ့ ကားထွက်လမ်းပေါ်မှာ လမ်းလျှောက်ပန်းချီရေးဆွဲပြသခဲ့ပါတယ်။

Maria Loh ဟူသည့် လူငယ်မိန်းကလေးသည် အသက် ၁၇ နှစ်အရွယ်ဖြစ်ပြီး သူမ၏ ယုံကြည်ခြင်းနဲ့ ဘုရားပေးတဲ့ ပန်းချီပညာကို အခုလို နီးစပ်သူများနဲ့ မျှဝေပြသခွင့် သက်သေခံခွင့်ရရှိသည့်အတွက် သူမ အလွန်ပင်ပျော်ရွှင်ကြည်နူးရကြောင်း၊ သူမနယ်တွင် ယခုကဲ့သို့ လမ်းလျှောက်ရင်းကြည့်ရှုခံစားနိုင်သည့် လမ်းလျှောက်ပန်းချီဆွဲခြင်းမျိုးဟာ ပထမအကြိမ်ဖြစ်တဲ့အတွက် လမ်းလျှောက်လာသူ လမ်းထဲက မိတ်ဆွေများ ဟာကနဲ့ ဟင်ကနဲ့ ဖြစ်ပြီး ကြည်နူးသံတွေကိုကြားရတာဟာ သူမအတွက် တန်ဖိုးဖြတ်နိုင်တဲ့ ပျော်ရွှင်မှုဖြစ်ကြောင်း၊ ယခုကဲ့သို့သော ပန်းချီများအားဖြင့် လုအများကို ခွန်အားဖြစ်စေပြီး ကျမတို့ ယုံကြည်ခြင်းဘယ်လောက် ကြီးမားလဲဆိုတာကို သက်သေခံနိုင်သလို မယ်တော့်ကိုလည်း ပို၍သိရှိလာစေကြောင်း၊

ကျမ ဘုရားအတွက် ပိုအချိန်ပေးပြီး ပန်းချီပညာအားဖြင့် ဘုရားက ကျမကို ဘာတေ လုပ်စေခ့င်သလဲ အများကိုဘလိုတေ အကျိုးပြုစေသလဲဆိုတာ ကျမ သေသေချာချာ အချိန်ပေးထောက်ရှုစဉ်းစားပါတယ်။ ဒါပေမဲ့ ကျမ ရဲ့ ဒီပန်းချီပညာကတော့ ကျမ ဘဝထဲက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ပါဘူး လို့ မာရီယား က CNA ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of the Diocese of Fargo

https://bit.ly/2L9VTiT

Add new comment

7 + 6 =