ကက်သလစ်ဘာသာတူတစ်ဦးအနေဖြင့် သင်ဤအကြောင်းအရာကိုသိထားပါသလော။

ကက်သလစ်ဘာသာတူတစ်ဦးအနေဖြင့် သင်ဤအကြောင်းအရာကိုသိထားပါသလော။

ကက်သလစ်ဘာသာတူတစ်ဦးအနေဖြင့် သင်ဤအကြောင်းအရာကိုသိထားပါသလော။

          ဤအကြောင်းအရာများသည် မသိ၍လည်းဘာမျှမဖြစ်ပါ။ ဤအကြောင်းအရာများကို မသိ၍လည်း ကယ်တင်ခြင်းဆုံးရှုံးစရာအ ကြောင်းမရှိပေ။ သို့သော် အိမ်‌ထောင်သားမွေးပြုခြင်းသည် စက္ကရာမင်တူးတစ်ပါးဖြစ်၍ ကံယုံ၍မီးပုံထဲခုန်ချ၍မရ။ အိမ်ထောင်ဖက် ကောင်း၊ မိမိအားလည်းကောင်း၊ မိမိ၏မိဘအားလည်းကောင်း၊ အကယ် ၍ သက်၀င်ယုံကြည်မှုမတူခဲ့သော မိမိ၏ဘာသာတရားလည်း ကောင်း တန်ဖိုးထား၊ နားလည်ပေးသော အိမ်ထောင် ဖက်ကိုရွေးချယ်ရန်မှာ မိမိကိုယ်မိမိတန်ဖိုးထားသူတစ်ဦးအနေဖြင့် အလွန်အရေးကြီး ပါသည်။ တောင် ယာခုတ်မှား သည်မှာတစ်နှစ်၊ အိမ်ထောင်ဖက်ရွေးမှာလျှင် တစ်သက်ဟုလည်းရှေးလူကြီးတို့ကဆိုပါသည်။ ယနေ့ခေတ်လူ ငယ်များကြား၌ ပထမအိမ်ထောင်သည် အစမ်း၊ ဒုတိယအိမ်ထောင်မှတည်သဘောမျိုးပင်ဖြစ်လာနေသည်။ ကက် သလစ်ဘာသာ၀င်များ အဖို့ လက်ထပ်ထိမ်းမြှားခြင်းသည် ပေါ့ပျက်ပျက်အရာမဟုတ်။ အလေးထား ရမည် ဖြစ် သည်။ အိမ်ထောင်ဖက်ကို အရွေးမှန်စေရေးသည် လည်းဘာသာရေးအနစ်သာရကိုနွယ်စေသည်။ ရွေးချယ် နိုင်ရေး ဘုရားသခင်၏လမ်းပြမှုကို ရဟန္တာများ၏အကူအညီကိုတောင်းခံသင့် သည်။ ကက်သလစ် ဘာသာတူ များအဖို့ အိမ်ထောင်ဖက်များကိုမှန်ကန်စွာရွေးချယ်ရာ၌ အားကိုးဆည်းကပ်သင့်သောရဟန္တာ ဘယ်နှစ်ပါး ရှိသည် ကို သင် သိပါသလော။ စာရေးသူလည်းမသိပါ။ စာရေးသူကဲ့သို့မသိသေးသောသူများအဖို့ ရည်ရွယ်၍ ရှာဖွေ တင်ပြ လိုက်ပါသည်။

          အရွယ်ရောက်လာ၍ အိမ်ထောင်ပြုကြတော့မည့် အမျိုးသား၊ အမျိုးသမီးများအနေဖြင့် မိမိတို့၏ ဘ၀ လက် တွဲဖော်ကို အိမ်ထောင်မ ပြုမီကပင် ကြိုတင်၍လေ့လာရွေးချယ်ရပါသည်။ လူ့အသိဉာဏ်ဖြင့်သာဆိုလျှင် အရွေးမှား တတ်၊ လွှဲတတ်သည်။ အိမ်ထောင်ဖက်ရွေးချယ် ရာ၌ ကူညီဆုတောင်းပေးရန်အားကိုးသင့်သော ရဟန္တာ (၃) ပါးရှိ ပါသည်။ ၄င်းတို့မှာ

 

၁) စိန့်အန်ဒရရူး၊

၂) စိန့်ဂျိုးဇက်၊

၃) စိန့်ပါရာစကေးဗာ (St. Paraskeva) တို့ဖြစ်ကြသည်။

 

၁) စိန့်အန်ဒရူး

          စိန့်အန်ဒရူးသည် ယေဇူးသခင်၏တပည့်တော်အဖြစ် ပထမဦးဆုံးအခေါ်ခံရသော တပည့်တော် (၂) ပါးအနက် တစ်ပါးဖြစ်သည်။ သူ သည် အလွန်ကြင်နားတတ်သော ရဟန္တာအဖြစ်လူသိများသည်။ ဘ၀၏မသေ ချာမရေရာသောအချိန်နှင့်ကြောက်ရွံ့ထိတ်လန့်ရချိန်များ၌ ကူညီလမ်းပြပေးသူဖြစ်သည်။ သူသည်သူ၏ညီဖြစ်သူ ပေတရုအား ယေဇူးသခင်ထံသို့အရောက်ပို့ဆောင်ပေးသကဲ့သို့ လူတစ်ဦး၏ဘ၀၌ မှန် ကန်သော ဆုံးဖြတ် ချက်ကိုချမှတ်နိုင်ရန် ကူညီပို့ဆောင်ပေးသည်။ သူသည် ပြတ်သားသည်။ ရိုးသားသည်။ စိန့်အန်ဒရူး၏ပွဲနေ့သည် နို၀င် ဘာလ၏နောက်ဆုံးရက်ဖြစ်သကဲ့သို့၊ နို၀င်ဘာလသည် အမိကက်သလစ်သာသနာတော်ကြီး၏ တစ်နှစ်တာ ၀တ်ပြုခြင်းပြီးဆုံးသည့်အချိန် လည်းဖြစ်သည်။ ထို့ကြောင့် သူသည် ‘အစကောင်းခြင်း၏နိမိတ်ပုံရိပ်ပေးသူ’ အဖြစ်လည်းသတ်မှတ်ကြသည်။ စိန့်အန်ဒရူးသည် အမျိုးသ မီးများအား အိမ်ထောင်ဖက်ကောင်းများ မှန် ကန်စွာ ရွေးချယ်ရာ၌ ကူညီမှိုင်းမပေးသော ရဟန္တာအဖြစ်ကိုးစားကြသည်။ သူ့အား အိမ် ထောင်ဖက်ရွေးချယ်ရာ၌ ကူညီမှိုင်း မသူဟုသတ်မှတ်ကိုးစားရခြင်းမှာ သူ၏အမည်သည်ပင် ‘manly’ (ယောကျာ်းကောင်း) ဟုအဓိပ္ပါယ် ရသည်။ ဖြစ်နိုင် ချေရှိသောအခြားအကြောင်းတစ်ရပ်မှာ စိန့်အန်ဒရူးသည် ယေဇူးသခင်၏သာသနာတော်ကြီး၌ ပထမဦး ဆုံးသောရဟန်း မင်းကြီးဖြစ်လာမည့်သူကို ရှာဖွေပေးနိုင်ခဲ့သောကြောင့်လည်းဖြစ်နိုင်သည်။ စိန့်အန်ဒရူးအား အိမ် ထောင် ဖက်ရွေးချယ်ရာတွင် ကူညီမှိုင်းမ သူအဖြစ် ကိုးစားခဲ့ကြသည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ဥရောပ အရှေ့ပိုင်း နိုင်ငံများ၌ စိန့်အန်ဒရူး၏ပွဲနေ့မတိုင်မီတစ်ည၌ အ ချစ်စစ်အချစ်မှန်ဖြင့်ချစ်မည့် ချစ်သူကို တောင်တွေ့ ရှိနိုင်ရန်ဆုတောင်းသောညဖြစ်သည်။ ၄င်းတို့သည် မည်သည့်အချိန်၊ အဘယ်သို့လက် ထပ်ကြမည်၊ မည်သူနှင့် လက်ထပ်မည်စသည့်ဆုတို့ကိုတောင်းခံကြသည်။ ရှေ့ယခင်က ၄င်းတို့၏အဖြေကိုသိရန် အရည်ကြိုထားသောဖ ယောင်းကို ရေဖြည့်ထားသောဇလုံထဲသို့အစက်ချသည်။ ထွက်ပေါ်လာသော ပုံသဣာန်ကိုကြည့်၍ မိမိတို့လိုရာ အနက်ပြန်ဆို ကြသည်ဟု ဆိုပါသည်။ သို့သော် ယနေ့ခေတ်၌မှု နို၀င်ဘာလ (၂၁) မှ (၂၉) ရက်နေ့အထိ နို‌ ဗီနာကိုး ကြသည်။             

၂) စိန့်ဂျိုးဇက်

          စိန့်ဂျိုးဇက်ကို မကြည်ညိုနိုင်စရာမည်သည့်အကြောင်းမျှမရှိပါ။ သူသည် ယေဇူးသခင်၏ အထိန်းတော်နှင့် အလွန်ချစ်ရသော သင် ကြားပြသပေးသူဖြစ်သည်။ စိန့်ဂျိုးဇက်သည် လက်ထပ်ထိမ်းမြှား ခြင်းစက္ကရာ မင်တူးကိုခံ ယူရန်ပြင် ဆင်နေသောသူများအဖို့ အကောင်းဆုံး မိတ်ဆွေတစ်ဦးလည်းဖြစ်သည်။ သူ၏အိမ်ထောင် အသက်တာ ဘ၀၌ စိန်ခေါ်မှု၊ မေးခွန်းများစွာနှင့်စိုးရိမ်စရာများဖြင့်ပြည့်နေခဲ့သည်။ ယုံ ကြည်ခြင်းနှင့် ဘုရားသခင် ၏ကောင်း ကြီးတော်ဖြင့် အကောင်းဆုံးရှင်သန်ဖြတ်သန်းခဲ့သည်။ အပြစ်အကြေးအညှော်မှကင်းသော ခင်ပွန်း တော်အဖြစ် ထူးခြားစွာရွေးချယ်ခံရသကဲ့သို့ စိန့်ဂျိုးဇက်သည် ဘ၀ကိုပျော်ရွှင်စွာ၊ ကျေးဇူးတော်နှင့်ပြည့်သောအိမ်ထောင်ဖြစ်ရန် အဘယ် သို့သောပါရမီမျိုးဖြင့် ရှင်သန်ရမည်ကိုကောင်းစွာသိသည်။ စိန့်ဂျိုးဇက်အား တရားမျှတသူ၊ စင်ကြယ်သူ ဘုရား သခင်၌ နက်ရှိုင်းစွာယုံကြည် သူအဖြစ်လည်းလူသိများသည်။ ဘုရားသခင် လူတစ်ဦးတစ်ယောက်၌ ကောင်း မြတ်ခြင်းတစ်ခုကိုပြုလုပ်ရန် ဘုရားသခင်၌ ယုံကြည်ခြင်းအ ဘယ်ထားရှိရန်လိုအပ်ကြောင်းကိုကောင်းစွာသိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀၌ တရားသောအမူကို အချိန်ယူလုပ်ဆောင် ကြောင်းကိုလည်းသူသိသည်။ စိန့် ဂျိုးဇက်သည် သူ၏ဘ၀၌ ဘုရားသခင်၏အလိုတော်ကို လုံး၀ဥသုန်အပ်နှံယုံကြည်သကဲ့သို့အိမ်ထောင် ဖက် ရွေး ချယ် ခြင်းနှင့်ပတ်သက်၍ စိန့်ဂျိုးဇက်ထံအပ်နှံထားလိုက်ပါ။ သည်တစ်ခုခုကိုဆုံးဖြတ်ရာ၌ ဆုံးဖြတ်ချက် အလွန် မှန် ပြီး၊ ပြတ်သား သည်။ လ၏ပထမဗုဒ္ဓဟူး (၉) လတိုင်တိုင်ကိုးစားပါက ဘ၀လက် တွဲဖော် ကိုမှန်မှန် ကန် ကန် စီစစ် ရွေးချယ်နိုင်ပေလိမ့်မည်။ ဗုဒ္ဓဟူးနေ့တိုင်း သည် စိန့်ဂျိုးဇက် နေ့အဖြစ် သတ်မှတ် ထားသည်။ သူ့အား ကိုး စား အပ်နှံထားပါက ဘ၀၏နံရိုးပိုင်ရှင်အမှန်အကန်ကိုပိုင်ဆိုင်နိုင်ပေလိမ့်မည်။          

၃) စိန့်ပါရာစကေးဗာ

          ဤရဟန္တာမကို လာတင်း၀ိနည်းကျင့်သုံးသောအနောက်တိုင်း၌ အလွန်လူသိနည်းသူ၊ မေ့လျော့ခံရ သူဖြစ် သည်။ သူသည် အရာရာ ကိုကူညီရန်အသင့်ရှိသည်။ သူသည်အလွန်ကောင်းသော အမျိုးသမီးများ စွာကို သိသည်။ သူ သည် တွဲပေးရုံသက်သက်မဟုတ်ဘဲ၊ ဘာသာတ ရားနှင့်ညီလျှော်စွာ ဖက်စပ်ပေးလေ့ရှိသည်။ အမျိုး သား များ အနေဖြင့် မိမိတို့၏ဘ၀လက်တွဲဖော်လိုအပ်ကြောင်း သူ့အားအသိပေးပါက သင့်အားနှစ်သိမ့်ပေးမည်။ အား ပေး လိမ့်မည်။ အံ့အားသင့်စေလိမ့်မည်။ သူသည် ကညာစင်ဓမ္မအာဇာနည်တစ်ပါးဖြစ်သည်။ သို့သော် များ သော အားဖြင့် သူ့အား လက်ထပ်ထားသော ကလေးမိခင် အိမ်ထောင်ရှင်မအဖြစ် နှစ်ပေါင်းများစွာအမှတ်မှားခဲ့ကြသည်။ အိမ် ထောင်ရှင်မ ကောင်းကိုလိုက်ရှာနေသော အမျိုးသားများအားကူညီပေးလေ့ရှိသည်။ စိန့်အန်ဒရူးကမှု အိမ် ထောင်ဖက်အမျိုးသားများကို ရှာဖွေနေသော အမျိုးသမီးများအား ပို၍ကူညီပေးလေ့ရှိသည်။ ‘ပါရာကေဗာ’ ၏ အနက်ကား ‘သောကြာနေ့ (သို့) ပြင်ဆင်ခြင်း’ ဟုဖြစ်သည်။ အမျိုးသား တစ်ဦးအနေဖြင့် မိမိ၏ အိမ် ထောင်ဖက်ကိုမှန်ကန်စွာရွေးချယ်နိုင်ရန် စိန့်ပါရာ‌ကေဗာ ၏မှိုင်းမမူကိုခံယူပါက ‘သောကြာ (၉)’ ရက်ဆက် တိုက် ဆုတောင်းခြင်း၊ အစားရှောင်ခြင်းကိုပြုလုပ်ပါ။ ထို့နောက် ကိုယ်တော်မြတ်ပင့်ယူပါ။ တစ်ပတ်ဆီ အတွက် ကျင့် စဉ်တစ်ခုခုကိုကြိုတင် ရွေးချယ်ထားပါ။ ထို့ကြောင့် ကက်သလစ်ဘာသာတူတစ်ဦးအနေဖြင့် မိမိ၏ ခေါ် တော်မှုခြင်းသည် အိမ်ထောင်သည်ဖြစ်ပါက မှန်ကန်သော အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်ရန် ဤရဟန္တာ (၃) ပါးကို ကိုးစားလိုက်ပါ။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3H6nAUc

 

Add new comment

5 + 5 =