ပုပ်ဖရန်စစ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အောက်တိုဘာ ၂၉ တွင်တွေ့ဆိုမည်

 ပုပ်ဖရန်စစ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အောက်တိုဘာ ၂၉ တွင်တွေ့ဆိုမည်

 ပုပ်ဖရန်စစ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အောက်တိုဘာ ၂၉ တွင်တွေ့ဆိုမည်

အမေရိကန်အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ သမ္မတဂျိုးဘိုင်ဒန်ဟာ ဇနီး ဂျေးဘိုင်ဒန် နဲ့အတူ ဗာတီကန်ကို အလည်အပတ် ကြွရောက် ပြီးပုပ်ရဟန်း မင်း ကြီးဖရန်စစ်အရှင်သူမြတ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ၊ ပုပ်ဖရန်စစ်နဲ့ သမ္မတဘိုင်ဒန်တို့ဟာ “ကိုဗစ် ၁၉ အဆုံး သတ် ရေးကဲ့သို့သောအခြေအနေများ၊ ကမ္ဘာကြီးပူနွေးလာမှုပဋိပက္ခများ, နွမ်း ပါး သူ များအားဂရုပြုစောင့်ရှောက်ရေး အစရှိတဲ့ အချက်တွေအားလူဂုဏ် သိက္ခာ အား လေးစားတန်ဖိုးထားပြီး အတူတကွကြိုး ပမ်းဆောင်ရွက်ခြင်း” ဆိုတဲ့အချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လိုဆိုပါတယ်။

သမ္မဂျိုးဘိုင်ဒန် အနေနဲ့ ဗာတီကန်ကို ပထဆုံးအကြိမ်ရောက်ဖူးတာတော့ မဟုတ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပုပ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း မစ္ဆားတရားတော်မှာ ဒုသမ္မတ အနေနဲ့လည်း တက်ရောက်ခဲ့ဘူးတာဖြစ်သလို ပုပ်ဖရန်စစ် ဝါရှင်တန်ဒီစီ၊ ကာပီတိုး ကို အလည်အပတ်ကြွရောက်ခဲ့စဉ်ကလည်း သမ္မတဘိုင်ဒန် ရှိနေခဲ့ကြောင်း

ကင်ဆာတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က ဗာတီကန်မှာ ကျင်းပခဲ့တဲ့ အစီအစဉ်မှာလည်း ပါဝင်တက်ရောက်ခဲ့ဖူးကြောင်း

အမေရိကန်သမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်းကြေငြာအပြီး ၎င်းတို့ရဲ့ ပထမဆုံး တယ်လီဖုန်းဆက်သွယ်ပြောကြားခြင်းမှာလည်း သမ္မတဘိုင်ဒန်က “နွမ်းပါးသူများနဲ့အပယ်ခံများအားစောင့်ရှောက်ရေး၊ ကမ္ဘာကြီးပူနွေးလာမှုပဋိပက္ခ၊ အိုးအိမ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအားကြိုဆိုရေးစသည်တို့ကို လက်တွဲလုပ်ဆောင်လိုတဲ့ ၎င်းရဲ့ ဆန္ဒကို အခိုင်အမာဖော်ပြခဲ့ဘူးတယ်လို့ဆိုပါတယ်။

အကြိမ်များစွာတွေ့ဆုံခဲ့ဖူးကြပေမယ့်လည်း ပုပ်ဖရန်စစ်နဲ့ သမ္မတ တို့ရဲ့ ဒီတခါ တွေ့ဆုံမှုကတော့ အမေရိကန်သမ္မတ အဖြစ် တာဝန်ယူအပြီး၊ သမ္မတတစ်ဉီးအနေနဲ့ အရှင်သူမြတ်ပုပ်ဖရန်စစ်ကို လာရောက်တွေ့ဆုံနူတ်ဆက်မယ့် ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်မှာပါ။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of National Catholic Register

https://bit.ly/3mYK9lF

 

 

Add new comment

12 + 1 =