ကာဒီနယ် Vela Chiriboga ၏ပျံလွန်သွားခြင်းအတွက်ပုပ်ရဟန်းမင်းကြီးက၀မ်းနည်းကြောင်းမိန့်ကြား

 ကာဒီနယ် Vela Chiriboga ၏ပျံလွန်သွားခြင်းအတွက်ပုပ်ရဟန်းမင်းကြီးက၀မ်းနည်းကြောင်းမိန့်ကြား

 ကာဒီနယ် Vela Chiriboga ၏ပျံလွန်သွားခြင်းအတွက်ပုပ်ရဟန်းမင်းကြီးက၀မ်းနည်းကြောင်းမိန့်ကြား

အီကွေဒေါနိုင်ငံ၊ Quito ဂိုဏ်းချုပ်ဆရာတော် Alfredo José Espinoza Mateus အားပေးပို့သောသံကြိုးစား၌ရ ဟန်းမင်းကြီးက ကာဒီနယ် Raúl Eduardo Vela Chiriboga ၏ပျံလွန်ခြင်းသတင်းအတွက်၀မ်းနည်းရပါကြောင်း၊ Quito ၏ဂိုဏ်းချုပ်ဆရာတော်အဖြစ် (၂၀၀၃ မှ ၂၀၁၀) အမူတော်ထမ်းခဲ့သောဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) သည်ပြီးခဲ့ သောတနဂ်နွေနေ့ကပျံလွန်တော်မူသွားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးကဆက်လက်၍ ပျံလွန်သွားခဲ့သောဂိုဏ်းချုပ်ဆရာတော် (ငြိမ်း) ၏ဆွေမျိုးသားချင်း၊ သာသနာမှအသင်းအဖွဲ့အသီးသီးတို့နှင့်လည်းထပ်တူ၀မ်းနည်းရပါကြောင်း၊ သူ၏ကိုယ်ကျိုးမ ဖက်သောသိုးထိန်းအမူတော်ကိုနှစ်ပေါင်းများစွာတည်ကြည်စွာဖြင့်ဘုရားသခင်အားလည်းကောင်း၊ ဘုရားသခင်၏သာသ နာအားလည်းကောင်းထမ်းဆောင်ခဲ့သည်။ သူ၏၀ိညာဉ်သည်အသနားတော်မြတ်ခံရ၍ငြိမ်သက်ချမ်းသာစွာခံစားရရန်ဆု တောင်းပေးမည်ဖြစ်ကြောင်းနှင့်ရဟန်းမင်းကြီးအနေဖြင့်ပျံလွန်သွားသူနှင့်သူ၏အသိုင်းအ၀ိုင်းများအပေါ်သူ၏တမန်တော်ကောင်းကြီးတော်ကိုလည်းသက်ရောက်ရန်ပါစေကြောင်းကောင်းကြီးပေးခဲ့သည်။ လူကြီးရောဂါဖြင့်ပျံလွန် ကာဒီနယ်သည် အသက်တော် (၈၆) နှစ်ရှိပြီဖြစ်ပြီး၊ လူကြီးရောဂါဖြင့်နို၀င်ဘာလ (၁၅) ရက်နေ့၊ စိန့်ကာမီးလူစ့် ဆေးရုံ၌ပင်ပျံလွန်သွားခဲ့ခြင်းဖြစ်သည်။

ကာဒီနယ်သည်နာကျင်မူသက်သက်သာစေသောဆေးများထိုးနှံနေခဲ့ရသည်မှာ ရက်သတ္တပတ်အနည်းငယ်ရှိပြီဖြစ်သည်။ စျာပနကို နို၀င်ဘာလ (၁၇) ရက်နေ့၊ Quito ဂိုဏ်းချုပ်သာသနာ၏ကက်သီဒရယ် ၌မစ္ဆားတရားပူဇော်၀တ်ပြုခြင်းရှိမည်။ အီကွေဒေါကက်သလစ်ဆရာတော်ကြီးများကလည်း ကာဒီနယ်၏ဆုံးရှုံးခြင်းအ တွက်ပူဆွေးခံစားရပါကြောင်း၊ သို့သော်အဆုံးတိုင်အောင်တည်ကြည်ခဲ့သောဘုရားအစေခံဖြစ်ခဲ့‌သောကြောင့် နှစ်သိမ့်မူကို ခံစားရပါကြောင်း၊ ဘုရားသခင်သည်သူ၏သစ္စာရှိသောငယ်သားကောင်းကိုသူ၏ဘုန်းတော်၀င်စားရန်အမှန်တကယ်ကြိုဆို နေမည်ဖြစ်ကြောင်း၊ အလွန်ဆက်ကပ်သောကာဒီနယ်အားအီကွေဒေါသာသနာနယ်အားလည်းကောင်း၊ အီကွေဒေါဘာသာ တူများအားပေးသနားတော်မူသောကြောင့်လည်း ဘုရားသခင်အားကျေးဇူးတင်ပါသည်။

ကာဒီနယ်၏၀ိညာဉ်အသနား တော်မြတ်ခံရစေရေးဆုတောင်းပေးရန်ဘာသာတူများအားလည်းတိုက်တွန်းထားပါသည်။ ကာဒီနယ်၏ကိုယ်ရေးမှတ်တမ်းအကျဉ်း ကာဒီနယ်အား (၁၉၃၄၊ ဇန္နာ၀ါရီလ ၁) ရက်နေ့ Riobamba ၌မွေးဖွားခဲ့သည်။ Quito ဂိုဏ်းချုပ်၏အငြိမ်းစား ဂိုဏ်းချုပ်ဆရာတော်ဖြစ်သည်။ ဂိုဏ်းချုပ်သာသနာ၏ဆရာတော်အဖြစ် (၂၀၀၃ မှ ၂၀၁၀) အထိအမူတော်ထမ်းခဲ့သည်။ သူ့ အားဂိုဏ်းချုပ်ဆရာတော်မှာ Fausto Trávez Trávez ကဆက်ခံခဲ့သည်။ ရဟန်းမင်းကြီး (ငြိမ်း) ဘက်နေဒစ် (၁၆) မှသူ့ အား (၂၀၁၀၊ နို၀င်ဘာလ ၂၀) ရက်နေ့က ကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခဲ့သည်။

(၂၀၁၅) ခုနှစ်၌ ရဟန်းမင်းကြီးဖ ရန်စစ်မှကာဒီနယ်အား (၁၀) ကြိမ်မြောက်ပီရူးနိုင်ငံ၏ ကိုယ်တော်မြတ်ကွန်ဂရက်စ်၌သူ၏အထူးကိုယ်စားလှယ်အဖြစ်ရွေး ချယ်ဦးဆောင်စေခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/331T3pq

Add new comment

7 + 7 =