ရဟန်းမင်းကြီးသည်ရောမမြို့ရှိချို့တဲ့နွမ်းပါးသူများအားတနင်္ဂနွေနေ့မစ္ဆားပူဇော်ခြင်းသို့ဖိတ်ကြားခဲ့

ရဟန်းမင်းကြီးသည်ရောမမြို့ရှိချို့တဲ့နွမ်းပါးသူများအားတနင်္ဂနွေနေ့မစ္ဆားပူဇော်ခြင်းသို့ဖိတ်ကြားခဲ့

ရဟန်းမင်းကြီးသည်ရောမမြို့ရှိချို့တဲ့နွမ်းပါးသူများအားတနင်္ဂနွေနေ့မစ္ဆားပူဇော်ခြင်းသို့ဖိတ်ကြားခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်း၌ ရောမမြို့ရှိချို့တဲ့နွမ်းပါး သူများခြံရံလျှက်တနင်္ဂနွေနေ့ မစ္ဆားတရားကိုပူဇော်သည်။

ဤသို့ဖိတ်ခေါ်၍မစ္ဆားတရားကိုပူဇော်ရခြင်းမှာ ‘အပြည် ပြည် ဆိုင်ရာချို့တဲ့သူများနေ့’ ကိုအောက်မေ့သတိရကျင်းပခြင်းဖြစ်သည်။ ဤအတွေးကို ‘သနားကြင်နာခြင်းထူးခြားဂျူဗနှစ်’ ၌မွေးသန္ဓေတည်ခဲ့ပြီး၊ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြစ်ပြီးအိုးမဲ့အိမ်မဲ့ (၄၀၀၀) ခန့်ပါ၀င်ခဲ့ကြသည်။

ယခုနှစ်နှင့်ဆို လျှင်ဤနေ့ကိုကျင်းပလာခဲ့သည်မှာစ (၄) နှစ်မြောက်ပြီဖြစ်သည်။ ဤသို့ကျင်းပခြင်းဖြင့်ဖြင့် ချို့တဲ့နွမ်းပါးသူများအားကူ ညီခြင်းဖြင့်ကောင်းသောခရစ်ယာန်များဖြစ်ကြောင်းသက်သေခံတတ်စေရန်ဖြစ်သည်။ ယခင်နှစ်များ၌မူ မစ္ဆားတရားပူဇော် ခြင်းအပြီး၌နေ့လယ်စာကိုစားသုံးခဲ့ကြသည်။ ထူးခြားစွာဖြင့်လွန်ခဲ့သောတစ်နှစ်၌ရဟန်း မင်းကြီးသည် ဤနေ့ကဲ့သို့နှစ် သောနေ့၌ချို့တဲ့နွမ်းပါးသူများအားဖိတ်၍ပီဇာပူပူနွေးနွေးကိုအတူတကွသုံးဆောင်ခဲ့ဖူး သည်။

နောက်တစ်နှစ်၌မူ ရောမမြို့ ရှိ Hilton လူပေါင်း (၁၀၀၀) စာကိုချက်ပြုတ်လှူဒါန်းပေးခဲ့သည်။ သို့သော်ယခုနှစ်၌မူကိုဗစ် (၁၉) ကပ်ရောဂါကြောင့်ထိုအ စီအစဉ်များအားလုံးကိုဖျက်သိမ်းထားရသည်။

သို့သော်ရဟန်းမင်းကြီးသည်နောက်ဆုံးအချိန်၌မျှော်လင့်မထားသောအစီ အစဉ်ကိုကောက်ကာငင်ကာစီစဉ်ပြီး၊ အံ့အားသင့်စေတတ်သည်။ ယခုနှစ်၌လည်းချို့တဲ့နွမ်းပါးသူများအားကိုရိုနာပိုးရှိမရှိ ကို ဗာတီကန်ဆေးခန်းတွင်အခမဲ့စမ်းသပ်ခွင့်ပေးခဲ့သည်။

ဤသို့ပြုလုပ်ပေးခြင်းဖြင့် ၄င်းတို့၌လည်းပိုးကူးစက်ထားခြင်းမ ရှိကြောင်းခံစားစေပြီး၊ စိတ်အေးချမ်းမူရရှိစေရန်ဖြစ်ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3ltQ14y

Add new comment

9 + 3 =