ကက်သလစ်ရဟန်းတော် အပါး (၁၀၀) ၊ မက္ကဆီကိုမယ်တော်ထံ စက်ဘီးဖြင့်ဘုရားဖူးခရီးပြု

ကက်သလစ်ရဟန်းတော် အပါး (၁၀၀) ၊ မက္ကဆီကိုမယ်တော်ထံ စက်ဘီးဖြင့်ဘုရားဖူးခရီးပြု

ကက်သလစ်ရဟန်းတော် အပါး (၁၀၀) ၊ မက္ကဆီကိုမယ်တော်ထံ စက်ဘီးဖြင့်ဘုရားဖူးခရီးပြု

Guadalajara ဂိုဏ်းချုပ်သာသနာမှ ရဟန်းတော် အပါး (၁၀၀) သည်မက္ကဆီကိုမယ်ထံသို့ စက်ဘီးဖြင့်ဘုရားဖူးခရီး ကို အောက်တိုဘာလ (၈) ရက်နေ့၌ ပြုကြမည်ဖြစ်ကြောင်း ဂိုဏ်းချုပ်သာသနာတော်ကြီး၏ အားကစားဖြင့်အမှုတော်သည့်ရုံးတော် မှတရား၀င်ကြေညာခဲ့သည်။

မက္ကဆီကိုမယ်တော်ကို ‘Zapopan’ မယ်တော်ဟုခေါ်သည်။ ဤခရီးသည် ကက်သီဒြယ်မှ (၅) မိုင်ခန့်‌ေ၀းသည်။ ယခုကဲ့သို့ပြုလုပ်ရခြင်းမှာမယ်တော်အားဂုဏ်ပြုလို၍ လည်းဖြစ်သကဲ့သို့ စက် ဘီးစီးနင်းခြင်းကိုစိတ်အားထက်သန်သော ရဟန်းတော်များကိုအားပေးလို၍လည်းဖြစ် ကြောင်း၊ ဤနည်းအားဖြင့်လည်း ဘုရားဖူးခရီးကိုစီစဉ်နိုင်ပြီး၊ ဘုရားဖူးရင်းလိပ်ဥလည်းတူးသကဲ့သို့ကျန်းမာရေးလည်းရ၊ သဘာ၀ရူခင်းများကိုလည်းခံ စားရပြီး၊ ဘုရားလည်းဖူးနိုင်ကြောင်း၊ အားကစားဖြင့်သာသနာပြုခြင်းဆိုင်ရာတမန်တော်လုပ်ငန်းကို လွန်ခဲ့သောလအနည်းငယ်ကစတင်ခဲ့ပြီး၊ လူသိမများလှသေး၍ ယခုကဲ့သို့ အားကစားကိုလည်း ၀ိညာဉ်ရေးအကျိုးအမြတ်အတွက်အသုံးပြုနိုင်ကြောင်းကို ဘာသာတူများအားသိရှိစေလိုခြင်းဖြစ်ကြောင်း ဂိုဏ်းချုပ်သာသနာ၏ အားကစားဖြင့်သာသနာပြု ဆိုင်ရာတာ၀န်ခံဖာသာရ် Emilio Fabián Santos Jiménez ကရှင်းပြခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNA

https://bit.ly/3BBOHEF

Add new comment

3 + 12 =