ကက်သလစ်လူငယ်ငေ်မယ်များအတွက် ရည်ရွယ်သည့် မိုဘိုင်း အပလီကေးရှင်း mobile app အသစ်ထုတ်ဝေ တော့မည်

ကက်သလစ်လူငယ်ငေ်မယ်များအတွက် ရည်ရွယ်သည့် မိုဘိုင်း အပလီကေးရှင်း mobile app အသစ်ထုတ်ဝေ တော့မည်

ကက်သလစ်လူငယ်ငေ်မယ်များအတွက် ရည်ရွယ်သည့် မိုဘိုင်း အပလီကေးရှင်း mobile app အသစ်ထုတ်ဝေ တော့မည် ဖြစ်သည်

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဝါရှင်တန် ဒီစီ မှ CNA သို့ သတင်းပေးပို့ချက်အရ လာမည့် မတ်လတွင် ကက်သလစ်လူငယ်မောင်မယ်များ အသင်းအဖွဲ့ community နှင့် ဆက်သွယ်နိုင်ရေးသို့ ရည်စူးထားသည့် Koin ဟူသည့် Mobile App အသစ်ကို ထုတ်ဝေတော့မည်ဖြစ်ပါသည်။
Koin ဟူသည့် အမည်သည် ဂရိဘာသာစကား Koinonia မှ လာခြင်းဖြစ်ကာ တလုံးတဝတည်း စုစည်းသော ခရစ်ယာန် ဟူ၍ အဓိပ္ပာယ်ရ​သည်ဟု အပလီကေးရှင်း ကို တွဲဘက်တီထွင်သူ Eric က CNA သို့ ပြောကြားခဲ့ပါသည်။
Koin ဟူသည့် Mobile App ထွက်ပြီ ဆိုရင် အသုံးပြုသူလူငယ်များဟာ မိမိတို့ ဝါသနာပါရာ ကဏ္ဍ အလိုက် အစီအစဉ်များရေးဆွဲဖန်တီးခြင်းအဖွဲ့၊ ခရီးသွား ခြင်းအဖွဲ့၊ တွေ့ဆုံခြင်း အဖွဲ့ဟူသည့် အဖွဲ့များဖွဲ့စုကာ အစပြုသုံးစွဲနိုင်ကြမည် ဖြစ်ကာ ဒီ App သည် ကက်သလစ် လူငယ်မောင်မယ်များ အတွက် အဓိက ဉီးတည်ထားသည့် App ဖြစ်ကြောင်း
ကက်သလစ်လူငယ်မောင်မယ်များက အချင်းချင်း တွေ့ဆုံခြင်ကြပါတယ် ဆိုသည့် ဆန္ဒထုတ်ဖော် ရင်ဖွင့် မှုများကို ကြားသိရ၍သော်၄င်း၊ မစ္ဆားတရားသို့ လူအနည်းငယ်သာတက်ရောက်ခြင်းနှင့် မစ္ဆားပြီးရင်လဲ အချင်းချင်း စကားစမြည် ပြောဆိုချိန်မရပဲ အိမ်ပြန်သွားကြခြင်းများကို တွေ့မြင်ကာ ယခုကဲ့သို့ Application တီထွင်ရန် နှိုးစော်မှုခံစားရကြောင်း
၀ါသနာတူ များစုကာ ကက်သလစ်အချင်းချင်း တွေ့ဆုံနိုင်ရန်ရည်ရွယ်ထားသည့် Application ဖြစ်ကာ ကက်သလစ် လူငယ်မောင်မယ်များအကြား ပိုပြီး အသက်ဝင်လာစေမည့် အကျိုးရှိသည့် App ဖြစ်မည်ဟု လဲယုံကြည်ပါတယ်ဟု Eric ကဆိုပါသည်။
Koin ဟူသည့် Mobile App ကို ဝါရင်တန် ဒီစီမှာ ပထမဆုံး ဖြန့်ဖြူးထုတ်ဝေသွားမှာဖြစ်ပြီး Baltimore, Philadephia, NewYork နှင့် Los Angeles မြို့ကြီးများကို နော်မှာဆက်လက်ဖြန့်ဝေသွားမှာဖြစ်သည်ဟု ဆိုပါသည်။
Koin mobile App ထွက်ရှိလာချိန်ကို သတိပေး စာ ရောက်ရှိစေလိုပါက meetkoin.com ယူသည့် website တွင် စာရင်းပေးသွင်းကာ စောင့်မျှော်နိုင်ကြမည်ဖြစ်သည်ဆိုခြင်းကို CNA မှ သတင်းရယူထားပါသည်။

 

By Sr.Lucia Thandar Aung, SJA

Add new comment

2 + 0 =