ကက်သလစ် ကျောင်းသား/ကျောင်းသူများ ဘာသာပေါင်းစုံမှ ဘာသာအကြောင်းလေ့လာခြင်း ဆွေးနွေးခြင်း။

မန္တလေးကက်လစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ HEC အဆင့်မြင့်ပညာသင်ကြားရေးကျောင်းမှ ကက်သလစ် ကျောင်းသား/ကျောင်းသူများ ဘာသာပေါင်းစုံမှ ဘာသာအကြောင်းလေ့လာခြင်း ဆွေးနွေးခြင်း။

(22.8.2019)

၂၂.၈.၂၀၁၉ ရက်နေ့က မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန်ဂျွန်းဘုရားကျောင်းအတွင်းရှိ HEC အဆင့်မြင့်ပညာသင်ကြားရေးကျောင်း မှ ပထမနှစ်ကျောင်းသားကျောင်းသူများအား ဘာသာရေး အမြင် ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ချက်ဖြင့် စိန်ကိုလန်ဘန် အသင်းဂိုဏ်းမှ စစ္စတာရ် ကက်သရင်း ဦးဆောင်သော ဘာသာပေါင်းစုံမှ ခေါင်းဆောင်များသည် HEC ကျောင်းမှ ကျောင်းသား ကျောင်းသူ များအား ၎င်းတို့၏ ဘာသာရေးဆိုင်ရာအသိပညာများကို ဝေမျှပြောပြခဲ့ပါသည်။

 ဗုဒ္ဓ၊ ဟိန္ဒူ ၊ အစ္စလာမ်နှင့်ခရစ်ယာန် စတဲ့ ဘာသာကြီးများမှ ဘာသာရေး ခေါင်းဆောင် များပါဝင်ခဲ့ပါသည်။ ဟိန္ဒူဘာသာမှ ဆရာတော် Sri Ramachandara Prabhu က  စကြာဝဠာတစ်ခုလုံး၌ ဘုရားဟာ တစ်ဆူတည်း သာရှိကြောင်း ၊ ကမ္ဘာမြေကြီးဟာ ကျွန်ုပ်တို့ရဲ့ မိခင်ဖြစ်ကြောင်း ၊ မိခင်ကမ္ဘာမြေကြီးမှာ အတူတကွနေထိုင်ကြတဲ့ သူတွေ အားလုံးဟာ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ကြောင်း၊ ညီအစ်ကိုမောင်နှမတွေဟာအချင်းချင်း ချစ်ချစ်ခင်ခင်ရှိဖို့လိုကြောင်း ၊ထို့အတွက်ကြောင့် ကိုယ့်ဘာသာ အပြင်အခြားသောဘာသာဝင်များဟာ လည်းကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေပဲဖြစ်ကြောင်း၊ ညီအစ်ကိုမောင်နှမတွေအမြဲတမ်းချစ်ချစ်ခင်ခင်နဲ့စည်းလုံးညီညွတ်စွာရှိနေမယ်ဆိုရင်ကျွန်ုပ်တို့ ကမ္ဘာကြီးဟာလည်းပျော်စရာကောင်းပြီး၊ ငြိမ်းချမ်း နေမှာဖြစ်ကြောင်း၊ဘာသာတရားက ကောင်းမွန်တဲ့ တရားတွေကိုပဲသွန်သင်ကြတာဖြစ်ကြောင်း၊ ကိုယ့် ဘာသာတရားက သွန်သင်တဲ့အတိုင်း နေထိုင်ကြပြီး လိုက်နာ ကျင့်ဆောက် တည်ဖို့ရန်လို အပ်ကြောင်းများကို ပြောကြားရင်း ဟိန္ဒူဘာသာအကြောင်းများကိုလည်း ဝေမျှပြောပြသွားခဲ့ပါသည်။ ၂၃.၈.၂၀၁၉ ရက်နေ့တွင် ထို ကျောင်းသား/ကျောင်းသူများသည် ၂၇ လမ်း ၇၉x၈၀ ကြားရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းသို့ သွားရောက်ကာ ဟိန္ဒူဘာသာအကြောင်းများကို လေ့လာခဲ့ကြပါသည်။

News - Pinky

Add new comment

12 + 5 =