ကက်သလစ်ဘာသာ၀င်များအား အစာရှောင်ဆုတောင်းပေးကြပါရန် ခရိုအေးရှားမှ ဆရာတော်များ တောင်းဆို

ကက်သလစ်ဘာသာ၀င်များအား အစာရှောင်ဆုတောင်းပေးကြပါရန် ခရိုအေးရှားမှ ဆရာတော်များ တောင်းဆို

ပြီးခဲ့သော ဒီဇင်ဘာ (၂၉)ရက် အင်္ဂါနေ့က ခရိုအေးရှားနိုင်ငံတွင် ၆.၄ ပြင်းအားရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ(၇)ဦး သေဆုံးခဲ့ပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့ရာ Sisak သာသနာ ၏ဆရာ တော် Valdo Kosicမှ သာသနာအတွင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ ကက်သလစ်များအား ဒီဇင်ဘာ (၃၀) နှင့် (၃၁) နှစ်ရက်အား အစာရှောင်ကာ ဆုတောင်းပေးကြပါရန် မေ တ္တာရပ်ခံခဲ့သည်။

“ကာသီဒြယ်ဘုရားကျောင်းအပါအ၀င် အခြားသောဘုရားကျောင်းပေါင်း (၁၂)ခန့် ဆုံးရှုံးခဲ့ရပြီး ကျန်ဘုရားကျောင်းများလည်း များစွာထိခိုက်မှုရှိခဲ့ကြောင်း၊ ယခုအခြေအနေများအား ခံနိုင်ရည်ရှိရန်အ တွက် ခွန်အား နှင့် စိတ်ထိခိုက်ဖွယ်ရာ အခြေအနေ၌ ဆက် လက်ပြီး စည်းစည်းလုံးလုံးရှိကြရန် ဆုတောင်းကြောင်း” ဆရာတော်ဘုရားမှ ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှလည်း ဗုဒ္ဓဟူးနေ့က ပရိသတ်နှင့် အန်ဂျေလူးမေ တ္တာဆိုနေချိန်တွင် ခရိုအေးရှားရှိ ငလျင်ဒဏ်ခံရသူများ

နှင့် အတူရှိနေကြောင်းနှင့် အသက်ဆုံးခဲ့ရသူများနှင့် သူတို့၏မိသားစု၀င် တစ်ဦးချင်းစီအတွက် ဆုတောင်းပေးကြောင်း ပြောကြားခဲ့ကာ “နိုင်ငံ၏ တာ၀န်ရှိပုဂ္ဂိုလ်များသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ချစ်ခင်လေးစားရပါသော ခရိုအေးရှားပြည်သူများ၏ ဒုက္ခအခက်အခဲများအား သက်သာလျော့ပါးစေရန် ပြုလုပ်မည်ဟု မျှော်လင့်ကြောင်းလည်း” ပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of Ksenija Abramović/Laudato TV

https://bit.ly/350OEUQ

Add new comment

1 + 13 =