ရဟန်းမင်းကြီးဖရန်စစ်နှင့်ရွေးကောက်ခံထားရသောအမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ဖုန်းဖြင့်စကားပြောခဲ့ကြ

ရဟန်းမင်းကြီးဖရန်စစ်နှင့်ရွေးကောက်ခံထားရသောအမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ဖုန်းဖြင့်စကားပြောခဲ့ကြ

ရဟန်းမင်းကြီးဖရန်စစ်နှင့်ရွေးကောက်ခံထားရသောအမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ဖုန်းဖြင့်စကားပြောခဲ့ကြ

ဗာတီကန်သတင်းဌာန၏ညွှန်ကြားရေးမှူး Matteo Bruni ကရဟန်းမင်းကြီးဖရန်စစ်နှင့်ရွေး ကောက်ခံထားရ သောအမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ကြာသ ပတေးနေ့ကဖုန်းဖြင့်ဖြင့်စကားပြောခဲ့သည်ဟုအတည်ပြုထားပါသည်။

ရ ဟန်းမင်းကြီးနှင့်ဖုန်းလက်ခံစကား ပြောကြားပြီးနောက်အမေရိကန်ကက်သ လစ် ဆရာတော်ကြီးများ၏ ဖုန်းဖြင့်ဂုဏ်ပြုနုတ် ဆက်စကားကိုလည်းလက်ခံရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ဂျိုးဘိုင်ဒင်သည်အမေရိကန်သမ္မတသမိုင်း၌ ကက်သ လစ် ဘာသာ၀င်အဖြစ်ရွေး ချယ် ခံရသောဒုတိယသမ္မတဖြစ်လာသည်။ သူ့မတိုင်ခင်က ဂျွန်အက်ဖ်ကနေဒီရှိခဲ့သည်။

လော့အိန်ဂျယ်လ်စ်ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင်ဆရာတော် Matteo Bruni က ‘လွတ်လပ်ခြင်းကောင်းကြီး အတွက်ဘုရားသခင်အားကျေးဇူးတင်ပါသည်။ ယခုအချိန်သည် နိုင်ငံတော်၏ညီညွှတ်ရေးအတွက်ကျွန်ုပ်တို့၏နိုင်ငံ့ခေါင်း ဆောင်များအတူတကွပေါင်းစည်း ၍ တွေ့ဆုံဆွေးနွေးရန်နှင့်အများကောင်းကျိုးအတွက်အလျော့အတင်းများပြုလုပ်ရန်သင့် ပြီဖြစ်ကြောင်း ယခုရွေးကောက် ပွဲ၌အမေရိကန်ပြည်သူများခဲ့ကြသည်။ ကက်သလစ်အနေ ဖြင့်သော်လည်းကောင်း၊ အမေရိ ကန်နိုင်ငံသားအနေဖြင့်သော်လည်း ကောင်း ဦးစား ပေးလုပ်ဆောင်ရမည့်အရာမှာအလွန်ရှင်းလင်းပြတ်သားပါသည်။

ကျွန်ုပ် တို့သည်ယေဇူးသခင်၏နောက်သို့လိုက်ရန်ဖြစ်သည်။ သူ၏ချစ်ခြင်းကိုကိုကျွန်ုပ်တို့၏အသက်တာ၌ခံထမ်းဖော်ပြရန်၊ ဘုရား သခင်၏ နိုင်ငံ တော်ကိုကမ္မာမြေပေါ်၌ တည် ဆောက်ရန်ဖြစ်သည်။ လက်ရှိအချိန်၌ အမေရိကန်သမိုင်း၌ ကက်သ လစ်များ သည်ငြိမ်းချမ်းရေးကိုတည်ဆောက်သူများဖြစ်ရန်၊ ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်မြှင့်တင်ရန်၊ အချင်း ချင်းယုံကြည်ကြ ရန်၊ နိုင်ငံကိုချစ်သောစိတ်သစ်များပြန် လည်ရှင်သန်လာစေရန်လည်းဆုတောင်းကြရန်၊ အမေရိကန်ပြည်ထောင်စုကြီးအား မှိုင်းမပေးသောကညာစင်မယ် တော်၏ ကြား၀င်ဆုတောင်းခြင်းကိုလည်းတောင်းခံပေးပါကြောင်း၊ သို့ဖြစ်၍ကျွန်ုပ်တို့အား လုံးအတူတကွလက်တွဲလုပ်ဆောင်ရမည်ကိုသိရှိရန်၊ ဤအသိသည်အမေရိကားကိုစတင်ရှာဖွေတွေ့ရှိခဲ့သောသာသနာပြု များနှင့်အမေရိကန်ပြည်ထောင်စုကြီးကိုတည်ဆောက်ခဲ့ကြသူများ ၏စိတ်ကူးစိတ်သန်းဖြစ် ကြောင်း၊ အမေရိကန်ပြည် ထောင်စုသည် ဘုရားသ ခင် ၏စောင့်ကွယ်ကာမူကိုခံယူထားသောနိုင်ငံ၊ သန့်ရှင်းသောလူ့အသက်ကိုမည်သည့်နည်းဖြင့်မျှ ဖျက်ဆီးမခံရစေရန်ကာကွယ်ပေးထားသောနိုင်ငံ၊ ဟိရိဩတ္တပ္ပစိတ်၏လွှတ်လပ်မူကိုလည်းကောင်း၊ ဘာသာရေးလွှ်လပ်မူ ကိုလည်းကောင်းအာမ ခံချက်ပေးထားသောနိုင်ငံဖြစ်သည်ဟုသူ၏စာထဲ၌ရေး သားပေးပို့ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3nl2LuJ

Add new comment

2 + 8 =