ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး သေနတ်နှင့် ပစ်သတ်ခံရခြင်း

ဘုန်းတော်ကြီးများ အသတ်ခံရမူ့အတွက် ပူဆွေနေကြသော နိုင်ဂျီးရီးယား နိုင်ငံမှ ယုံကြည်သူဘာသာဝင်များ နှင့် သီလရှင်များ

ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး သေနတ်နှင့် ပစ်သတ်ခံရခြင်း
သြဂုတ်လ ၂၊ ၂၀၁၉

နိုင်ဂျီးရီးယား တောင်ပိုင် အီနူဂူ Enugu သာသနာနယ် မှ ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး ပေါ အိုဖူ Paul Offu သည် သြဂုတ်လ ၁ ရက်ကြာသာပတေးနေ့ ညနေပိုင်းက မည်သူမည်ဝါ မသိရှိရသေးသော သေနတ်သမားများမှ ပစ်သတ်ခြင်းကို ခံခဲ့ရပါသည်။

ဘုန်းတော်ကြီး အိုဖူ သည် အီနူဂူ သာသနာနယ် အုပ်ပါတူ Okpatu စိန့် ဂျိန်းစ် သာသနာတိုက်နယ် ကျောင်းထိုင် ဘုန်းတော်ကြီးဖြစ်ပါသည်။ ဖူလာနီ နွားကျောင်းသားများ၏ သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း လည်း ခန့်မှန်းဖော်ပြထားပါသည်။ နိုင်ဂျီးရီးယား တွင် ဖူလာနီ နွားကျောင်းသားများ နှင့် လယ်သမားများအကြား ပြသနာများမကြာခဏဖြစ်ပေါလေ့ရှိပြီး လူပေါင်းတရာကျော်သေဆုံးထားပြီး အမြောက်အများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်းလည်းဖော်ပြထားပါသည်။

ဘုန်းတော်ကြီး ပေါ အိုဖူ အသတ်မခံရမီ ၅ လ အလို မတ်လ ၂၀ ရက်နေက ကက်သလစ် ဘုန်းတော်ကြီး ကလေးမင်း အာဂူ အား ပြန်ပေးဆွဲးခေါ်ဆောင်သွားပြီးသတ်ဖြတ်ကာ ခြုံပုပ်များကြာတွင် ပြစ်ထားခဲ့ကြပါသည်။

မိမိတို့ဘုန်းတော်ကြီး များ မကြာခဏသတ်ဖြတ်ခံနေရသော်လည်း
ဆိုကိုတို Sokoto ဆရာတော် နှင့် ဘုန်းတော်ကြီး ဟာစန် ကူခါ တို့မှ စည်းလုံးညီညွတ်မူ့ကို ထိခိုက်စေမည့် အမုန်းစကားများ မဖြန်ဝေကြဖို့ တောင်းဆိုခဲ့ပါသည်။
By Kyi Maung
Credit: vatican news

https://bit.ly/2YGZP30

Add new comment

3 + 1 =