ဆေးကြောခြင်းဆရာယောဟန်သည်ယေဇူးသခင်ကိုသက်သေခံရန်ကျွန်ုပ်တို့အားသင်ကြားပေးနေကြောင်းရဟန်းမင်းကြီးမိန့်ကြား

ဆေးကြောခြင်းဆရာယောဟန်သည်ယေဇူးသခင်ကိုသက်သေခံရန်ကျွန်ုပ်တို့အားသင်ကြားပေးနေကြောင်းရဟန်းမင်းကြီးမိန့်ကြား

ဆေးကြောခြင်းဆရာယောဟန်သည်ယေဇူးသခင်ကိုသက်သေခံရန်ကျွန်ုပ်တို့အားသင်ကြားပေးနေကြောင်းရဟန်းမင်းကြီးမိန့်ကြား

အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ်ဇွန်လ (၂၄) ရက်နေ့ကိုဆေးကြောခြင်းဆရာယောဟန်၏မွေးနေ့ကိုကျင်းပသည်။ အမိကက်သလစ်သာသနာတော်ကြီး၏၀တ်ပြုခြင်းအစီအစဉ်၌ မွေးနေ့ပွဲထည့်သွင်းကျင်းပသောပု
ဂ္ဂိုလ်မြတ်သုံးပါးသာရှိသည်။ ၄င်းတို့မှာယေဇူး သခင်၊ အမိမယ်တော် နှင့်ဆေးကြောခြင်းဆရာယောဟန်တို့ဖြစ်သည်။ ဆေးကြောခြင်းဆရာယောဟန်၏မွေးနေ့ပွဲကိုတနင်္ဂ နွေကဲ့သို့ခမ်းနား သောပွဲတော်အမျိုးအစား (Solemnity) အဖြစ်ကျင်းပသည်။

ယခုနှစ်၏ဇွန်လ (၂၄) ရက်နေ့သည် ဗုဒ္ဓဟူးနေ့၌ကျရောက်သည်။ ဗုဒွဟူးနေ့သည်ကမာတစ် ၀န်းမှရောက်ရှိနေသောဘုရားဖူးဘာသာ တူများနှင့်ရဟန်းမင်းကြီးပုံမှန်တွေ့ဆုံသောနေ့ဖြစ်သည်။ ထို တွေ့ဆုံစဉ်ရဟန်းမင်းကြီးကယေဇူးသခင်၏ရှေ့တော်ပြေးဖြစ်သော ဆေးကြော ခြင်းဆရာယောဟန်ထံ မှယေဇူးသခင်ကိုသတ္တိရှိရှိဖြင့်သက်သေခံနိုင်ရန်သင်ယူကြပါရန်၊ လူမူရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမူ၊ နေ ရာဒေသမတူ ညီသော်လည်းသဟဇာတဖြစ်မူနှင့်ချစ်ကြည်ရင်းနှီးမူကိုအခြေခံကာယုံကြည်ခြင်းကိုကြေ ငြာ၀န်ခံရန်၊ ဆေးကြောခြင်းဆရာယောဟန်သည် လည်းကောင်း၊ ဒေးဗစ်ဘုရင်သည်လည်းကောင်း၊ လူ များကိုစစ်မှန်သောဘုရားသခင်ထံအဘယ်သို့ခေါ်ဆောင်ရမည်ကိုကောင်းစွာသိကြောင်း၊ ၄င်းတို့၏ပုံစံ ကောင်းနမူနာသည်ဘာသာတူများအဖို့ခွန်အားယူစရာ၊ အားတက်စရာဖြစ်ပါစေဟုဆုမွန်ကောင်း တောင်းကြောင်း၊

ဤသို့ဖြင့်ဘုရား သခင်နှင့်ချစ်ကြည်ရင်းနှီးမူကိုဆုတောင်းခြင်းဖြင့်ရှာဖွေကြမည်ဖြစ် ကြောင်း၊ ထို့အတူကျွန်ုပ်တို့၏ပုံစံကောင်းနမူနာ သည်လည်းပတ်၀န်းကျင်ရှိ အမျိုးသား၊ အမျိုးသမီးများ အတွက်အလင်းတန်းဖြစ်ပြီး၊ ထိုအလင်းတန်းအားဖြင့်၄င်းတို့ကိုဘုရားသခင်ထံပို့ဆောင်နိုင်ပါစေမည့်အ ကြောင်း၊ ယခုဥရောပ၌နွေရာသီးကူးလာပြီဖြစ်၍ဤနွေရာသီသည်ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာ တော်ကိုဆင်ခြင်ရန်အ ကောင်းဆုံးအခွင့်အရေး၊ အချိန် အခါဖြစ်ပါစေမည့်အကြောင်း၊ ထို့အတူကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးလည်းကင်းဝေး၍ အားလပ်ရက်များသည်အေးချမ်း စွာအနား ယူသောအချိန်၊ ဖန်ဆင်းခြင်း၏ လက်ရာတော်ကိုကျေနပ်အားရစွာခံစားသောအချိန်၊ ဘုရားနှင့်လူသားကြားရှိနှောင်ကြိုး ကိုပိုမိုတင်းကြပ်ခိုင်မြဲစေ သည့်အချိန်ဖြစ်ပါစေဟုဆုတောင်းပေးပါကြောင်းမိန့်ကြားခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dvo33G

Add new comment

3 + 17 =