ပုပ်ဖရန်စစ်မှ တနင်္ဂနွေနေ့တွင် ယခင်ရုပ်ရှင်ဒါရိုက်တာနှင့် ဘော်လုံးအားကစားသမား အား ရဟန်းသိက္ခာတင်ပေးတော့မည်

 ပုပ်ဖရန်စစ်မှ တနင်္ဂနွေနေ့တွင် ယခင်ရုပ်ရှင်ဒါရိုက်တာနှင့် ဘော်လုံးအားကစားသမား အား ရဟန်းသိက္ခာတင်ပေးတော့မည်

 ပုပ်ဖရန်စစ်မှ တနင်္ဂနွေနေ့တွင် ယခင်ရုပ်ရှင်ဒါရိုက်တာနှင့် ဘော်လုံးအားကစားသမား အား ရဟန်းသိက္ခာတင်ပေးတော့မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ လာမည့်ဧပြီလ ၂၅ ရက် တနင်္ဂနွေနေ့တွင် ရဟန်းအသစ် ၉ ပါးကို ရဟန်းသိက္ခာတင်ပေးမည်ဖြစ်ကာ ၎င်းတို့အထဲတွင် အသက် ၂၈ နှစ် ရှိပြီဖြစ်သော ယခင်ရုပ်ရှင် ဒါရိုက်တာ နှင့် ဘော်လုံးအားကစားသမားလည်းပါဝင်ပါတယ်။

အထက်ပါလူငယ်လေးဖြစ်သည့် Samuel Piermarini ဟာ ၂၀၁၀ ခုနှစ်မှာ အသက် ၁၇ နှစ်အောက် ဘော်လုံးအားကစားသမား အဖွဲ့မှာ အီတလီ အားကစားအသင်းအတွက် ဝင်ရောက်ကစားပေးခဲ့သူဖြစ်ကာ A.S. Roma လူငယ်အားကစားအသင်းတွင် ဂိုးဖမ်းသူလည်း ဖြစ်ခဲ့ကြောင်း

ဒီနောက်မှာတော့ ၎င်းဟာ ရဟန်းဘဝ အဖြစ်သို့ ခေါ်တော်မူခြင်းခံရကြောင်းကို သတိပြုမိနေတယ်လို့ မိသားစုကို ဖွင့်ပြောပြခဲ့ကာ း၂၀၁၁ ခုနှစ် ဧပြီ ၂၅ ရက် ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့မှတေ့ာ Redemptoris Mater seminary ရဟန်းဖြစ်သင်ကျောင်းကို ဝင်ရောက်ခဲ့ပြီး ယခုအခါမှာတော့ ရောမသာသနာ အတွက် ရဟန်းတပါးအဖြစ်သို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ စိန့်ပီတာဘာဆီးလီးကားကျောင်းတော်ကြီးတွင် တခြားနောင်တော် ၈ ပါးနှင့်အတူ ထာဝရ ရဟန်းသိက္ခာကို တင်ပေးမှာဖြစ်ပါတယ် “ကျွန်တော်အဲ့ဒီနေ့ကို ရောက်ချင်နေပါပြီ” လို့ ဗာတီကန်သတင်းဌာနနဲ့ အင်တာဗျူးမှာ ၎င်းက ဖြေကြားခဲ့တာပါ။

မိသားစု ၄ ဉီးထဲတွင် အငယ်ဆုံးသားဖြစ်ကာ မိသားစု ကလည်း ၎င်း၏ ဆုံးဖြတ်ချက်အတွက် သဘောတူ ခဲ့ကြကြောင်း

ပါပါးဖရန်စစ်၏လက်တော်မှ ထာဝရ ရဟန်းသိက္ခာခံယူကြမည့် သူများထဲတွင် ၃  ပါးကတော့ အီတလီပြင်ပ ာ ရိုမေးနီးယား၊ ကိုလန်ဘီယာ နှင့် ဘရာဇီးလ် နိုင်ငံတို့မှဖြစ်ကြပြီး အားလုံးထဲတွင် သက်တော် ၂၆ နှစ်မှ ၄၃ နှစ် အသီးသီးရှိကြသည့် ရဟန်းလောင်းများဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3eotVyh

Add new comment

2 + 2 =