ရဟန်းမင်းကြီးဖရန်စစ်သည်ဆီးရီးယားခရစ်ယာန်တို့အားအရေးကြီးသောဆုတောင်းမေတ္တာစာအုပ်ကိုပြန်လည်ပေးအပ်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည်ဆီးရီးယားခရစ်ယာန်တို့အားအရေးကြီးသောဆုတောင်းမေတ္တာစာအုပ်ကိုပြန်လည်ပေးအပ်ခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဆီးရီးယားခရစ်ယာန်တို့အားအရေးကြီးသောဆုတောင်းမေတ္တာစာအုပ်ကိုပြန်လည်ပေး အပ်ခဲ့

ဆုတောင်းမေတ္တာများရေးသားထားသီကုံးထားသော အလယ်ခေတ်ကခရစ် ယာန်များ၏ ပေလွှာများသည်အ စွန်းရောက်မွတ်စလင်တို့ကြောင့်ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့်သမိုင်း၀င်သောတမန်တော်ခရီးကြွရောက်နေ စဉ်၌ပုပ် ရဟန်းမင်း ကြီးသည်အခြေအနေဖန်တီး၍ ဆီးရီးယားအသင်းတော်၏ဘာသာရေးခေါင်း ဆောင်များနှင့်တွေ့ဆုံခဲ့ကာ ၄င်းတို့၏ဘာသာရေး၀တ်ပြုခြင်းအခမ်းအနား၌ အလွန်အရေးပါသောဆုတောင်းမေတ္တာစာအုပ်ကို Qaraqosh မြို့၌ပြန် လည်ပေးအပ်ခဲ့သည်။

အဆိုပါဆုတောင်းမေတ္တာစာအုပ်ကို အစွန်းရောက်မွတ်စ လင်တို့၏လက်ထဲမှပြန်လည်ရယူထားခဲ့ ပြီး၊ ဤကဲ့သို့သောရှေးဟောင်းပေလွှာများကိုမပျက်မစီးအောင်ထိန်းသိမ်းရာ၌ကျွမ်းကျင်ပညာရှင်တို့က ဗာတီကန်၌ထိန်း သိမ်းထားပေးခဲ့ခြင်းဖြစ်သည်။

ဤပေလွှာသည် (၁၄) ရာစုခေတ်ကဖြစ်ပြီး၊ ပါစကားကာလအတွင်းအသုံးပြုရသော၀တ်ရွတ်စဉ်များဖြစ်သည်။ ရေးသားထားသောဘာသာ စကားမှာအာရာမိုက်ဖြစ် သည်။ ဤဆုတောင်းမေတ္တာ စာအုပ်သည် အစမူလက Al-Tahira ရှိ ‘အပြစ်မဲ့သနွေယူတော်မူသောမယ်တော်’ ဘုရားကျောင်း၌ထားရှိအသုံးပြုခဲ့သည်။ (၂၀၁၄-၂၀၁၆) ခုနှစ်အထိ အစွန်း ရောက်မွတ်စအလင်တို့ က Qaraqosh မွို့ကိုဝင်ရောက်စီးနင်းသောအခါ ဆီးရီးယားဝိနည်း ကိုကျင့်သုံးသောခရစ်ယာန် များအားဖမ်းဆီးနှိပ်သတ်ဖြတ်ခဲ့ကြသည်။ ၄င်းမြို့သည်အစွန်းရောက်မွတ်စလင်တို့၏ လက်အောက်ကျရောက်နေ စဉ်၌ ဘုရားကျောင်းများကိုလည်းဖျက်ဆီးခဲ့ကြသည်။ မီးတင်ရှို့ခဲ့ကြသည်။ သို့သော်ယခုအခါ ပြန်လည်မွှမ်းမံခဲ့ပြီးဖြစ် သည်။

အဆိုပါဆုတောင်းမေတ္တာအုပ်ကို (၂၀၁၇၊ ဇန်နဝါရီ) လ၌အီရတ်တောင်ပိုင်းတွင်တွေ့ရှိခဲ့ပြီးနောက် မိုဆူးလ်မြို့၏ဂိုဏ်းချုပ်ဆရာ တော်ထံသို့ပေးပို့လိုက်ကြသည်။ ဆရာတော်ကလည်း ပိုမိုလုံခြုံစေရန်အတွက် အစိုးရမ ဟုတ်သောခရစ်ယာန်လူမူအဖွဲ့အစည်းတစ်ခုအားပေးအပ်ထားခဲ့သည်။ ထို့နောက်ရောမမြို့၌သိမ်းဆည်းထားစေရန်ပေး ပို့ခဲ့ကြသည်။ ယခုတစ်ကြိမ် ရဟန်းမင်းကြီးပြန်လည်ပေးအပ်ခဲ့သောအဆိုပါဆု တောင်းမေတ္တာစာအုပ်မှာ ကောင်းစွာပြန် လည်ပြင်ဆင်မွှမ်းမံပြီးသောစာအုပ်ဖြစ် သည်။ ဤစာအုပ်ကိုပြန်လည်မအပ်နင်းမီအဆိုပါဘုရားကျောင်း၌ အန်ဂျေလူးဆု တောင်းမေတ္တာကိုအတူတကွဆုတောင်းခဲ့ကြသည်။

ဤစာအုပ်ကိုမူရင်းလက်ရာအတိုင်းမပျက်အောင်ပြန်လည်မွှမ်းမံရာတွင် (၁၀) လခန့်အချိန်ယူခဲ့ရကြောင်း ဤ လုပ်ငန်းစဉ်ကို ရောမရှိရှေးဟောင်းအမွေအနှစ်ပစ္စည်းများပြန်လည်ပြုပြင်မွှမ်းမံထိန်းသိမ်းသောဌာနကတာ၀န်ယူဆောင် ရွက်ခဲ့သည်။ ဗာတီကန်၏ကျွမ်းကျင်ပညာ ရှင်များက ပေလွှာများကိုအစားထိုးရာ၌ ဗာတီကန်၌ သိမ်းဆည်းထားသော (၁၄) ရာစု၏ပေလွှာများဖြင့်သာအသုံးပြုခဲ့သည်။ မူရင်းအ တိုင်းပြန်လည်အသုံးမပြုနိုင်ခဲ့သောတစ်ခုတည်းသောပစ္စည်း မှာစာအုပ်ချုပ်လုပ်ရာတွင်အသုံးပြုသောချည်သားဖြစ်ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3qLCtDy

Add new comment

2 + 4 =