လက်ထပ်ထိမ်းမြှားခြင်းသည်အမျိုးသားနှင့်အမျိုးသမီးကြားအိမ်ထောင်ပြုခြင်းဟုသာရုရှားအနေဖြင့်အဓိပါယ်ဖွင့်ဆိုမည်။

လက်ထပ်ထိမ်းမြှားခြင်းသည်အမျိုးသားနှင့်အမျိုးသမီးကြားအိမ်ထောင်ပြုခြင်းဟုသာရုရှားအနေဖြင့်အဓိပါယ်ဖွင့်ဆိုမည်။

လက်ထပ်ထိမ်းမြှားခြင်းသည်အမျိုးသားနှင့်အမျိုးသမီးကြားအိမ်ထောင်ပြုခြင်းဟုသာရုရှားအနေဖြင့်အဓိပါယ်ဖွင့်ဆိုမည်။

ရုရှားနိုင်ငံ၏ပြင်ဆင်စေလိုသောဖွဲ့စည်းပုံအခြေခံဥပဒေများစွာအနက်အမျိုးသားနှင့်အမျိုးသမီး ကြားအိမ် ထောင်ပြုခြင်းကိုလည်းတောင်းဆိုထားသည်။ ဤတောင်း ဆိုချက်၏ပြင်ဆင်မူကိုလာမည့် အပတ်၌ဖတ်ကြားမည်ဖြစ်သည်။

ပြည်သူများ၏သဘောကိုလာမည့် ဧပြီ (၂၂) ရက်တွင်ကျင်းပမည်ဖြစ် ပြီး၊ ထိုသို့မကျင်းပမည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်ခုံရုံးသို့ဦး စွာတင်ပြရဦးမည်။ လိင်ပြောင်းအချင်းချင်းလက်ထပ်ထိမ်းမြှားခြင်းကိုတရားရုံး၌ပြုလုပ်သည်ဖြစ်စေတရားမ၀င်ကြောင်း၊ လွန်ခဲ့သောနှစ်ပတ်ခန့်ကသမ္မတပူတင်က သူဆက်လက်အာဏာရှိနေသရွေ့လိင်တူ လက်ထပ်ခြင်းကိုတရား၀င်ခွင့်ပြုမည်မဟုတ်ကြောင်း၊ မိဘနံပါတ်တစ်၊ မိဘနံပါတ်နှစ်အဖြစ်မျိုးလည်း သူ၏သမ္မတသက်တမ်းကာလတလျှောက်လုံးအဖြစ်မခံနိုင်ကြောင်း၊ ကလေးသည်မိစုံ၊ ဖစုံရှိရမည်ဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲခြင်းသည်သမ္မတပူတင်အတွက်အာဏာဆက်လက် တည်မြဲစေရန်အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ သူ၏စတုထ္တသက်တမ်းသည် (၂၀၂၄) ခုနှစ်၌ကုန်ဆုံးမည် ဖြစ်ကြောင်းသုံးသပ်သူများကဆိုပါသည်။ အခြားပြုပြင်ပြောင်းလဲမှုများ၌ရှရှားနိုင်ငံ၏ ‘ဘုရားသခင်အ ပေါ်ယုံကြည်ခြင်းနှင့်သမိုင်းနှင့်ဆိုင်သောအမှန်တရား’ကိုကာကွယ်စောင့်ရှောက်ခြင်းသည်ပြည်သူများ အတွက်မိမိတို့ ၏အဖမြေကိုကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဆိုဗီယက်ရုရှားအတွက် သမိုင်းတွင်သောအပြောင်းအလဲကားဒုတိယကမ္ဘာစစ်မီးပင်ဖြစ်သည်။ ထိုစစ်မီး၌ဆိုဗီယက်တို့၏အ သက် (၂၇) သန်းသည်နာဇီဂျာမဏီတို့ကြောင့်ဆုံးရှုံးခဲ့ရသည်။ ရုရှားနိုင်ငံ၏မည်သည့်နယ်နိမိတ်ကိုမဆို ပြောင်းလဲသတ်မှတ်ခြင်းကိုလည်းခွင့်ပြုမည်မဟုတ်။ သို့မှသာ (၂၀၁၄) ခုနှစ်ကသိမ်းပိုက်ရယူနိုင်ခဲ့သော ခရိန်းမီးယားနယ်၊ ယူကရိန်းနယ်နယ်များကိုလည်းကောင်း၊ Kuril ကျွန်းကိုလည်းကောင်းမိမိတို့ပိုင်အဖြစ်ပိုမိုကြွေးကြော်နိုင်မည်ဖြစ်သည်။ Kuril ကျွန်းတစ်စိတ်တစ်ပိုင်း သည်ဂျပန်ကလည်းပိုင်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

photo credit: Catholic Press

https://bit.ly/2BxD07P

Add new comment

2 + 13 =