ကာဒီနယ်တာ့ဂလယ်အပေါ်သမ္မတ ဒူတာတေး၏ စွပ်စွဲချက်ကို ဖိလစ်ပိုင်ဆရာတော်များက ချေပခြင်း

 ကာဒီနယ်တာ့ဂလယ်အပေါ်သမ္မတ ဒူတာတေး၏ စွပ်စွဲချက်ကို ဖိလစ်ပိုင်ဆရာတော်များက ချေပခြင်း

  ကာဒီနယ်တာ့ဂလယ်အပေါ်သမ္မတ ဒူတာတေး၏ စွပ်စွဲချက်ကို ဖိလစ်ပိုင်ဆရာတော်များက ချေပခြင်း

ယခင်မနီလာဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်သည့် ကာဒီနယ်လူး၀စ် အန်တိုနီယို တာ့ဂလယ် အား သမ္မတ ဒူတာတေးမှ စွပ်စွဲချက်ကို ဖိလစ်ပိုင်ကက်သလစ် ဆရာတော်များက ချေပကြပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးက မတ်လ ၁၀ ရက်နေ့ ပါဆိုင်းမြို့မှာ ကာဒီနယ် တာ့ဂလယ်ဟာ နိုင်ငံရေးမှာ ၀င်စွက်ဖက်တာတွေကြောင့် ပုပ်ဖရန်စစ်ကစိတ်ဆိုးပြီး သူ့ကို မနီလာဂိုဏ်းချုပ်ဆရာတော်အဖြစ်ကနေ ထုတ်ပစ်လိုက်တာဟူသည့် စကားဖြင့် စွပ်စွဲပ​​ြောဆိုခဲ့တာပါ။
ဒါကြောင့် ဖိလစ်ပိုင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က သမ္မတ အနေနဲ့ အခြေအမြစ်မခိုင်တဲ့ စွပ်စွဲချက်တွေနဲ့ အချိဖြုန်းနေမဲ့အစား လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်းက အရေးကြီးတဲ့ ကိစ္စရပ်တွေကိုသာ အာရုံစိုက်သင့်ကြောင်း ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဒု ဥက္ကဌ ဆရာတော်ကြီး ဒေးဗစ်က မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြ ချေပခဲ့တာပါ။
ကာဒီနယ်တာ့ဂလယ်အား ဧဝံဂေလိသတင်းကောင်းပျံ့ပွားရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်တာ၀န်ခံအဖြစ် ဒီဇင်ဘာ ၈ ရက်နေ့က ပုပ်ဖရန်စစ်အရှင်သူမြတ်က ခန့်အပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်၀ါရီလက ၄င်း၏ တာ၀န်သစ် ထမ်းဆောင်ရန် ကာဒီနယ် တာ့ဂလယ်ဟာ မနီလာကိုနုတ်ဆက်ခါ ရောမ မြို့တော်သို့ ကြွသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ ၄င်း၏ မူးယစ်နှိမ်နှင်းရေးမှာ လူများစွာသတ်ဖြတ်မှုနဲ့ သန္ဓေတားခြင်းပြဿနာတွေအပေါ်မှာ ကက်သလစ်ဆရာတော်ကြီးများရဲ့ ဆန့်ကျင်မှုတို့ကြောင့် ကက်သလစ် အသင်းတော် အပေါ် အလေးသာခြင်းမရှိပါဘူး။
တာ့ဂ်ဘီလားရန် ဆရာတော်ကြီးက ကာဒီနယ် တာ့ဂလယ်ဟာ ပုပ်ဖရန်စစ်ရဲ့ ယုံကြည်အားကိုးမှုကို ခံရသူဖြစ်တယ်။ သူဟာ ကျွန်ုပ်တို့ အတုယူထိုက်သူ ၊ အလွန်ကြင်နာသနားတတ်ပြီး နှိမ့်ခချခြင်းရှိသူဖြစ်တယ်ဆိုတာ ကျွန်ုပ်မျက်မြင်ကိုယ်တွေ့အဖြစ်သက်သေခံတယ်လို့ဆိုခဲ့သလို တခြားဆရာတော်ကြီးများကလည်း ကာဒီနယ်အပေါ် ၄င်းတို့၏ ယုံကြည်အားထားခြင်းကိုထုတ်ဖော်ကြရင်း သမ္မတ ဒူတာတေး၏ စွပ်စွဲချက်ကို ချေပ ခဲ့ကြတာဖြစ်ပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/2QfNYmX

Add new comment

2 + 5 =