‘စိပ်ပုတီးသည်ကပ်ရောဂါဆိုးအားကာကွယ်ပေးသောဒိုင်းဖြစ်’ ဟုအိုင်ယာလန်ဂိုဏ်းချုပ်ဆရာတော်ပြောကြား

 ‘စိပ်ပုတီးသည်ကပ်ရောဂါဆိုးအားကာကွယ်ပေးသောဒိုင်းဖြစ်’ ဟုအိုင်ယာလန်ဂိုဏ်းချုပ်ဆရာတော်ပြောကြား

 ‘စိပ်ပုတီးသည်ကပ်ရောဂါဆိုးအားကာကွယ်ပေးသောဒိုင်းဖြစ်’ ဟုအိုင်ယာလန်ဂိုဏ်းချုပ်ဆရာတော်ပြောကြား

‘မိသားစုစိပ်ပုတီးစိပ်ခြင်းခြင်း’ လှုပ်ရှားမူကိုကြာသပတေးနေ့၌စတင်မည်ဖြစ်သည်။ ဤလှုပ်ရှားမူကိုစိပ်ပုတီးလဟု သတ်မှတ်ထားသောအောက်တိုဘာတစ်လလုံးလှုပ်ရှားသွားမည်ဖြစ်သည်။ ကက်သလစ်မိသားစုများအားလုံးစိပ်ပုတီးစိပ်၍ ကိုရိုနာဗိုင်းရစ်ပ်ကပ်ဆိုးကြီးကင်း‌ေ၀◌းရန်တိုက်တွန်းလှုပ်ရှားမည်ဖြစ်သည်။

အိုင်ယာလန်နိုင်ငံ၌ ယခုရက်ပိုင်းအတွင်းရောဂါပိုးကူးစက်မူအသစ် (၃၆၃) ဦးရှိကြောင်းကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိ၌ရောဂါကြောင့်လောလောလတ်လတ်သေဆုံးသူတစ်ဦးလည်းရှိထားကြာင်းအဂ်ါနေ့ကထုတ် ပြန်ထားသည်။ ထို့ကြောင့်နိုင်ငံအတွင်းကူးစက်ခံရသူ‌ပေါင်း (၃၅၇၄၀) ရှိပြီး၊ သေဆုံးသူ (၁၈၀၃) ဦးပြီဖြစ်သည်။ မြောက် အိုင်ယာလန်၌ ကူးစက်လူနာသစ် (၄၂၄) ဦးရှိကြောင်းနှင့်ရောဂါပိုးကြောင့်သေဆုံးသူ (၅၇၉) ဦးရှိကြောင်းဗုဒွဟူးနေ့က ထုတ်ပြန်ခဲ့သည်။

(မယ်တော်၏ကူညီစောင်မမူကိုတောင်းခံခြင်း)

ယခုကဲ့သို့လှုပ်ရှားရခြင်းမှာ ဘာသာတူများကိုဗစ် (၁၉) ကာကွယ်ထိန်းချုပ်မူ၌တက်ကြွစွာပါ၀င်လာရန်ဖြစ် ကြောင်း၊ ယခုကဲ့သို့မသေချာမရေရာသောအခြေအနေမျိုး၌အလွန်စိုးရိမ်မိကြောင်း၊ မိသားစုများကလည်း၄င်းတို့နှင့်မိသား စု၀င်များ၏လုံခြုံမူအတွက်စိုးရိမ်နေကြကြောင်း၊ ဤကပ်ရောဂါကြောင့်လူတို့၏စား၀တ်နေရေးကိုလည်းရိုက်ခတ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်၏ယခုနှစ်၊ မတ်လ၌မိန့်ကြားသော ‘Urbi et Orbi’ သတင်းစကားကိုမှီငြိမ်း၍ ‘ကျွန်ုပ်တို့အားလုံး သည် တစ်လှေတည်း၌ရှိနေကြပြီး၊ မုန်တိုင်းမှာပြင်းထန်နေဆဲရှိနေ၍ထိန်းညှိနေရသည်။

အကူအညီမဲ့သည်ဟုလည်းမခံ စားစေလိုပေ။ ထို့ကြောင့်စိပ်ပုတီးစိပ်လှုပ်ရှားမူအားဖြင့် ကျွန်ုပ်တို့အားလုံးအတူတကွအမိမယ်တော်၏ကာကွယ်စောင့် ရှောက်မူကိုခံယူလျှက်ကျော်ဖြတ်နေကြကြောင်းသိရှိခံစားစေလိုသည်။ အထူးသဖြင့်အောက်တိုဘာလသည်စိပ်ပုတီးလ လည်းဖြစ်၍မယ်တော်၏ကြား၀င်ဆုတောင်းခြင်းကိုခံယူစေလိုသည်။ စိပ်ပုတီးသည်အိတ်ဆောင်ဆုတောင်းမေတ္တာဖြစ်သည်။ လူတိုင်း၊ နေရာတိုင်း၊ အရွယ်တိုင်း အလွယ်တကူနေ့စဉ် ဆုတောင်းနိုင်သည်။ မိသားစုအတွင်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေရွဝ်ဆိုပူဇော်ဖွယ်ရာဆုတောင်းမေတ္တာလည်းဖြစ်သည်။ စိပ်ပု တီးစိပ်ခြင်းဖြင့်ယုံကြည်ခြင်း၏အနက်နဲဆုံးသောသမိုင်းကိုခင်းကျင်းပြောပြနေခြင်းဖြစ်သည်။

တင်းကြပ်မူဆက်လက်ရှိနေဆဲ

ရောဂါပိုးကူးစက်မူများရှိနေသေး၍ တင်းကြပ်မူများကြောင့်ဘုရား၀တ်ပြုဆုတောင်းခြင်းများကိုချို့သောနေရာများ ၌ဆက်လက်ပိတ်ပင်ထားရသောကြောင့်ဘာသာတူများသည်အွန်လိုင်းမှထုတ်လွှင့်သောမစ္ဆားများကိုသာပါ၀င်ပူဇော်နေကြရသည်။ ဘာသာတူအများပိုင်းသည်ယခင်ကကဲ့သို့မစ္ဆားပူဇော်ခြင်း၌ကိုယ်တိုင်ကိုယ်ကျပါ၀င်နိုင်မည့်အခြေအနေကိုမျှော် လင့်တောင့်တနေကြသော်လည်းတားမြစ်ချက်များကြောင့်အခွင့်အရေးမရနိင်ကြသေးပေ။ ရောဂါပိုးကူးစက်မူဆက်လက်ရှိ နေသေးသောကြောင့်လူများအပြင်မထွက်နိုင်သည့်အခြေအနေ၌စိပ်ပုတီးစိပ်လှုပ်ရှားမူသည်အလွန်အရေးကြီးသော၀◌ိညာဉ်ရေးလှုပ်ဆော်မူတစ်ခုဖြစ်သည်။ သို့သော်စိပ်ပုတီးသည်မစ္ဆားတရားကိုအစားထိုးလိုက်ခြင်းမဟုတ်ဘဲ နှစ်ဦး၊ သုံးဦးစုဖွဲ့ ၍တစ်နေရာရာ၊ အိမ်တစ်အိမ်အိမ်၌အတူတကွဆုတောင်းခြင်းဖြစ်သည်။

ယခုအောက်တိုဘာလ၌ မိသားစုများအနေဖြင့်မိ သားစုစိပ်ပုတီးစိပ်ခြင်းကိုပြန်လည်အသက်သွင်းမည်ဆိုပါကအလွန်ကောင်းမည်ဖြစ်ပြီး၊ လိုလည်းလိုအပ်နေချိန်ဖြစ်သည်။ စိပ်ပုတီးစိပ်ခြင်းသည်လည်း သာသနာပြုခြင်းဖြစ်ကြောင်း၊ ဤမိသားစုစိပ်ပုတီးစိပ်လှုပ်ရှားမူကိုတစ်စိုက်မတ်မတ်လုပ် ဆောင်သွားမည်ဆိုပါကအသွင်သစ်ဖြင့်ဧ၀ဂေလိတရားဟောကြားခြင်းကိုပြန်လည်ထွန်းညှိတောက်ပလာစေမည်ဖြစ်သည် ဟုယုံကြည်ကြောင်းဂိုဏ်းချုပ်ဆရာတော် Martin ကဗာတီကန်ရေဒီယိုဌာနအာဖြေကြားခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့် အားတယ်

Photo courtesy of : (©robyelo357 - stock.adobe.com

https://bit.ly/3ikzhKF

Add new comment

1 + 0 =