ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၊ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် ဆုတောင်းပေးတော်မူပါစေ။

  ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၊ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် ဆုတောင်းပေးတော်မူပါစေ။

  ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၊ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် ဆုတောင်းပေးတော်မူပါစေ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၏ နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ်ကို အောက်မေ့သောအားဖြင့် ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းခြင်း ရှိစေရန် အရှင်မြတ်အား ကြားဝင်ဆုတောင်းပေးရန် ဆုတောင်းခဲ့လေသည်။

By Vatican News
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် တနင်္ဂနွေနေ့ Regina Caeli မေတ္တာကို ဆိုပြီးနောက် "မနက်ဖြန်သည် ပိုလန်နိုင်ငံသား၊ ဝက်ဒိုဝိုက်စ် မှ၊ ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်၏ နှစ်တစ်ရာပြည့် မွေးနေ့ရက်မြတ် ဖြစ်ပါသည်။" ဟု သတိပေးမှာကြားပြီး ခရစ်ယာန် ညီအစ်ကို မောင်နှမများအား ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်အား ကြည်ညိုလေးစားမှု အပြည့်ဖြင့် အောက်မေ့သတိရကြဖို့ ဖိတ်ခေါ်မှာကြားခဲ့ပါသည်။
ယုံကြည်သူ၊ ဘာသာတူများအတွက် တိုက်ရိုက်ထုတ်လွှင့် မှုအစီစဉ်ကိုလည်း Regina Caeli မေတ္တာဆိုသည့်နေရာ (Apostolic Library) မှ ထုတ်လွှင့်မှုနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးသည် တနင်္လာနေ့ မစ္ဆားတရားတော်ကို၊ မနက်ပိုင်း (၇)နာရီတွင် ရဟန္တာဒုတိယမြောက် ဂျွန်ပေါလ်၏ ရုပ်ကလပ်
တော် ဌာပနာထားရာပုလ္လင်တွင် ကျင်းပပြီး World Visionတွင် ထုတ်လွင့်မည်ဖြစ်ကြောင်း သတင်းပေးကြေငြာခဲ့ပါသည်။

ရဟန္တာ ဒုတိယမြောက် ဂျွန်ပေါလ်....ကောင်းကင်ရွှေပြည်မှ ဘုရားသခင်၏ လူမျိုးတော်အတွက် နှင့် ကမ္ဘာသူ၊ကမ္ဘာသားများ ငြိမ်းချမ်းရေးရရှိစေရန်အတွက် ဆုတောင်းပေးပါ။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/36kiGCj

Add new comment

5 + 5 =