ကက်သလစ်လူငယ်ပညာရှင် (Youth Catholic Professionals - YCP) အသင်း၏ညွှန်ကြားရေးမှူးသစ်ကိုပြန်လည်ရွေးချယ်နိုင်ခဲ့

ဤအသင်းကို Jennifer Baugh မှ (၂၀၁၀) ခုနှစ်ကတည်ထောင်ခဲ့သည်။

ကက်သလစ်လူငယ်ပညာရှင် (Youth Catholic Professionals - YCP) အသင်း၏ညွှန်ကြားရေးမှူးသစ်ကိုပြန်လည်ရွေးချယ်နိုင်ခဲ့

အသစ်ပြန်လည်ရွေးချယ်ခံရသော ကက်သလစ်လူငယ်ပညာရှင် (Youth Catholic Professionals - YCP) အသင်း၏ညွှန်ကြားရေးမှူးအသစ်မှာ Peter Blute ဖြစ်သည်။ ဤအသင်းသည် အမေရိကန်ပြည်ထောင်စု၌ဖွဲ့ စည်းလှုပ်ရှားနေသောအသင်းဖြစ်သည်။

သူသည်လက်ရှိတာ၀န်ထမ်းဆောင်နေ ပြီး မကြာမီသက်တမ်းစေ့တော့မည့် Jennifer Baugh ထံမှ (မေလ ၁၊ ၂၀၂၄) တွင်တာ၀န်ကိုလွဲအပ်ခံယူမည်ဖြစ်သည်။

(မေလ ၁) သည် အမိကက်သလစ်သာသနာက နှစ်စဉ် 'ကာယလုပ်သား စိန့်ဂျိုးဇက်' ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ ရှိသည်။

ဤအသင်းကို Jennifer Baugh မှ (၂၀၁၀) ခုနှစ်ကတည်ထောင်ခဲ့သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် (၂၅) ခုတွင်ဖွင့်လှစ်ထားနိုင်ပြီး၊ လူငယ်အကြီးပိုင်းနှင့်ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်ခေါင်းဆောင် များနှင့်လည်းချိပ်ဆက်ထားသည်ဟုသိရပါသည်

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
(Congregations, Peter Blute/ SW News)

Add new comment

2 + 0 =