ကက်သလစ်နှင့်ဩသော‌ဒေါ့ခရစ်ယာန်များပါစကားပွဲရက်ကိုဘုံသတ်မှတ်ကျင်းပရေးဗာတီကန်မှကာဒီနယ်ထောက်ခံ

ကက်သလစ်နှင့်ဩသော‌ဒေါ့ခရစ်ယာန်များပါစကားပွဲရက်ကိုဘုံသတ်မှတ်ကျင်းပရေးဗာတီကန်မှကာဒီနယ်ထောက်ခံ

ကက်သလစ်နှင့်ဩသော‌ဒေါ့ခရစ်ယာန်များပါစကားပွဲရက်ကိုဘုံသတ်မှတ်ကျင်းပရေးဗာတီကန်မှကာဒီနယ်ထောက်ခံ

          ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းဆိုင်ရာရဟန်းမင်းကြီး၏ရုံးတော်တာ၀န်ခံ ကာဒီနယ် Kurt Koch  က ကက်သလစ်နှင့်ဩသောဒေါ့ခရစ်ယာန်များ ပါစကားပွဲကိုတစ်ရက်တည်း၌သတ်မှတ်ကျင်းပသည့်အကြံပြုချက်ကိုသဘော တူထားသည်။ ကမ္ဘာ့ခရစ်ယာန်အသင်းတော်များကောင်စီ၌ ကွန်စတန်တီနိုပယ်ရှိခရစ်ယာန်များအားကိုယ်စားပြုသော ကိုယ်စားလှယ် တစ်ဦးက ‘ခရစ်ယာန်များအားလုံး ပါစကားပွဲနေ့ကိုတစ်ရက်တည်းသတ်မှတ်ကျင်းပခြင်းသည် ခရစ်ယာန် များပေါင်းစည်းခြင်းကိုအားပေးရာရောက်သည်’ ဟုပြောကြားခဲ့သည်။

          Telmessos မှဩသော‌ဒေါ့ဇ်ဂိုဏ်းချုပ်ဆရာတော် Job Getcha က(၂၀၂၅) ခုနှစ်သည် ခရစ်ယာန်များ စည်းလုံးရေးအတွက် နိုင်ဆင်းမြို့၌ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် (၁၇၀၀) ပြည့်နှစ်ပတ်လည်နှစ်လည်းဖြစ်သည်။  ထို့ ကြောင့်ယခုအကြံပြုတင်ပြချက်အတိုင်းဖော်ဆောင်နိုင်ပါကအလွန်ကောင်းပေမည်’ ဟုပြောကြားခဲ့သည်။ ဆွီစ်သတင်းဌာန Kath.ch ၏မေးမြန်းချက်ကိုဖြေကြားရာတွင် ကာဒီနယ် Kurt Koch က တင်ပြချက်ကိုကြိုဆိုကြောင်း၊ နိုင်ဆင်းအ စည်းအ‌ဝေး၏နှစ်ပတ်လည်နှစ်ပတ်လည်လည်းဖြစ်သောကြောင့် ပို၍အနစ်သာရရှိသောအပြောင်းအလဲတစ်ခုကိုပြု လုပ်ရန်အခွင့်အခါသင့်ကြောင်းဖြေကြားခဲ့သည်။ ပထမဦးဆုံးသောနိုင်ဆင်းအစည်းအ‌ဝေးကြီးကို (၃၂၅) ခုနှစ်ကကျင်း ပခဲ့သည်။ ထိုအစည်းအ‌ဝေး၏ဆုံးဖြတ်ချက်မှာ နွေဦးစသောလ၏လပြည့်နေ့အလွန်ကျရောက်သော ပထမတနဂ်နွေနေ့ ၌ကျင်းပရန်ဖြစ်သည်။ ထိုအချိန်မှာ မတ်လ (၂၂) ရက်၀န်းကျင်ဖြစ်နိုင်ပြီး၊ မည်သို့ပင်ဆိုစေ ဧပြီလ (၂၅) ရက်ထက်နောက် မကျအောင်ကျင်းပရမည်ဖြစ်သည်။          

          မျက်မှောက်ဩသောဒေါ့ဇ်ခရစ်ယာန်များသည် ဂျူလီယံပြက္ခဒိန်ကိုလိုက်၍ ပါစကားပွဲကျင်းပရန်ရက်ကိုတွက်ချက် သည်။ ကက်သလစ်ခရစ်ယာန်များမှာမူ (၁၅၈၂) ခုနှစ်၌ စတင်ခဲ့သောဂရေဂေါ်ရီယံပြက္ခဒိန်ကိုသုံးလေ့ရှိသည်။ ကမ္ဘာပေါ်၌ လည်းအသုံးများသောပြက္ခဒိန်လည်းဖြစ်သည်။ ဂျူလီယံပြက္ခဒိန်သည် တစ်နှစ်တာကိုအနည်းငယ်ပိုရှည်ကြာအောင်တွက် ချက်ထားသည်။ ဂရေဂေါ်ရီယံပြက္ခဒိန်ထက် (၁၃) ရက်ပိုသည်။ ရဟန်းမင်းကြီး၏ရုံးတော်တာ၀န်ခံ ကာဒီနယ်အနေဖြင့် ဂိုဏ်းချုပ်ဆရာတော် Job von Telmessos တင်ပြလာသောအချက်ကိုအချက်ကိုကြိုဆိုပါကြောင်းနှင့်အပြုသ ဘောဆောင်သောတုန့်ပြန်မူမျိုးထွက်ပေါ်လာမည်ဟုလည်းမျှော်လင့်ကြောင်း၊ မူအရလွယ်ကူသယောင်ရှိသော်လည်း လက် တွေ့၌မူအတော်ကြိုးစားညှိနှိုင်းဆွေးနွေးယူရပေမည်။ သို့သော်အကျိုးရှိသောလုပ်ရပ်လည်းဖြစ်ပါသည်။ ဤအကြံပြုချက် ကိုရဟန်းမင်းကြီးလည်းအလွန်သဘောတွေ့စေသကဲ့သို့၊ ကော့တစ်ပ်ဆရာတော် Tawadros အားလည်းတူညီသောခံ စားချက်မျိုးကိုဖြစ်ပေါ်စေပါသည်။  ဩသော‌ဒေါ့ဇ်ဂိုဏ်းချုပ်ဆရာတော် Getcha ကဤတင်ပြချက်ကို (၁၉၉၇) ခုနှစ်ခန့် က ကမ္ဘာ့ခရစ်ယာန်အသင်းတော်ကောင်စီကတင်ပြခဲ့ဖူးကြောင်း၊ သို့သော်နိုင်ဆင်းအစည်းအ‌ဝေးကြီးမှချမှတ်ထားသော စံအတိုင်လိုက်ကြရန်သာဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်အထမမြောက်ခဲ့ပေ။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Daniel Ibáñez/CNA

http://bit.ly/38PG9xO

Add new comment

1 + 7 =