ကက်သလစ်ဘုရားကျောင်းတော်ကြီးတစ်ကျောင်းပြီးခဲ့သောသောကြာနေ့ကထပ်မံအကြမ်းဖက်တိုက် ခိုက်ခံရ

ကက်သလစ်ဘုရားကျောင်းတော်ကြီးတစ်ကျောင်းပြီးခဲ့သောသောကြာနေ့ကထပ်မံအကြမ်းဖက်တိုက် ခိုက်ခံရ

ကက်သလစ်ဘုရားကျောင်းတော်ကြီးတစ်ကျောင်းပြီးခဲ့သောသောကြာနေ့ကထပ်မံအကြမ်းဖက်တိုက် ခိုက်ခံရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် Managua ဂိုဏ်းချုပ်သာသနာ ၏ကာဒီနယ် Leopoldo Brenes ထံသ တင်းတစ်ပေးပို့၍ ဂိုဏ်းချုပ်သာသနာ၏ကယ်သီဒရယ်မီးရှို့တိုက်ခိုက်ခံရခြင်းအတွက်စိတ်မကောင်းဖြစ် ရကြောင်း၊ ဆရာ တော်နှင့်ဘာသာတူသိုးစုများအားလုံးအတွက်ဆုတောင်းပေး လျှက်ရှိကြောင်း သတင်းစ ကားပါးလိုက်ပါသည်။ ဤသတင်း စကားကိုဂိုဏ်းချုပ်ဆရာတော်ကြီးက တနင်္ဂနွေနေ့မစ္ဆားတရားပူဇော် ခြင်းကို ဗွီဒီယိုလိုင်းမှတိုက်ရိုက်ထုတ် လွှင့်နေစဉ်ဘာသာတူများအားဖတ်ပြခဲ့သည်။ ထိုတနင်္ဂနွေနေ့ကို လည်း ‘တိတ်ဆိတ်စွာနှင့်ဆုတောင်းခြင်းသောနေ့’ အဖြစ်သတ်မှတ်ဆုတောင်းစေခဲ့သည်။ ဘုရား ကျောင်းကြီးသည် ပြီးခဲ့သည့်သောကြာနေ့ကဓာတ်ဆီဗုံးဖြင့်ပစ်ပေါက်မီးရှို့ခံခဲ့ရသည်။ ရဟန်းမင်းကြီး သည်နီကွာရာဂွာနိုင်ငံအတွက်ကိုလည်းအန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်နေစဉ်သတိရဆုတောင်းပေးခဲ့သည်။

 

Managua ဘုရားကျောင်းကြီးတိုက်ခိုက်ခံရခြင်း

အမည်မသိသောသူစိမ်းတစ်ဦးသည် ဘုရာကျောင်းကြီးထဲသို့၀င်ရောက်သွားပြီး၊ မီးတင်ရှိုခဲ့ရာဘု ရားကျောင်းအတွင်းရှိနှစ်ပေါင်း (၄၀၀) ရှိခရူးစူးကားတိုင်နှင့်အခြားသော၀တ္ထုများကိုမီးစွဲလောင်သွားခဲ့ သည်။ ယခုကဲ့သို့ပြုလုပ်ခြင်းသည် အစွန်းရောက်တို့၏လက်ရပ်တစ်ခုဖြစ်ဂိုဏ်းချုပ်ဆရာတော်ကသူ၏မ စ္ဆားတရား ၏ဩ၀ါဒအတွင်းဟော ကြားခဲ့သည်။ ဆရာတော်ကြီးသည် ရဟန်း မင်းကြီးဖရန်စစ်အား လည်းကျေးဇူးတင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော်ဘုရားကျောင်းကြီးမီးတင်ရှို့ခံလိုက်သည့်သတင်း ကြားသည်နှင့်စာတိုပေးပို့၍ စိတ်မကောင်းဖြစ်ကြောင်းရေး သားပေးပို့၍အားပေးစကားပြောကြားပေး ကြောင်း၊ ရဟန်းမင်း ကြီး၏အစ်ကိုကြီးတစ်ယောက်ကဲ့သို့လည်း ကောင်း၊ သူငယ်ချင်းတစ်ယောက်ကဲ့သို့ လည်းကောင်း ဆုတောင်းခြင်းဖြင့်အနီး ကပ်၌ နေ၍အားပေးခံရခြင်းသည်ယုံကြည်ခြင်းအပိုင်း ၌သော လည်းကောင်း၊ ရှေ့ဆက်ကြုံရမည့်အခြေအနေကိုမကြောက်မရွံ့လုပ်ဆောင်ရန်အတွက်လည်းအလွန် အားတက်စေကြောင်း၊ ဤအဖျက်အမှောက်ကိုဖော်ထုတ်နိုင်ရန်အတွက်အမျိုးမျိုးကြိုးစားလျှက်ရှိ ကြောင်းကာဒီနယ်ကပြောကြားပါသည်။ မက်က္ကဆီ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း ဤရာဇ၀တ်မူကိုထိတ်လန့်ဖွယ်လုပ်ရပ်ဟူ၍ လည်း ကောင်း၊ အလွန်နာကျင်ရသောအနာတရဟူ၍လည်း ကောင်း ထုတ်ဖော်ပြောကြားပြီးနောက် သဟဇတရှိရှိ ငြိမ်းချမ်းစွာနေထိုင်သွားရန်ကိုပန်ကြားခဲ့သည်။ ထို့အ တူအီကွေဒေါ၊ ပါနားမား၊ ကိုစတာရီကာနှင့်ဂွာတီမာလာတို့မှကက်သ လစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်များကလည်းထုတ်ပြန်ချက်အမျိုးမျိုးကိုကြေငြာခဲ့သည်။

ဤအဖျက်အမှောက်နှင့်ပတ်သက် ၍တစ်စိတ်တစ်၀မ်းတည်းရှိကြောင်း ထုတ်ဖော်ပသကြ ဤသို့ ဖြစ်ပျက်သွားသောကြောင့် ကမ္ဘာတစ်လွှားမှသော်လည်းကောင်း၊ မာဒရစ်ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ်ထံမှလည်းကောင်း၊ နီဂါရာဂွာနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စား လှယ်ထံမှလည်းကောင်း၊ သူတော် စင်အသင်းများမှလည်းကောင်း၊ ကက်သလစ်တက္ကသိုလ်များမှလည်းကောင်း အားပေးစာများ၊ စ ကားများ၊ ဆုတောင်းပေးသည့်သတင်းများစွာကိုလက်ခံရရှိကြောင်း၊ ထို့အတူနီဂါရာဂွာနိုင်ငံမှဘာသာတူ များလည်း မိမိတို့၏ အိမ်၌မလ္လင်များတည်ဆောက်၍ ကာဒီနယ်၏တိုက်တွန်းချက်အ တိုင်း တနဂ်နွေနေ့ ကို ‘တိတ် ဆိတ်စွာဆုတောင်းခြင်းနေ့အဖြစ်’ ပါ၀င်ဖြတ်သန်းခဲ့ကြသည်။ လက်ရှိအနေ အထား၌ ဘုရား သခင်၏နှုတ်တော်ထွက်စကားသည်အကူအညီနှင့်နှစ် သိမ့်ခြင်းဖြစ်သည်ကြောင်း၊ အခြားသောအချိန် ထက်လက်ရှိ၌ ဘုရား သခင်သည်ကျွန်ုပ်တို့၏ခွန်အားဖြစ် သည်။ ကာဒီနယ်က ဤအကြမ်း ဖက်လုပ်ရန်ကို ကျူးလွန်သူအားလည်းခွင့်လွှတ်ရန်၊ ကက်သလစ်သာသနာတော်ကြီးအားမလိုမုန်း ထားသူများသည်သာ သနာတော်ကြီး၏ဘာသာရေး၀တ္ထုပစ္စည်းများကိုဖျက်လိုဖျက်ဆီးပြုကြပေမည်။ သို့သော်ကျန်ုပ်တို့ကိုချစ် သော၊ သနားသော၊ ချစ်ခြင်း၊ သနားခြင်း၏ဘုရားဖြစ်သောကျွန်ုပ်တို့၏ဘုရားသခင်ကိုသာမှီခိုဖက်တွယ် ကြစို့။

အစောပိုင်းကလည်းဘုရာကျောင်းများကိုတိုက်ခိုက်ဖျက်ဆီးခဲ့မူများရှိခဲ့

ယခုကဲ့သို့ဖျက်ဆီးခြင်းသည် ပထမတစ်ကြိမ်မဟုတ်ပေ။ ဇူလိုင် (၂၇) ရက်၌ Veracruz မြို့ရှိ ကာလ်မဲမယ်တော် ဘုရားကျောင်းဆောင်ငယ်၏ကိုယ်တော်မြတ်ဗိမာန်တော်ကိုမြေပေါ်၌ပစ်ချဖျက်ဆီး ထားခဲ့သည်။ ဇူလိုင် (၂၉) ရက်ကလည်းအမည်မသိသောသူများက Nindirí မြို့ရှိစဉ်ကူညီတတ်သော မယ်တော်ဘုရားကျောင်းဆောင်ငယ်ကိုလည်းကောင်းဖျက်ဆီးခဲ့ကြသည့်ရာဇ၀င်ရှိခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2PruCuE

Add new comment

4 + 2 =