အဆုံးမဲ့သောအဖျက်အမှောက်အား ရပ်တန့်ရန် လူသားချင်းချင်း ညီအစ်ကိုရင်းနယ်ထွေးပွေ့ရန် ရဟန်းမင်းကြီးတိုက်တွန်း

 အဆုံးမဲ့သောအဖျက်အမှောက်အား ရပ်တန့်ရန် လူသားချင်းချင်း ညီအစ်ကိုရင်းနယ်ထွေးပွေ့ရန် ရဟန်းမင်းကြီးတိုက်တွန်း

 အဆုံးမဲ့သောအဖျက်အမှောက်အား ရပ်တန့်ရန် လူသားချင်းချင်း ညီအစ်ကိုရင်းနယ်ထွေးပွေ့ရန် ရဟန်းမင်းကြီးတိုက်တွန်း

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်အီစ္စလာမ်ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော Grand Imam of Al-Azhar, Ahmed Al-Tayyeb တို့နှင့် အာဘူ ဒါဘီ၌ (၄၊ ၂၊ ၂၀၁၉) ခုနှစ်က ‘ညီအစ်ကိုရင်းချာစိတ် မွေးမြူတိုးပွားရေး’ ကိုရှေ့ရှုသော စာချွန်တော်၌ အတူလက်မှတ်ရေးထိုးခဲ့သည်ကို အမှတ်ရ ဂုဏ်ပြုသည့်အနေဖြင့် ကုလအထွေထွေအစည်းအဝေးမှ ‘လူသားချင်း ညီအစ်ကိုရင်းချာနေ့’ အဖြစ်ကြေညာခဲ့သည်။

ရဟန်းမင်းကြီးက ထိုအစည်းအဝေးသို့ ကိုယ်တိုင်မတက်ရောက်သော်လည်း ပြီးခဲ့သည့် သောကြာနေ့က ဗီဒီယိုရိုက်ကူးအသံသွင်း၍ပေးပို့ခဲ့သည်။ သတင်းစကား၌ ‘ညီ အစ်ကိုရင်းချာစိတ်’ သည် အမုန်းတရား၊ အကြမ်းဖက်မှုများနှင့်မတရားမှုများကို ကာကွယ်ပေးသော ခိုင်ခန့်သည့်တံတိုင်းကြီးဖြစ်ကြောင်း၊ မြောက် များစွာသောလူသားများ၊ အဖွဲ့အစည်းများ၊ အထူးသဖြင့် အာဘူဒါဘီ၏ဘုရင်ဧကရာဇ်အား လည်း ကောင်း၊ လူသားချင်းညီအစ်ကိုရင်းစိတ်ဓာတ်မွေး မြူနိုင်ရေးမြင့်တင် လုပ်ဆောင်နေသော ကော်မတီအားလည်းကျေးဇူးတင်ကြောင်း၊ လက်မှတ်ရေးထိုးခဲ့သော စာချွန်တော်၏စံထားသော အကြောင်း အရာများကို လက်တွေ့ဖော်ဆောင်ရန် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးစတင် လုပ်ဆောင်နေသည်ကိုတွေ့ရှိရကြောင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်ခံ သည် အလွန်ခြေခံကျသောအုတ်မြစ်နှင့်စကြာ၀ဋာတစ်၀န်းလုံး၏စံတန်ဖိုးဖြစ်ကြောင်း၊ အခြေခံအားဖြင့် လူသားတိုင်းနှင့်မျှဝေရှင်သန်ရမည်ဖြစ် ကြောင်း၊ သို့မှသာဒုက္ခရောက်ချိန်၊ နာကျင်ဆုံးရှုံးမှုများနှင့်ကြုံရချိန်၌ ဖယ်ကျင်ခံထားရသည်၊ မေ့လျော့ခံထားရသည်ဟုခံစားရမည်မဟုတ်။ မိမိတို့ ၏ဒုက္ခ၊ နာကျင်ဆုံးရှုံးမှုများကို အားလုံးက၀ိုင်း၀န်းခံထမ်းကူညီကြသည်၊ ငါတို့သည်ညီအစ်ကို မောင်နှမများဖြစ်ကြပါသည်တကားဟုခံစာရ မည် ဖြစ်ကြောင်းမိန့်ကြားထားသည်။     

 

ဘုရားကိုရှိခိုးပါ။ နီးစပ်သူကိုချစ်ပါ။

            ရဟန်းမင်းကြီးက ဘာသာ၊ လူမျိုး၊ လူမှုရေးနောက်ခံမရွေး ‘ငြိမ်းချမ်းရေးယာဉ်ကျေးမှု’ ကိုမြင့်တင်ရ မည့်တာ၀န်ရှိသည်။ ထိုယဉ်ကျေးမှု သည် အားလုံးကိုလှိုက်လှဲစွာကြိုဆိုသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့်တန်းတူရည်တူမျှဝေခံစားခြင်းကိုလည်း အား ပေးအားမြောက်ပြုသည်ဟုတိုက် တွန်းခဲ့သည်။ ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒါ၊ မိန့်ခွန်းများတစ်လျှောက်၌ ‘ကျွန်ုပ်တို့အားလုံးသည် ကောင်းကင်တစ်မိုးအောက်၌အတူရှင်သန်နေ ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ အ‌သားအရောင်အဘယ်သို့ကွဲပြားနေပါစေ၊ လူမှုအဆင့်အတန်းအ ဘယ်မျှကွာခြားနေပါစေ အဓိကမဟုတ်ပါ။ ကမ္ဘာကြီးသာယာ၀ပြောစည်ပင်အောင်လုပ်ဆောင်ရာ၌ အချင်းချင်းတွဲလက်ထူ၍ကူညီရန် လူတိုင်း၌ တာ၀န်ရှိသည်။ ကောင်းကင်သို့မော့ကြည့်၍ ဆုတောင်း ပေးရမည်ဖြစ်ကြောင်း မလွတ်တမ်းထည့်သွင်းမိန့်ကြားလေ့ရှိသည်။     

 

ညီညွှတ်ခြင်း၌အသွင်ကွဲပြားခြင်း

            ကမ္ဘာကြီးသည် ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြီးနှင့်လုံးပန်းနေရချိန် ကျွန်ုပ်တို့သည် တစ်ဦး တစ်ယောက်တည်း ကျန်းမာစွာနေထိုင်၍မရ။ အခြားသူများအားလည်း လက်ဖြန့်၍ အသွင်မတူသော စည်းလုံးခြင်းကိုပြသရမည်။ ညီအစ်ကိုရင်းစိတ်ဓာတ်ကိုထုတ်ဖော်ပြသရန် အချိန်ကျနေပြီ။ အချင်းချင်း သာတူညီမျှ မျှယူခံထမ်းရန်ကြိုးစားရမည်။ မရေမတွက်နိုင်သော စစ်ပွဲငယ်များအကြောင်းကို လည်း ထည့်သွင်းမိန့်ကြားခဲ့သည်။

တတိ ယကမ္ဘာစစ်မီးသည် ယခင်ကကဲ့သို့တစ်ကမ္ဘာလုံးသို့ တစ်ကြိမ်တစ်ခါတည်းစတင်ခြင်းမဟုတ်။ တစ်ဖဲ့၊ တစ်ပိုင်းခြင်းစီဖြစ်ပွားနေသည်။ အသက်များ ကိုသတ်ဖြတ်နေသည်။ ကလေးများအား စားနပ် ရိပ်က္ခာပြတ်လပ်သည့်ဘေးဆိုးနှင့်ကြုံအောင် အတင်းတွန်းပို့နေသည်။ ပညာရေးအခွင့်အလမ်းများ ကိုလည်းဆုံးရှုံးစေသည်။ လက်ရှိဖြစ်ပျက်နေမှုအခြေအနေသည် မိမိနှင့်မဆိုင်သကဲ့သို့ နေထိုင်၍ မရတော့ပြီ။ လူသားထုသည် ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမလော၊ သို့မဟုတ် ဘာမျှမဆိုင်သူလော။ ပြတ်သားရတော့မည်။ လူသားထု၏ ဒုက္ခ‌ေ၀ဒနာများ၊ မတရားဖိနှိပ်အနိုင်ကျင့်ဗိုလ်ကျမှုများကို မိမိနှင့်မဆိုင်သကဲ့သို့ နေ၍မရတော့ပြီ။ ခရစ်ယာန်၊ မွတ်စလင်၊ ဂျူးဘာသာ၀င်တို့၏ ဘုံအမွေမှာ အာဘရာဟမ်အားပေးထားသော ဘုရားသခင်၏ ကတိတော်၌ ပူးပေါင်းရှင်သန်နေကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမရင်းချာစိတ်သည် အပြောကျယ်ပြီး၊ ကောင်းကင်ယံမှကြယ်များကဲ့သို့ ရောင်တောက်ပလျှက်ရှိနေရမည်။  

 

လူသားကယ်တင်ခြင်း၏ကျောက်ဆူး

            ရဟန်းမင်းကြီးဖရန်စစ်က Grand Imam အားလည်း နှုတ်ဆက်စကားပါးပြီး၊ ညီအစ်ကိုရင်း သံယောဇဉ်သည် ရှည်ကြာပြီး၊ စိန်ခေါ်မှုလည်းရှိ ကြောင်း၊ သို့သော် လူသားကယ်တင်ရေး အတွက်ခိုင်မြဲ သော ကျောက်ဆူးဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုကိုပြသောအတိတ်နိမိတ်များ၊ မှောင်မိုက်သော အချိန် အခါများ၊ ရှုပ်ထွေးမှုကိုဖြစ်စေသော အတွေးအခေါ်များအား ညီအစ်ကိုရင်းချာစိတ်များဖြင့် ရင်ဆိုင် ကျော်လွှားကြပါစို့။ အခြားသူများအား လည်း ၄င်းတို့၏ဖြစ်တည်မှုအတိုင်း လေးစားတန်ဖိုးထားတတ်ရန်၊ ၄င်းတို့အားလည်း ကျွန်ုပ်တို့၏ဘ၀ခရီးလမ်းကြောင်း၌ ပါ၀င်လျှောက်လှမ်းလာ ရန်ဖိတ်ခေါ်ကြပါစို့။ လူတိုင်းအား ၄င်းတို့၏ဖြစ်ရှိနေမှုအတိုင်းလေးစားရမည်။ ကမ္ဘာကြီးသည် သဟဇာတရှိရှိရှင် သန်နိုင် သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြသည်။ ထို့ကြောင့်ညီအစ်ကို မောင်နှမများ ဖြစ်ကြသည် ဟုယုံကြည်၍ကြိုးစားလုပ်ဆောင်နေကြသောသူများ အား ကျေးဇူးတင်ကြောင်း၊ အားလုံး ငြိမ်းချမ်းဖြစ်စဉ်၌ ဆက်ကပ်လုပ်ဆောင်ကြရန်၊ ကျစ်လစ်သောတုန့်ပြန်မှုများဖြင့်ပြဿနာကိုကိုင် တွယ်ဖြေ ရှင်းကြရန်၊ လိုအပ်သူများ၊ ချို့တဲ့ဆင်းရဲသူများနှင့် အကာအကွယ်မဲ့နေကြ သူများအားကူညီ ပံ့ပိုးပေးကြရန်၊ ကျွန်ုပ်တို့၏ပြတ်သားသောဆုံးဖြတ်ချက် ကား အားလုံးနှင့်ညီအစ်ကိုမောင်နှမစိတ်ပွား၍ ဘေးချင်းယှဉ်လျှောက်ရန်၊ သို့မှသာ ငြိမ်းချမ်းရေးနှင့်တရားမျှတခြင်းကိုတည်ဆောက်သော ဗိသုကာ ပညာရှင်များဖြစ်ကြပေလိမ့်မည်ဟုအားပေးတိုက်တွန်းခဲ့သည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HJS8w8

Add new comment

6 + 3 =