ကက်သလစ်ရသေ့သီလရှင်တစ်ပါးအဖြစ်ခံယူသည့်ဗွီဒီယိုမှတ်တမ်း လူမှုကွန်ယက်၌ ကြည့်ရှုသူအလွန်များခဲ့

ကက်သလစ်ရသေ့သီလရှင်တစ်ပါးအဖြစ်ခံယူသည့်ဗွီဒီယိုမှတ်တမ်း လူမှုကွန်ယက်၌ ကြည့်ရှုသူအလွန်များခဲ့

ပြီးခဲ့သော ဇန္န၀ါရီလ (၁၅) ရက်နေ့က ဖာတီမာမယ်တော် ကက်သလစ်ရသေ့သီလရှင်ဘ၀ကိုခံယူခဲ့သော စစ္စတာရ် Maria Angélica ၏ရသေ့သီလရှင်ဘ၀ကိုခံယူခဲ့သည်။ ထိုအခမ်းအနားကို ဗွီဒီယိုမှတ်တမ်းတင်၍ လူမှုကွန်ရက်၌ တင်လိုက်သည်။ သီလရှင်လောင်းသည် ထိုအခမ်းအနားအတောအတွင်း၌ ရွှင်ပြုံးနေပြီး၊ ပျော်ရွှင်နေသောဟန်ပန်များ ရှိသည့် လူမှုကွန်ယက်မှ ဗွီဒီယို သည် ကမ္ဘာတစ်၀ှမ်းမှ ၀င်ကြည့်သူများအား အံ့ဩမှင်သက်သွားစေခဲ့သည်ဟုဆိုသည်။

သူ၏ဆံကိုပယ်သည့်အခမ်းအနားကို လည်းသေချာစွာမှတ်တမ်းတင်ထားခဲ့ပြီး ထိုဗွီဒီယိုမှတ်တမ်းကို Michael Ledesma ဆိုသူကလူမှုကွန်ရက်ပေါ်တင်ပေး လိုက်သည့်အတွက် ကြည့်ရှုသူပေါင်း (၄၃၀၀၀၀) ဦးရှိခဲ့ကြောင်း၊ ငယ်ရွယ်သော်လည်း ရသေ့သီလရှင်ဘ၀ကို ပျော်ရွှင်စွာဖြင့်ဆက်ကပ် ခံယူခြင်းပုံရိပ်ကိုကမ္ဘာကြီးအားပြသနိုင်ခဲ့သောကြောင့်လည်း အလွန်ကြည်ညိုလေးစား ကျေးဇူးတင်ကြောင်းဆိုကြသည်။

ဤအ ခမ်းအနားကို ဘရာဇီးနိုင်ငံ၊ ဆန်ပေါင်းလိုပြည်နယ်၊ Itataré မြို့၌ကျင်းပခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3Om4KMu

Add new comment

12 + 6 =