ကက်သလစ်ဘာသာ၀င်များနှင့်လူသာရင်ဘာသာ၀င်များပြန်လည်ပေါင်းစည်းခြင်းအ တွက်လုပ်ဆောင်ကြရန်ဆုံး ဖြတ်

ကက်သလစ်ဘာသာ၀င်များနှင့်လူသာရင်ဘာသာ၀င်များပြန်လည်ပေါင်းစည်းခြင်းအ တွက်လုပ်ဆောင်ကြရန်ဆုံး ဖြတ်

ပုပ်ရဟန်းမင်းကြီး၏ ခရစ္စယာန်များပြန်လည်ပေါင်း စည်းညီညွှတ်ရေးဆိုင်ရာ ရုံးတော်နှင့်ကမ္ဘာတစ်ဝှမ်းရှိလူသာရင် ခရစ်ယာန်ဖယ်ဒရယ်အဖွဲ့တို့ပူးပေါင်း၍သမိုင်း၀င်သောကြေညာချက်တစ်စောင်ကို ဇန္န၀ါရီလ (၃) ရက်နေ့ကထုတ်ပြန် ခဲ့သည်။

ထိုကြေညာချက်သည် ‘ဖြောင့် မတ်ခြင်း’ နှင့်ဆိုင်သောသွန် သင်ချက်ဖြစ်သည်။

ကြေညာချက်ထုတ်ပြန်ခဲ့သောနေ့ ၏ပြက္ခဒိန်ကိုပြန်လှန်ကြည့်ပါက ယခုနှစ်သည် တစ်ခုတည်းသောအမိကက်သလစ်သာသနာတော်ကြီးမှခွဲထွက်၍ လူသာရင်အသင်းကိုတည် ထောင်ခဲ့သော ‘မာတင်လူသာ အား excommunication (သာသနာမှပလိုက်ခြင်း) လုပ်လိုက်သည့် နှစ် (၅၀၀) ပြည့်နှစ်ပတ်လည်ဖြစ်သည်။ ဤနှစ်ပတ်လည်နှစ်ကိုကြိုဆိုသောအားဖြင့် ပုပ်ရဟန်းမင်း ကြီး၏ ခရစ္စယာန်များပြန် လည်ပေါင်းစည်းညီညွှတ်ရေးဆိုင်ရာ ရုံးတော်နှင့်ကမ္ဘာတစ်ဝှမ်းရှိလူသာရင်ခရစ်ယာန်ဖယ်ဒရယ်အဖွဲ့တို့မှပူးပေါင်း ၍ပြန် လည်ပေါင်းစည်းရန်အဟန့်အတားဖြစ်နေသောအ ချက်များကိုအတူတကွအမြင်ဖလှယ်ကာ ပြန်လည်စုစည်းနိုင်ရေးဆီသို့ဦးတည် လုပ် ဆောင်ကြမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3i9pEQu

Add new comment

5 + 8 =