ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်ဘယ်လားရုစ့်နိုင်ငံအား ဗာတီကန် တိုက်တွန်း

 ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်ဘယ်လားရုစ့်နိုင်ငံအား ဗာတီကန် တိုက်တွန်း

 ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်ဘယ်လားရုစ့်နိုင်ငံအား ဗာတီကန် တိုက်တွန်း

ဘယ်လားရုစ့်နိုင်ငံ၏ပြည်တွင်းရေးနှင့်ပတ်သက်၍ ဆန္ဒပြသူများကိုအင်အားအလွန်အကျွံအသုံးပြုခြင်း၊ လူ့အခွင့် အရေးများချိုးဖောက်ခြင်း စသောအကြောင်းအရာများကိုဂျာနီဗာရုံး၌ လူ့အခွင့်အရေးဆိုင်ရာကောင်စီမှကြီးမှူးကျင်းပ သောဆွေးနွေးပွဲ၏အဓိကအကြောင်းအရာများဖြစ်သည်။

ဗာတီကန်အနေဖြင့်ဘယ်လားရုစ့်နိုင်ငံရေးအခြေအနေကိုလေ့ လာသုံးသပ်ပြီးနောက်ယခုကဲ့သို့ ငြိမ်းချမ်းသော၊ တရားမျှတသော၊ အကြမ်းမဖက်သော၊ သဘောထားကြီးစွာတွေ့ဆုံဆွေး နွေးသောနည်းလမ်းများဖြင့်တင်းမာမူများကိုဖြေလျော့ကြရန်ထပ်မံတောင်းဆိုခြင်းဖြစ်ကြောင်း၊ ထို့အတူတရားမျှတခြင်း နှင့်လူ့အခွင့်အရေးနှင့်နိုင်ငံသားအခွင့်အရေးများကိုလည်းလေးစားရန်တောင်းဆိုခဲ့သည်။

မကြာမီကလည်းဘယ်လားရုစ့် နိုင်ငံ၏အခြေအနေအမှန်ကိုသိရရန် ဗာတီကန်ကိုယ်စားလှယ်ဂိုဏ်းချုပ်ဆရာတော် Richard Paul Gallagher ကိုစက် တင်ဘာလ (၁၁ မှ ၁၄) အထိစေလွှတ်ခဲ့ကြောင်း၊ ထိုမှသိရသောအချက်အလက်များကိုထောက်၍နိုင်ငံတော်အတွက်သော် လည်းကောင်း၊ ဒေသန္တရကက်သလစ်သာသနာတော်ကြီးအတွက်လည်းကောင်းစိုးရိမ်မကင်း၍ပန်ကြားခြင်းဖြစ်ကြောင်း၊ ဂိုဏ်းချုပ်ဆရာတော်၏ကြွရောက်ခဲ့ခြင်းသည်သာသနာတော်ကြီး၏အမူတော်နှင့်လူမူရေးပြန်လည်ကြေအေးခြင်းနှင့်စည်း လုံးခြင်းကိုလုပ်ဆောင်နေကြောင်းကိုပိုမိုသိရှိသွားမည်ဟုမျှော်လင့်ကြောင်း၊ ဆန္ဒထုတ်ဖော်နေသူများ၏တောင်းဆိုချက်ကို လည်းနားထောင်ပေးရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်၄င်းတို့၏လူ့အခွင့်အရေးနှင့်နိုင်ငံသား၏အခွင့်အရေး လည်းဖြစ်ကြောင်း၊ ဗာတီကန်အနေဖြင့်လက်ရှိဘယ်လားရုစ့်နိုင်ငံရေးတင်းမာနေမူကိုအမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းပြီးစီး စေလိုသောဆန္ဒရှိကြောင်းပြောကြားခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kEZIfS

Add new comment

3 + 7 =