နိုင်ဂျီးရီးယာပဋိပက္ခာနှင့်ပတ်သက်၍ရဟန်းမင်းကြီးဖရန်စစ်ရှုံ့ချ

 နိုင်ဂျီးရီးယာပဋိပက္ခာနှင့်ပတ်သက်၍ရဟန်းမင်းကြီးဖရန်စစ်ရှုံ့ချ

 နိုင်ဂျီးရီးယာပဋိပက္ခာနှင့်ပတ်သက်၍ရဟန်းမင်းကြီးဖရန်စစ်ရှုံ့ချ

ယခင်အပတ်က နိုင်ဂျီးရီးယားနိုင်ငံ၏ရဲများနှင့်ဆန္ဒထုတ်ဖော်သောပြည်သူတို့အကြားအဓိကရုန်းတစ်ခု၌လူ ပေါင်း (၄၀) ခန့်သေဆုံးခဲ့ကြောင်းအပြည်ပြည်ဆိုင်ရာလွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းကသတင်းထုတ်ပြန်ခဲ့သည်။

ဤ ရုန်းရင်းဆန်ခတ်မူကြီးသည်ဥပဒေပြုရေးအဖွဲ့မှမတော်ဩဇာသုံးလွန်းခြင်း၏နောက်ဆက်တွဲအကျိုးအဆက်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ် ရဟန်းမ်းကြီးက သူ့အနေဖြင့်နိုင်ဂျီးရီးယားနိုင်ငံ၌ဥပဒေပြုရေးအဖွဲ့နှင့်လူငယ်ဆန္ဒထုတ်ဖော်သူများကြားဖြစ်ပွား သောအဓိကရုန်းနှင့်ပတ်သက်၍စိုးရိမ်တကြီးစောင့်ကြည့်နေပါသည်။

မည်သည့်ပုံစံမျိုးဖြင့်မဆိုကျူးလွန်နေသောအ ကြမ်းဖက်လုပ်ရပ်များရှောင်ရှားပြီး၊ အကြမ်းမဖက်သောနည်းလမ်းများဖြင့်တရားမျှတခြင်းနှင့်ဘုံအကျိုးအတွက်လုပ် ဆောင်နိုင်ရန်ဘုရားသခင်ထံဆုတောင်းကြပါစို့’ ဟုတိုက်တွန်းခဲ့ပါသည်။

ရဟန်းမင်းကြီးသည် (၃၀) ကြိမ်မြောက်သာမန် ကာလတနဂ်နွေနေ့၏ဧ၀‌ဂေလိကျမ်းကိုလည်းထောက်ရူ၍ ‘ဘုရားသခင်ကိုချစ်ခြင်း၊ နီးစပ်သူများကိုချစ်ခြင်း၊ ကိုယ်ရှင် ကိုယ်ချစ်ခြင်းသည်ပညတ်တရား၏အဓိကသော့ချက်ဖြစ်ကြောင်း’ ယေဇူးသခင်မိန့်ကြားထေားကြောင်းရှင်းပြခဲ့သည်။ လူအချို့သည်ပညတ်တော်များကိုအကြမ်းဖက်သောနည်းလမ်းများဖြင့်ဖြည့်ဆည်းရန်အားထုတ်လုပ်ဆောင်ကြသည်။ သို့သော်ယေဇူးသခင်က ‘ကိုယ်ကျင့်တရားနှင့်ဘာသာရေးဆိုင်ရာကျင့်၀တ်များကိုအတင်းအကြပ်၊ အကြမ်းဖက်၍ လိုက်ကျင့်နာခံရန်လုပ်ဆောင်၍မရကြောင်း၊ ချစ်ခြင်းဖြင့်သာလက်ခံလိုက်နာစေရမည်ဖြစ်ကြောင်းယေဇူးသခင်သွန်သင် ထားသည်။

တနဂ်နွေနေ့မွန်းတည့် အန်ဂျေလူးဆုတောင်းမေတ္တာ၏အဆုံးသတ်၌ ရင်ပြင်၌စုရုံးရောက်ရှိနေ သောဘုရား ဖူးအနည်းငယ်များအားနှုတ်ဆက်စကားမြွတ်ကြားခဲ့ပါသည်။

ကိုဗစ်ရောဂါကြောင့်လူစုလူ‌ဝေးပြုလုပ်ခြင်းကိုဆက် လက်ကန့်သတ်ထားသောကြောင့်ဘုရားဖူးအနည်းငယ်သာရှိသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3oyc8bT

 

Add new comment

2 + 18 =