ကုလသမဂ္ဂစားနပ်ရိက္ခာ စနစ်၏ ထိပ်သီးအစည်းအဝေးသည် ပိုမိုမျှတသော ကမ္ဘာကြီးကိုတည်ဆောက်ရန်အခွင့်အလမ်းတစ်ခုဖြစ်သည်။

 ကုလသမဂ္ဂစားနပ်ရိက္ခာ စနစ်၏ ထိပ်သီးအစည်းအဝေးသည် ပိုမိုမျှတသော ကမ္ဘာကြီးကိုတည်ဆောက်ရန်အခွင့်အလမ်းတစ်ခုဖြစ်သည်။

 ကုလသမဂ္ဂစားနပ်ရိက္ခာ စနစ်၏ ထိပ်သီးအစည်းအဝေးသည် ပိုမိုမျှတသော ကမ္ဘာကြီးကိုတည်ဆောက်ရန်အခွင့်အလမ်းတစ်ခုဖြစ်သည်။

RVA Myanmar (30.7.2021)

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဇူလိုင် ၂၆ မှ ၂၈ ရက်အထိ ရောမမြို့၌ ကျင်းပသည့် ကုလသမဂ္ဂစားနပ်ရိက္ခာစနစ်နှင့်ဆိုင်ရာ အကြို ထိပ်သီးအစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် "အန်တိုနီယိုဂူတာရက်စ်" ထံသို့ သတင်းစကားပေးပို့ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် "အန်တိုနီယိုဂူတာရက်စ်" ၏ ဦးဆောင်မှုနှင့် အီတလီအစိုးရမှ ဦးဆောင်သော စားနပ်ရိက္ခာစနစ်များ အကြိုထိပ်သီးအစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့သော  စားနပ်ရိက္ခာ စနစ်ပြောင်းလဲခြင်း၏ ရည်မှန်းချက်နှင့် စတင်လာခဲ့သော  ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှု၏ ကြိုးစားအားထုတ်မှုနှင့် ပါဝင်လှူဒါန်းပေးမှု လမ်းစဉ်သည် စားနပ်ရိက္ခာစနစ်များကို ပြောင်းလဲ၍၊ စက်တင်ဘာလ၌ ကျင်းပသော ရည်မှန်းချက်ကြီး၍ အကျိုးဖြစ်ထွန်းသောထိပ်သီးအစည်းအဝေးအတွက် လမ်းဖွင့်ပေးနေသည်။

ထိုသတင်းစကားတွင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က "ဤအရေးကြီးအစည်းအဝေးသည် COVID-19 ကာလအတွင်း ငတ်မွတ်ခေါင်းပါးမှု၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှုကို ကျော်လွှားနိုင်ရန်အတွက် ယနေ့၊ ကျွန်ုပ်တို့၏ အကြီးမားဆုံးသော စိန်ခေါ်မှုများအနက်မှ တစ်ခုဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

"စားနပ်ရိက္ခာစနစ်များ အကြိုထိပ်သီးအစည်းအဝေးက စုပေါင်းလုပ်ဆောင်မှုလိုအပ်ကြောင်းမီးမောင်းထိုးပြ"

ကမ္ဘာမြေကြီး၏အော်ဟစ်သံ

သနားစရာအလွန်ကောင်းသော ကမ္ဘာမြေကြီးကိုယ်တိုင်က  ဘုရားသခင်ထံမှ ကျွန်ုပ်တို့ ကုန်ပစ္စည်းများကို တာ၀န်မဲ့အသုံးပြုခြင်းနှင့် အလွဲသုံးစားပြုမှုများကြောင့် သူ့တို့အပေါ်သို့ ကျရောက်စေသော နစ်နာပျက်စီးမှုများ အတွက်  အော်ဟစ်နေစဉ် ဤကူးစက်ရောဂါသည် “လူသားမျိုးနွယ်တစ်ခုအနေနှင့် ကျွန်ုပ်တို့၏စည်းလုံးမှုကို ပျက်ပြားစေသော စနစ်ကျသောမတရားမှုများနှင့်  ကျွန်ုပ်တို့အား ရင်ဆိုင်ခဲ့သည်။

ဆက်လက်၍ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားထားသည်မှာ “ကမ္ဘာဂြိုဟ်၏ စွမ်းဆောင်ရည်ကို” တိုးမြှင့်နိုင်ရန်အတွက် နည်းပညာအသစ်များတီထွင်စဉ်ကပင် ကျွန်ုပ်တို့သည်သဘာဝတရားကို သီးနှံများ မဖြစ်ထွန်းနိုင်သည်အထိ အမြတ်ထုတ်အသုံးပြုသဖြင့် ပြင်ပသဲကန္တာရများကိုသာမက အတွင်းပိုင်း ဝိညာဉ်ရေးရာ သဲကန္တာရများကိုပါတိုးချဲ့ခဲ့သည်။

"ပေါများကြွယ်ဝသော ကမ္ဘာပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်း၏ သိက္ခါကျဖွယ် ဖြစ်ရပ်"

လူသားအားလုံးအတွက် လုံလောက်သော အစားအစာကို ထုတ်လုပ်ပေးသော ကမ္ဘာပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်း၏ သိက္ခါကျဖွယ် ဖြစ်ရပ်ကို ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ပြစ်တင်ရှုတ်ချသည့်အပြင် ၎င်းသည်“ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်သည့်ရာဇ၀တ်မှု” ဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က “ဤမတရားမှုကိုခိုင်လုံသည့် လုပ်ရပ်များ၊ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ၊ ရဲရင့်သောဒေသတွင်းနှင့် နိုင်ငံတကာမူဝါဒများမှတဆင့်တိုက်ဖျက်ရန်မှာ လူတိုင်း၏တာဝန်ဖြစ်ကြောင်း အလေးအနက်ဖော်ပြသည်။

ဤရှုထောင့်မှကြည့်လျှင် စားနပ်ရိက္ခာ စနစ်များ၏ ဂရုတစိုက်နှင့် သေချာစွာပြင်ဆင်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှပါ၀ င်သည်။

အတွေးအခေါ်သစ်

ပုပ်ရဟန်းမင်းကြီးကအစားအစာကို ထုတ်လုပ်ခြင်းသည် မလုံလောက်ကြောင်းအလေးအနက်ပြောကြားခဲ့သည်။ ထို့အပြင် လိုအပ်သည်မှာ“ အတွေးအမြင်အသစ်နှင့် ပြည့်ဝသောဘက်စုံနည်းလမ်းအသစ်” ဖြစ်ပြီးကမ္ဘာမြေကိုကာကွယ်ရန်နှင့်လူ့ဂုဏ်သိက္ခာကို ဗဟိုပြု၍ ထားရှိမည့် အစားအစာ နည်းစနစ်များကို ဒီဇိုင်းဆွဲရန်ဖြစ်သည်။ သို့မှသာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်စားနပ်ရိက္ခာလုံလုံလောက်လောက်ရရှိစေကာ ဒေသအလိုက် သင့်တင့်လျောက်ပတ်သောအလုပ်ကို မြှင့်တင်ကာ အနာဂတ်ကိုမထိခိုက်စေဘဲ ယနေ့ကမ္ဘာကိုပြုစုပေးနိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ ”

အဆိုပါ အမှာစကား၌ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်စ်သည် “ကျေးလက်ဒေသ ကဏ္ဍ၏ ဗဟိုအချက်အချာကျမှုကို ပြန်လည်ထူထောင်ရန်” နှင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ဦးစားပေးအခန်းကဏ္ဍကို “နိုင်ငံရေးနှင့် စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်ခြင်းလုပ်ငန်းစဉ်တွင် ထပ်မံအတည်ပြုရန်၊  ” လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့သည်။ ထူထောင်လျက်ရှိသော ပြီးခဲ့သည့် ကပ်ရောဂါ၏ "ပြန်လည်စတင်ခြင်း" လုပ်ငန်းစဉ်၏ ဖွဲ့စည်းပုံ ဖော်ပြချက်အစီအစဉ်များ၌ ကြိုးပမ်းလုပ်ဆောင်သွားကြရန် မှာကြားခဲ့သည်။

မိသားစု၏အရေးပါမှု

ပုပ်ရဟန်းမင်းကထောက်ပြသည်မှာ အသေးစားလယ်သမားများနှင့် မိသားစုသည် “စားနပ်ရိက္ခာစနစ်၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထို့အပြင် မူဝါဒများသည်  "ကျေးလက်အမျိုးသမီးများ၏ လိုအပ်ချက်များကိုအပြည့်အဝဖြည့်ဆည်းပေးခြင်း၊ လူငယ်များအလုပ်အကိုင်ရရှိစေရန်နှင့် အဆင်းရဲဆုံးနှင့်အဝေးဆုံးဒေသများ၌ ရှိနေကြသော လယ်သမားများ၏ လုပ်ငန်းတိုးတက်စေရန်မူဝါဒများချမှတ်သင့်ကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က အကယ်၍ အကျိုးဖြစ်သော ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့်  စားနပ်ရိက္ခစနစ်ကို ပြုပြင်ထိန်းသိမ်းလိုလျှင် တာဝန်ဝတ္တရားအပေါ်မူတည်၍ တရားမျှတခြင်း၊ ငြိမ်ချမ်းခြင်း၊ နှင့် လူမျိုးနွယ်စု၏ စည်းလုံးညီညွတ်မှုသည် အ‌ဓိကဖြစ်သည်။ရဲရင့်သော ညှိနှိုင်ဆွေးနွေးမှု

လတ်‌တလော ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပဋ္ဌိပက္ခများသည် ရဲရင့်၍ သတ္တိရှိသော အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများနှင့် တရားမျှတမှုမရှိသော စားနပ်ရိက္ခာ စနစ်၏ အရင်းအမြစ်ကို ဖော်ထုတ်၍ အမှန်တရား၌ ချိတ်ဆက်နိုင်သော တစ်ခုတည်းသော အခွင့်အလမ်းတစ်ခု အမှန်တကယ်ဖြစ်နိုင်ကြောင်း မိန့်ကြားခဲ့သည်။

အမှာစကား၏ နိဂုံးချုပ်သို့ရောက်သောအခါ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အရေးကြီးလှသော ဤအစည်းအဝေး၌ " ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏ အိမ်မက်တစ်ခုဖြစ်သော အစာအဟာရ၊ သောက်ရေ၊ ဆေးဝါးများနှင့် အလုပ်အကိုင်များသည် ပေါများလျှံပယ်ပြီး ပထမဦးဆူံ အဆင်းရဲဆုံးသော သူများထံသို့ရောက်ရှိနိုင်ခြင်းကို ဂရုစိုက်သိမှတ်ရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

"အသင်းတော်၏ ထောက်ပံ့ပါဝင်မှု"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က“Holy See နှင့်အတူ၊ ကက်သလစ်ကက်သလစ်အသင်းတော်သည် ဤမြင့်မြတ်လှသော ရည်မှန်းချက်၏ အစေခံဆက်ကပ်ခြင်းအတွက် မိမိတို့ကိုယ်တိုင်ပါဝင်ခြင်း၊ ပါဝင်လှူဒါန်းခြင်း၊ လုပ်အား၊ စိတ်အားနှင့် လိမ္မာပါးနပ်သော ဆုံးဖြတ်ချက်များ၌ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပါဝင်ကြမည်ဖြစ်ကြောင်း ‌လေးလေးနက်နက် မိန့်ကြားခဲ့သည်။

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က စားနပ်ရိက္ခာ စနစ်များပြန်လည်ထူထောင်ရန်အတွက် ဤအစည်းအဝေးသည် ကျွန်ုပ်တို့အားငြိမ်းချမ်း၍ သာယာဝပြောသည့် လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန်နှင့် စစ်မှန်သော လူ့အသိုင်းအဝိုင်း၌ လျှောက်လှမ်းနိုင်မည့်  ငြိမ်သက်ခြင်း မျိုးစေ့များကို လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းဖော်ပြရင်း နိဂုံးချူပ်ခဲ့ပါသည်။

ဘာသာပြန်- Sr.Lucy Ciang, SJA

#rvamyanmar #rvapastoralcare #PopeFrancisNews

https://bit.ly/3zN3dbn

Add new comment

11 + 4 =