ကက်သလစ်ခရစ်ယာန် ဘုရားကျောင်း ပစ်ခတ်ခံရမူ့ လေး ဦးသေ နှစ် ဦးဒဏ်ရာရ

ဘူကီနာဖာဆို နိုင်ငံ မြောက်ပိုင်း Toulfe မြို့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း

ကက်သလစ်ခရစ်ယာန် ဘုရားကျောင်း ပစ်ခတ်ခံရမူ့ လေး ဦးသေ နှစ် ဦးဒဏ်ရာရ
မေလ ၂၇၊ ၂၀၁၉

ပြီးခဲ့သော တနင်္ဂနွေနေ့ က ဘူကီနာဖာဆို နိုင်ငံ မြောက်ပိုင်း Toulfe မြို့တွင် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ဘုရားဝတ်ပြုနေချိန်တွင် လက်နှက်ကိုင်အဖွဲ့မှ ရုတ်တရက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည် ယင်းတိုက်ခိုက်မူ့တွင် ဘာသာဝင် လေး ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒီလုပ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့၏ လုပ်ရပ်ဖြစ်တယ်၊ ယင်းကဲ့သို့ အဆက်မပြတ်ဖြစ်ပေါ်လာသော တိုက်ခိုက်မူ့များကို ငြင်းပယ်ရှုံ့ချကြောင်းကိုလည်း Quahigouya သာသနာပိုင်ဆရာတော် Justine Kientega မှ ပြောကြားခဲ့ပါသည်။ ယင်းကဲ့သို့မကြာခဏ တိုက်ခိုက်ခံနေရမူ့များကြုံတွေ့နေရသည့် ဒေသတွင် နေထိုင်ကြရသော သူများ၏ ဘဝသည် အထိတ်တလန့်ဖြစ်နေကြရပြီး ပုန်းခိုစရာ ဘေးလွတ်ရာကိုရှာနေကြရပါသည်။

~ အဆက်မပြတ် ဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မူ့များ

ပြီးခဲ့သော အပတ်က ဇင်မ်တန်းဂါ Zimtenga တွင် စီတန်လှဲ့လည် နေသော ဘာသာရေးအခမ်းအနား တစ်ခုကို တိုက်ခိုက်ခဲ့ခြင်း၌ ကက်သလစ်ခရစ်ယာန် ဘာသာဝင် လေးဦးသေဆုံးခဲ့ခြင်း၊

မေလ အစောပိုင်က ဒါဘလိုမြို့ တိုက်ခိုက်ခံရမူ့တွင် ကက်သလစ် ဘုန်းတော်ကြီး နှင့်ဘာသာဝင် ငါးဦး သေဆုံးခဲ့ရခြင်း၊

ဧပြီလ ကုန်ပိုင်းက ကက်သလစ်ခရစ်ယာန်မဟုတ်သော ခရစ်ယာန် ဂိုဏ်ခွဲဘုရားကျောင်း တစ်ခုအားတိုက်ခိုက်ခံခဲ့ရခြင်းတွင် ခြောက်ဦး သေဆုံးခဲ့ခြင်း၊

ယင်းကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မူ့များ ဖြစ်ပေါ်ခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းမှ တိုက်ခိုက်သည်ကိုကြေငြားခြင်းမပြုလုပ်ကြပါ၊ မာလီနိုင်ငံတွင် အခြေစိုက် ပြီး ဘူကီနာဖာဆို နှင့် နီဂါ နိုင်ငံတို့ကို မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသော Sahel ဒေသရှိ့ အစွန်းရောက် အစ္စလမ်မစ် လက်နှက်ကိုင်အဖွဲ့များ၏ လက်ချက်ဟု ကောက်ချက်ချထားကြောင်းကိုလည်း ဖော်ပြထားပါသည်။

ယင်းကဲ့သို့ ခရစ်ယာန် မုန်းတီးရေး နှင့် အကြမ်းဖက်တိုက်ခိုက်မူ့များကြောင့် ရှေးယခင်ကတည်းက ဘူကီနာဖာဆိုတွင် အစဉ်အလာအရ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခဲ့သော ခရစ်ယာန်များ နှင့်မွတ်စလင်များအကြာ မယုံကြည်မူ့များ သံသယများတိုးပွားလာနေကြောင်း ကိုလည်း ဖော်ပြထားပါသည်။

ဒီဘာသာတရားများကြားမှာ တိုးပွားလာသော မလုံခြုံမူ့များ၊ အဆက်မပြတ်ဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်ခံမူ့များထဲတွင် ပိတ်မိနေသောအခြေအနေများကို ခရစ်ယာန်များမှ မလိုလားကြကြောင်း၊ ဒီတိုက်ခိုက်မူ့များသည် ဘာသာတရားအခြင်းခြင်းကြား အပြန်အလှန်စည်းလုံးမူ့၊ နားလည်မူ့နှင့် ငြိမ်းချမ်းမူ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးလာနေပြီး ခရစ်ယာန် နှင့် မွတ်စလင်များအကြား သံသယများ အမုန်းစိတ်များတော်ပွားလာ စေရန် သေခြာလုပ်ဆောင်နေသော ဂျီဟတ်အဖွဲ့၏ နည်းဗျူဟာ ဖြစ်ကြောင်း ကာယာ Kaya သာသနာနယ် ဆရာတော် Theophile Nare မှ ဗာတီကန် သတင်းဌာနသို့ပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2019-05/armed-men-kill-4-during-mass-in-burkina-faso.html

#Burkinafaso, #attack, #terrorist, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 4 =