Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
‘ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မပျံလွန်သေး၊ သက်ရှိထင်ရှားရှိနေသေးသည်’ ဟူသည့် မှတ်တမ်းရုပ်ရှင်၏ဒါရိုက်တာဆုချီးမြှင့် ခြင်းခံရ
‘ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မပျံလွန်သေး၊ သက်ရှိထင်ရှားရှိနေသေးသည်’ ဟူသည့် မှတ်တမ်းရုပ်ရှင်၏ဒါရိုက်တာဆုချီးမြှင့် ခြင်းခံရ
‘ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) မပျံလွန်သေး။ သက်ရှိထင်ရှားရှိသေးသည်’ မှတ်တမ်းရှပ်ရှင်ကိုရိုက်ကူးခဲ့သော ဒါရိုက်တာသည် အပြည်ပြည်ဆိုင်ရာဆုတစ်ခုဖြစ်သော Mirabile Dictu ဆုချီးမြှင့်ခံရသည်။ ထိုရှပ်ရှင်မှတ်တမ်းမှာ ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံ၍ခံစားခဲ့ရသောကောင်းကြီးများအကြောင်းကို Rome Report ထုတ်လုပ်ရေးမှစုစည်းတင်ပြထားခြင်းဖြစ်သည်။
ရုပ်ရှင်မှတ်တမ်း၏ဒါရိုက်တာ ANTONIO OLIVIÉ ၏ခံစားချက် စိန့်ဂျွန်ပေါလ် (၂) ကိုလူတွေပိုပြီးကြည်ညိုအားကိုးလာစေရန်စွမ်းဆောင်ပေးနိုင်သည့်အတွက်ကျွန်တော်အလွန် ပျော်ရကြောင်း၊ သူ၏လွှမ်းမိုးမူသမူ၊ သူ၏ခြေရာလက်ရာများသည်ဆက်လက်၍ရှင်သန်လျှက်ရှိကြောင်း၊ ယခုရလိုက် သော Mirabile Dictu ဆုသည်နိုင်ငံတကာကက်သလစ်ရုပ်ရှင်ပွဲတော်မှချီးမြှင့်သောဆုတစ်ခုဖြစ်သည်။
ဤပွဲကိုရုပ်ရှင် ထုတ်လုပ်သူနှင့်ဒါရိုက်တာလည်းဖြစ်သော Liana Marabini နှင့်ဗာတီကန်၏ယဉ်ကျေးမူ၀န်ကြီးဌာနနှင့်ပူးပေါင်း၍စီစစ် ချီးမြှင့်ခြင်းဖြစ်သည်။ အကောင်းဆုံးရုပ်ရှင်ဆုကိုမူ ပိုလန်ရုပ်ရှင်ဖြစ်သော “The Day of Wrath” အမည်ရသောရုပ်ရှင်က ရရှိခဲ့သည်။ မှတ်တမ်းရှပ်ရှင်များအနက်ပထမဆုရရှိသွားသောမှတ်တမ်းရှပ်ရှင်မှာ 'I Have a Name' ဟုအမည်ပေးထား ပြီး၊ အမေရိကန်နိုင်ငံ၊ ချီကာဂိုပြည်နယ်မှအိမ်ရာမဲ့တို့အားစောင့်ရှောက်နေ့သည့်အကြောင်းကိုရိုက်ကူးထားခြင်းဖြစ် သည်။ ရုပ်ရှင်ဇာတ်လမ်းတိုဆုကိုမူ "Medjugorje, Land of Faith" (မယ်ဂျူဂိုရီ၊ ယုံကြည်ခြင်းမြေ) ဟုအမည်ရသော ဇာတ်လမ်းကရရှိခဲ့သည်။
Medjugorje သည် ဘောစနီးယားနိုင်ငံမှဖြစ်ပြီး၊ အမိမယ်တော်ထင်ရှားပြနေသောမြို့တစ်မြို့ ဖြစ်သည်။ ဆက်လက်ထင်ရှားပြနေသော်လည်းယနေ့ချိန်ထိအမိသာသနာတော်ကြီးကထိုရူပါရုံကိုအသိအမှတ်မပြုထား သေးပေ။ (၂၀၂၀) ခုနှစ်၏ရုပ်ရှင်ဆုချီးမြှင့်ခြင်းသည် (၁၁) ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ ချီးမြှင့်သောဆုတံဆိပ်မှာ ငွေဖြင့်သွန်းလုပ်ထားသောငါးရုပ်ဖြစ်ပြီး၊ ထိုဆုတံဆိပ်အားကိုဗစ်ရောဂါကြောင့် လာမည့် (၂၀၂၁) ဇန္နာ၀ါရီလ၌သာ လက်ခံရယူရမည်ဖြစ်သည်။
“John Paul II: Still Alive” (ဂျွန်ပေါလ်မပျံလွန်ပါ။ အသက်ရှင်လျှက်ရှိသေးသည်) မှတ် တမ်းရုပ်ရှင်ကို Rome Reports Premium ၌ကြည့်ရူနိုင်ပြီဖြစ်ပါသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: Rome Reports
Add new comment