ယေဇူးသခင်သည်ကျွန်ုပ်တို့၏ပထမနှင့်တစ်ဦးတည်းသောအချစ်ဖြစ် ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

 ယေဇူးသခင်သည်ကျွန်ုပ်တို့၏ပထမနှင့်တစ်ဦးတည်းသောအချစ်ဖြစ် ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

 ယေဇူးသခင်သည်ကျွန်ုပ်တို့၏ပထမနှင့်တစ်ဦးတည်းသောအချစ်ဖြစ် ကြောင်းပုပ်ဖရန်စစ် မြွက်ကြား

ဘရာဇီးနိုင်ငံမှသူတော်စင်အမျိုးသား၊ အမျိုးသမီးများအား ‘လောကစွဲဆောင်မူများကိုတွန်းလှန်ကြပါ။ ဆု တောင်းခြင်းကိုဦးစားပေးကြပါ။ အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်အားစိုက်ကြည့်ထားသူသည်အခြားသူများကိုအစေ ခံရန်သင်ယူတတ်သည်’ ဟုသတင်းစကားမိန့်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါသူတော်စင်အမျိုးသား၊ အ မျိုးသမီးများသည် ဩဂုတ်လ (၁၆ မှ ၂၂) ရက်တိုင်သူတော်စင်များ၏ရက်တတ္တပတ်ကျင်းပရန်စု‌ေ၀းနေကြခြင်းဖြစ် သည်။ ဘရာဇီးနိုင်ငံ၏သူတော်စင်အဖွဲ့ချုပ်၏ဥက္ကဌဖြစ်သော စစ္စတာရ် Maria Inês Vieira Ribeiro အားလည်း ‘ယခုကဲ့သို့ စီစဉ်ပေးခြင်းအတွက်၀မ်းသာရပါကြောင်း၊ ဤသို့စီစဉ်ပေးခြင်းဖြင့်သာသနာပြုနည်းနာကိုဆန်းသစ်ပြုပြင်ရန်ဖြစ် ကြောင်း၊ မိမိကိုယ်ကိုဆက်ကပ်နိုင်ခြင်းအတွက်၀မ်းသာဂုဏ်ယူကြပါ။ ရဟန်းမင်းကြီးကိုယ်တိုင်သည် ဂျက်ဆွီစ်အသင်း၀င်ဖြစ်ရာ သူလည်းသူတော်စင်တစ်ပါးဖြစ်သည်။ (သူတော်စင် ဟုဆိုရာ၌ကတိသစ္စာသုံးပါးခံရဟန်း၊ ကိုရင်၊ သီလရှင်များကိုရည်ညွှန်းခြင်းဖြစ်ပါသည်။

၄င်းတို့သည်အဖွဲ့အစည်းနှင့်သီ တင်းသုံးကြသည်။ ဆိုလိုသည်မှာသာသနာနယ်တစ်ခု၌သီတင်းသုံးသောအခါ အနည်းဆုံးသုံးပါးသီတင်းသုံးကြသည်။) ဘ၀သည်ဘုရားသခင်၏ချစ်ခြင်း၌ခေါ်တော်မူခြင်းခံရသောအသီးအပွင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘ၀တလျှောက်၌အဖော် အဖြစ်လိုက်ပါပေးသည်။ ပျော်ရွှင်မူကိုလိုအားတောင်းတသောကျွန်ုပ်စိတ်ဇောကိုလည်းသတိထားသည်။ ဘုရားသခင် သည်ကျွန်ုပ်တို့ကိုပျော်ရွှင်ခြင်းသို့ခေါ်ဖိတ်နေသည်။ ဤပျော်ရွှင်ခြင်းသည် မိမိကိုယ်ကိုအခြားသူများအတွက်ဆက်ကပ် ပေးဆက်ခြင်း၌သာတွေ့ရှိနိုင်သည်။ ဆုတောင်းခြင်းသည်ကျွန်ုပ်တို့၏အာရုံကိုယေဇူးသခင်ထံသို့စုစည်းနေစေသည်။

ယနေ့လူမူအသိုင်းအ၀န်း၌ ခေတ်အပြောင်းအလဲဆီသို့ဦးတည်နေသည်။ ထို့ကြောင့်သူတော်စင်များအနေဖြင့် လောကဆန်သောအတွေးအခေါ်၊ အယူအဆများဖြင့်လွှမ်းမိုးခြင်းကိုမခံရစေရန်အထူးသတိထားရမည်။ အဘယ်ကြောင့် ဆိုသော်ထိုလောကဆန်သောအတွေးအခေါ်၊ အယူအဆများသည်ကျွန်ုပ်တို့အားဘုရားသခင်၏ကောင်းကြီးတော်ကိုရှင်း လင်းပြတ်သားစွာမတွေ့မမြင်နိုင်အောင်မှုံန်၀◌ါးစေ၊ ကာဆီးသွားလေ့ရှိသည်။ ထိုအယူအဆများကြောင့်လောကအ သက်တာသည်သာအရေးပါအရာရောက်သည့်အထင်ကို၀င်ရောက်စေလာသည်။ ဤနှောက်ယှက်ခြင်းမျိုးကိုတွန်းလှန် ရန်အကောင်းဆုံးဆေးတစ်လက်မှာမည်မျှပင်အလုပ်များစေကာမူ ထိုရှုပ်ထွေးသောအခြေအနေ၌ပင် ဆုတောင်းခြင်းကိုမ မှိတ်မသုန်ဖက်တွယ်ရှင်သန်ရမည်။ ယေဇူးသခင်ထံသို့အာရုံစူးစိုက်ကြည့်ရူနိုင်သူအနေဖြင့်အဘယ်သို့ရှင်သန်ရမည်၊ အ ဘယ်သို့အစေခံရမည်ကိုလည်းသင်ယူနေပြီး၊ သူတို့သည်ဘုရားသခင်၏ချစ်ခြင်းကိုခံနေရသည်ကိုလည်းအမှတ်ရလျှက်ရှိ သည်။

ကျွန်ုပ်တို့၏ပထမအချစ် ရဟန်းမင်းကြီးအဆိုပါသူတော်စင်များ ယေဇူးသခင်သည်သင်တို့ကတိသစ္စာဆိုခဲ့သကဲ့သို့ပင် သင်တို့ဘ၀၏ပထမ ဦးဆုံးနှင့်တစ်ဦးတည်းသောချစ်သူဖြစ်သလော။ ဤသို့ဖြစ်မှသာလျှင်ကျွန်ုပ်တို့၏ဘ၀တစ်ကွေ့၌တွေ့ဆုံရမည့်သူများကို အမှန်တကယ်သနားတတ်ပေမည်။ အမှန်တကယ်ချစ်တတ်ပေမည်။ ချစ်ခြင်းမေတ္တာသည်မည်သို့နည်းဆိုသည်ကိုယေဇူး သခင်ထံမှသင်ကြားပါ။ ထိုမှချစ်ခြင်းမေတ္တာကိုကျွန်ုပ်တို့အမှန်တကယ်သိရှိနားလည်လာလိမ့်မည်ဟုတိုက်တွန်းခဲ့သည်။ အစဉ်ရှေ့ဆက်ပါ။

ရောမ၌ရောက်ရှိနေသောသူတော်စင်များသည် ရဟန်းမင်းကြီးနှင့်အတူနေ့လယ်မေတ္တာဖြစ်သော အန်ဂျေလူးဆု တောင်းခြင်းကိုရဟန်းမင်းကြီးနှင့်အတူရွတ်ဆိုပူဇော်ခဲ့ကြသည်။ ထိုဆုတောင်းခြင်းအဆုံး၌လည်းရဟန်းမင်းကြီးကမိမိ တို့၏ဆက်ကပ်ပူဇော်ထားသောဘ၀ကိုတွန့်ဆုတ်နှောက်နှေးခြင်းမရှိဘဲ၊ ရှေ့သို့သာဆက်လက်လျှောက်လှမ်းကြရန်အား ပေးတိုက်တွန်းခဲ့သည်။

ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2FDNt3V

Add new comment

7 + 13 =