Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကက်သလစ်ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များက တောင်းပန်ညှိနှိုင်းပေးနေသည့်ကြားမှ ရဲနှင့်စစ်က လူနှစ်ဦးသေဆုံးသည်အထိ ဆန္ဒပြသပိတ်အား ဖြိုခွင်းခဲ့
ပြည်သူများအား အကြမ်းမဖက်ရန် ကက်သလစ်ခရစ်ယာန် ဘာသာရေး ခေါင်းများက တောင်းပန်ညှိနှိုင်းပေးနေသည့်ကြားမှ ရဲနှင့်စစ်က လူနှစ်ဦးသေဆုံးသည်အထိ ဆန္ဒပြသပိတ်အား ဖြိုခွင်းခဲ့
မြစ်ကြီးနား ၊ မတ်(၈)
မတ်လ(၈)ရက်နေ့ကမြစ်ကြီးနားမြို့တွင်ဆန္ဒပြသပိတ်စစ်ကြောင်းအားလူစုသည့်နေရာတွင်လိုက်လံဖြိုခွင်းနေ သော ရဲနှင့်စစ်အား မြစ်ကြီးနား ကက်သလစ်သာသနာမှ စစ္စတာရ် ရိုစ့် မှ ပြည်သူများအပေါ် အကြမ်းမဖက်စေ ရန်အတွက်လိုက်လံတောင်းပန်းနေမှုကြောင့်မြစ်ကြီးနားကက်သလစ်သာသနာမှ ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန် (ငြိမ်း) လည်း အတူလိုက်သွားခဲ့သည်ဟု သိရှိရပါသည်။
ဆရာတော်ကြီး အနေဖြင့် ရဲများနှင့် မည့်ကဲ့သို့ ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သလဲ ဟုမေးမြန်းကြည့်ရာ ဆရာတော်က
“ ဒီမြစ်ကြီးနားအောင်နန်းဘုရားကျောင်းဝင်းနားမှာ ရဲနှင့်စစ်တပ်က လိုက်ဖမ်းလို့ ဘုရားကျောင်းရှေ့ လမ်းမှာလူတွေများလာတာနဲ့ ဆေးခန်းရှေ့ ညောင်ပင်အောက်မှာ Sr. Nu Tawng (SFX) သွားပြီးဘာမှ မလုပ်ဖို့ တောင်းပန်နေတယ်ကြားလို့ ကျွန်တော်နဲ့ Sr. John Paul(SFX)တို့လည်းလိုက်သွားပြီး ရဲများနဲ့ ညှိနှိုင်းတိုင်ပင်တယ်။ Sr. Nu Tawng ဘက်ကလည်း ရဲတွေကို ကလေးတွေကိုဘာမှမလုပ်ကြဖို့ ဒူးထောက်တောင်းပန်တယ်။ တစ်ဖက်ကမြို့နယ်မှုးရဲအုပ်ကလည်း ပြန်လည်တောင်းပန်ကြောင်း ပြောဆိုတာတွေရှိတယ်။ ပြီးနောက် သိပ်မကြာမီ Sr.ကျောင်းရှိတဲ့ လမ်းဘက်မှာ ဆန္ဒပြလူငယ်တွေ လည်းပြန်တက်လာတယ်။ ပြီးတော့ အမှတ်(၂) အထက်တန်းကျောင်းဘက်ကလည်း ဆန္ဒပြလူငယ်တွေတက်လာကြတယ်။ အဲဒီအချိန်မှာ ရဲနှင့်စစ်သားတွေ က လူစုခွဲဖို့လုပ်နေပါတယ် ။ ‘’ ဒါကြောင့် ကျွန်တော်တို့က ‘’ ဒီပြည်သူ လူငယ်တွေက ဘာလက်နက်မှမကိုင်ဘူး။ သူတို့ဆန္ဒပြပြီးသွားရင် ပြန်ကြမဲ့သူ တွေပါ ။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို လက်နက် သုံးဖြို ခွင်းတာတွေ မလုပ်သင့်ပါဘူး ။ ‘’ ဒါကြောင့် ပြေလည်အောင် အချင်းချင်း ညိနှိုင်းယူရအောင်ဆိုပြီး ပြောဆိုတာ ဖြစ်တယ်။ပြီးတော့ ဒီညနေပိုင်းဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာ တွေကို ကျွန်တော် သိကြားရသလောက် ပြောမယ်ဆို ရင် ‘’ ဒီဘုရားကျောင်းရှေ့ မှာ ဖြိုခွင့်မှု တွေဖြစ်တယ် ။ အဲ့ဒီမှာ “ထိခိုက်ဒဏ်ရာရ တဲ့သူတွေကို ဘုရားကျောင်းဝင်းထဲ ခေါ်ဆောင်ခဲ့တယ်။ အဲ့လိုထိခိုက်ဒဏ်ရာ ရနေတဲ့သူတွေအားလုံးကို ကျွန်တော် ကိုယ်တိုင် သွားရောက်ဆုတောင်းပေးခဲ့တယ်။တစ်ချို့ကတော့ အသက်မရှိတော့ဘူး နောက်မှဆုံးသွား တဲ့တစ် ယောက် ထပ်ရှိတော့ စုစုပေါင်း အသက်သေဆုံးသူ (၂) ယောက်ရှိပြီး သူတို့ကို ကျွန်တော်တို့ သာသနာ ဆေးခန်း မလိဂင်ဒိုင် ဆေးခန်းမှာ လိုအပ်တာတွေ အရင်လုပ်ပေးပြီမှ မလိဇွပ်ဆေးရုံသို့ သေဆုံးသူ နဲ့ ဒဏ်ရာရသူ များ (၅) ယောက် ကိုပို့လိုက်တယ် ပြီးတော့ အေးသုခ ဆေးရုံမှာ နှစ်ယောက် ပြီးတော့ AZG ဆေးရုံမှာလည်း နှစ်ယောက်ပို့ ထားတယ်လို့ ကြားရတယ် ။ ဆိုတော့ ကျွန်တော်သိရသလောက်တော့ စုစုပေါး 7 ယောက် 8 ယောက်လောက်ရှိ တယ်လို့ကြားရတယ်။” ဒီအကြောင်းကျွန်ုပ်အမြင်နဲ့ ပြောရမယ်ဆိုရင် “ ယခုပြည် သူတွေလိုလားနေတာက တရားမျှတပြီးတည်ငြိမ်အေးချမ်းနေတာကိုပဲအဓိကထားပြီးလိုလားတောင်းဆိုနေကြတာဖြစ်ပါတယ်။”ဒါကြောင့် “ သက်ဆိုင်ရာ (PCG) လူကြီးများနဲ့ ကောင်းကောင်းမွန်မွန် ညှိနှိုင်းစေချင်တယ်။ တိုင်းမှူးကိုလည်း ဒီအကြောင်းတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်ဆောင် ပေးပါလို့ ကျွန်တော်တို့ (PCG) လူကြီးတွေကတစ်ဆင့် ဆွေနွေးတာတွေ ရှိတယ်။ ဒီနေ့ ကျွန်တော်တို့ ရဟန်းတော်များ၊ သီလရှင်များ ကိုလည်း ဘုရား ကျောင်းပေါက်ဝ ကနေစောင့်ခိုင်းပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကို ကူညီ နေတာကလည်း သမိုင်းဝင် မှတ်တမ်းတစ်ခုဖြစ်ပြီး ဒဏ်ရာရသူများနဲ့ သေဆုံးသူများကိုလည်း ကျွန်တော်တို့ မလိဂင်ဒိုင်ဆေးခန်းမှာ အရင်လိုအပ်တာတွေ ကူညီ ထောက်ပံ့ပေးနေပါတယ် ” ဟု ဆရာတော်က RVA Kachin နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။
မြစ်ကြီးနာမြို့တွင် မတ်လ (၈) ရက်နေ့က စစ်အာဏာရှင် စနစ်ဆန့်ကျင်ရင်း ကျဆုံးသွားသူ နှစ်ဦး ၊ ထိခိုက် ဒဏ်ရာရရှိသူ (၈) ဦးခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း အယောက် (၉၀) ကျော် ရှိခဲ့သည်ဟု သိရှိရပါသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ(၉၀) ကျော်ထဲမှ အသက် မပြည့်သေးသော ကလေး (၁၉) ဦးကို မတ်လ (၈) ရက်နေ့ ည(၁၀) နာရီခန့်က PCG အဖွဲ့၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရှိရပါသည်။
ဘာသာပြန် - ပေါလ်
News by - Pinky
Add new comment