ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအနေဖြင့် တရားသောဘက်၌ ရပ်တည်ရန် တာဝန်ရှိ

ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအနေဖြင့် တရားသောဘက်၌ ရပ်တည်ရန် တာဝန်ရှိ

(14.3.2021)

မြန်မာနိုင်ငံတွင် ယခု လတ်တလော ဖြစ်ပွားနေသော အခြေအနေများမှ အမြန်ဆုံးငြိမ်းချမ်းရန်အတွက် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ အတူတကွ စုပေါင်းဆုတောင်းခြင်းကို မတ်လ (၁၄) ရက်နေ့ ၊ ယနေ့ နံနက် (၉း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ မန္တလေးမြို့ ရွှေနှလုံးတော် ကက်သီဒြယ် ဘုရားကျောင်း၌ ပြုလုပ်ခဲ့ပါသည်။

စုပေါင်းဆုတောင်းခြင်း အစီအစဉ်တွင်  Fr.Richard Hla Min Oo မှ ဩဝါဒမြွတ်ကြားရာ၌ ‘’ အပြစ်နှစ်မျိုးရှိကြောင်း ၊ Individual Sin နှင့် Social Sin ဟူ၍ နှစ်မျိုးရှိကြောင်း ၊ Individual Sin ဆိုသည်မှာ ကိုယ်တိုင်တစ်ဦးချင်းပြုသည့်အပြစ် မိမိကိုယ်တိုင် ဆဲဆို ရိုက်နှက်ခြင်းသည် ဖြစ်ကြောင်း ၊ Social Sin ဆိုသည်မှာ   မတရားသော အဖွဲ့တစ်ဖွဲ့မှ လုပ်နေသည့် အပြစ်ထဲမှာ မိမိက သိသိရက်နှင့်  ပါဝင်နေခြင်း ဖြစ်ကြောင်း ၊ ၎င်းအပြစ်နှစ်မျိုးတွင် Social Sin သည် ပို၍ ကြီးလေးသော အပြစ်ဖြစ်ကြောင်း ‘’ များကို ဥပမာများနှင့်တကွ ရှင်းပြခဲ့ပြီး '' ကက်သလစ်ခရစ်ယာန် ဘာသာဝင်များအနေဖြင့် တရားသော ဘက်၌ ရပ်တည်ရန် တာဝန်ရှိ ‘’ သည့်အကြောင်းများကို    မြွတ်ကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ဘာသာဝင်များအနေဖြင့် ငြိမ်းချမ်းစွာ စုပေါင်းဆုတောင်း လမ်းလျှောက်ခြင်းအစီအစဉ်များကို လေးကြိမ်တိုင်ပြုလုပ်ခဲ့ပြီး ယခုအခါ အခြေအနေ အရပ်ရပ်ကြောင့် ဘုရားကျောင်းအတွင်း၌ စုပေါင်းဆုတောင်းခြင်းကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီရရှိသည့်အချိန်ထိ ယခုလို စုပေါင်းဆုတောင်းခြင်းကို မကြာခဏ ဆက်လက် လုပ်ဆောင်နေမည်ဟု ဆုတောင်းပွဲတွင် ပါဝင်သူတစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။  

News By – Pinky

#RVAMYANMAR #rvapastoralcare #Prayer #SaveMyanmar

Add new comment

5 + 2 =