စပိန် ဆရာတော်ကြီးများအား ပုပ်ဖရန်စစ် လက်ခံတွေ့ဆုံ

 စပိန် ဆရာတော်ကြီးများအား ပုပ်ဖရန်စစ် လက်ခံတွေ့ဆုံ

 စပိန် ဆရာတော်ကြီးများအား ပုပ်ဖရန်စစ် လက်ခံတွေ့ဆုံ

 

“Ad limina” visit လို့ခေါ်တဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ သာသနာပိုင် ဆရာတော်ကြီးများ၏ ၅ နှစ် တစ်ကြိမ် တွေ့ဆုံခြင်း ၊ သာသနာအကြောင်း အစီရင်ခံခြင်း အစီအစဉ်အတွက် စပိန်နိုင်ငံမှ ဆရာတော်ကြီး ၂၄ ပါးတို့ဟာ ဗာတီကန်သို့ရောက်ရှိလာကြပြီး  ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ၎င်းတို့အားလက်ခံတွေ့ဆုံခဲ့ပါတယ်။

အထက်ပါ ဆရာတော်ကြီးများဟာ စပိန်မြောက်ပိုင်းမှ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံကြမယ့် ဆရာတော်ကြီးများအဖွဲ့ ၄ ဖွဲ့မှ ပထမဆုံး လာရောက်တွေ့ဆုံတဲ့အဖွဲ့ဖြစ်ကြောင်း

အရှင်သူမြတ်နဲ့ တွေ့ဆုံရာမှာ ဆန်သီယာဂို သို့ ဩဂုတ်လမှာ ပါပါးဖရန်စစ်အလည်အပတ်ကြွရောက်ပါမည့်အကြောင်း ဖိတ်ခေါ်လျှောက်ထားချက်လည်းပါဝင်တယ်လို့ဆိုပါတယ်။

ပုပ်အနေနဲ့ ဆန်သီယာဂို ကိုအလည်အပတ်ကြွရောက်ဘို့ စိတ်ဝင်စားမယ်လို့ကျွန်ုပ်ထင်မိပါတယ်။ သို့သော် လက်ရှိအခြေအနေတွေအရ သူလာနိုင်လောက်မလားဆိုတာကိုတော့ အတည်ပြောလို့မရသေးပါဘူး” လို့ စပိန်ဂိုဏ်းချုပ်ဆရာတော်ကြီး ABP. JULIÁN BARRIO ကဆိုပါတယ်။

ကျန်ရှိနေတဲ့ ဆရာတော်ကြီး ၃ ဖွဲ့ကတော့ အရှင်သူမြတ်နဲ့တွေ့ဆုံခြင်းအစီအစဉ်များကို ဇန်နဝါရီလမှ စတင်သွားမယ်လို့ဆိုပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/30AQIE7

 

 

 

Add new comment

11 + 7 =