အာမေးနီးယန်ခရစ်ယာန်ဘုန်းကြီးကအာဇာဘိုင်ဂျန်နိုင်ငံမှခရစ်ယာန်များအားနေရာပြောင်ရွေ့နေခြင်းနှင့်စပ်လျင်း၍‌ဝေဖန်

အာမေးနီးယန်ခရစ်ယာန်ဘုန်းကြီးကအာဇာဘိုင်ဂျန်နိုင်ငံမှခရစ်ယာန်များအားနေရာပြောင်ရွေ့နေခြင်းနှင့်စပ်လျင်း၍‌ဝေဖန်

ဖာသာရ် Tirayr Hakobyan က အာဇာဘိုင်ဂျန်နိုင်ငံ Nagorno-Karabakh ရှိအာမေးနီးယန်းခရစ်ယာန်များသည် လွန်စွာဆိုးရွားနေသောအခြေအနေနှင့်ကြုံနေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဇာဘိုဂျန်အစိုးရသည် ထိုဒေသရှိခရစ်ယာန်များအားအတင်းအကြပ်နေရာဖယ်ရှားနေသောကြောင့်ပြောဆိုရှုတ်ချခဲ့သည်။

Nagorno-Karabakh သည် အာဇာဘိုင်ဂျန်နိုင်ငံ၏တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း (၁၉၈၈) ခုနှစ် ကပင်အငြင်းပွားနေခဲ့ကြသည်။

အဆိုပါဒေသ၌ အာမေးနီးယန်ခရစ်ယာန်များစွာနေထိုင်သောဒေသတစ်ခုလည်းဖြစ်သည်။ (စက်တင်ဘာ ၂၀၂၃) ခုနှစ်၌ အခြေအနေသည်ဆိုးရွားလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အာဇာဘိုင်ဂျန်အစိုးရသည် စစ်ရေးအရတိုက်ခိုက်မှုများပြုလုပ်လာခဲ့သည်။ ထို့အတူ လုံခြုံရေးအကြောင်းပြ၍ ထိုဒေသ၌နေထိုင်သူ (၁၀၀၀၀၀) ကျော်အားလည်း အာမေးနီးယားနိုင်ငံ၏နယ်စပ်များ၌ ထွက်ပြေးခိုလှုံနေကြသည်။

ဥရောပအနောက်ဖက်မှအာမေးနီးယန်းခရစ်ယာန်အသင်းတော်၏ ခေါင်း ဆောင်ဖြစ်သူ ဖာသာရ် Hakobyan ကသူရောမသို့ရောက်ရှိနေစဉ် အာဇာဘိုင်ဂျန်အစိုးရ၏လုပ်ရပ်ကိုရှုတ်ချပြစ်တင်‌ဝေဖန်ခဲ့သည်။ အတိတ်ကိုပြောင်းလဲနိုင်ရန်မှာ အာဇာဘိုင်ဂျန်အစိုးရသည် ခရစ်ယာန်ဘုရားကျောင်းများကို ဗလီများ အဖြစ်ပြောင်းလဲလုပ်ဆောင်နေကြောင်း၊ အာမေးနီးယန်ခရစ်ယာန်များအားလည်း Nagorno-Karabakh မှ ဖယ်ရှားနေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်မိမိတို့၏ပြည်သူများအပေါ်မတရားပြုမူနေမှုကို ထုတ်ဖော်ပြောဆိုကြရန်၊ အထူးသဖြင့်ဥရောအနေဖြင့်သမိုင်းကမောက်ကမ မဖြစ်စေရန် နှုတ်ဆိတ်မနေရန်တိုက်တွန်းပန်ကြားခဲ့သည်။

သူကဆက်လက်၍ မွတ်စလင်နှင့်အာမေးနီးယန်တို့သည် ငြိမ်းချမ်းပြီး အချင်းချင်းလေးစားလျှက်ဤသန့်ရှင်းသောဌာန၌ အတူယှဉ်တွဲနေထိုင်လာခဲ့ကြကြောင်း၊ ခရစ်ယာန်ဖြစ်ရခြင်းသည် အာမေးနီးယန်တို့၏ သွေးသားထဲ၌ရှိနေသည်။ အာဇာဘိုင်ဂျန်အစိုးရသည်
အာမေးနီးယန်းယဉ်ကျေးမှုကိုပြည်သူတို့၏နှလုံးနှင့်နိုင်ငံအတွင်းမှဖျောက်ဖျက်ပစ်ရန်လုပ်ဆောင်နေ၍ စိုးရိမ်းကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

ဆက်လက်၍ ဤအဖြစ်အပျက်ကိုစေ့စပ်ဆွေးနွေးရန်လည်းပျက်ကွက်နေကြောင်းဖြင့် အင်အားကြီး သောနိုင်ငံများကို အားမလိုအားမရဖြစ်ရကြောင်း၊ အာဇာဘိုဂျန်ကိုအဘယ်သူ
မျှမတို့ထိရဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဇာဘိုင်ဂျန်သည် ရုရှားသို့ပေးပို့သော ဓာတ်ငွေ့လိုင်းဖြတ်သန်းသည့်နေရာဖြစ် သောကြောင့်ဖြစ် ကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများသည် ရုရှားမှယူကရိန်းအား၀င်ရောက်ကျူကျော်ခြင်းကို အာဇာဘိုင်ဂျန်၏ပြည်သူများအပေါ်အကြမ်းဖက်နေခြင်းထက်ပို၍အာရုံထားနေကြကြောင်း ယှဉ်၍ပြောကြားခဲ့သည်။

ထိုဒေသရှိခရစ်ယာန်များသည် မိမိတို့နေရပ်ကိုစွန့်ခွာရန် တစ်ရက်အလို၌သာ အစိုးရမှအသိပေးလာခဲ့သည်။ နေရာပြောင်းရွေ့ခံရသော အာမေးနီးယန်ခရစ်ယာန်များ၏မရွှင်မပြနိုင်၊ စိတ်ထိခိုက်ခံစားနေရသော ပုံတစ်ပုံကိုထုတ်ပြလာသည်။ ၄င်းတို့အတွက် စား၀တ်နေရေးအကြပ်အတည်းဆောင်းအိမ်မက်ရှည်ကြီးအတွက် မချည်းမဆန့်ခံစားနေကြရကြောင်း၊ တစ်ဘ၀စာရှာဖွေစုဆောင်းထားသမျှကိုစွန့်ထားခဲ့၍ ဘ၀အသစ်ကိုပြန်စရမည့်အရေးအတွက်အပူမီးတောက်နေကြောင်း၊ လက်ရှိအခြေအနေမျိုးနှင့်ကြုံနေရသောမိသားစုများကိုကူညီရန်မှာအဘယ်မျှလိုအပ်နေကြောင်း အထူးသဖြင့် ကလေး (၃၀၀၀၀) များသည် ဤသို့သောအခြေအနေကြောင့် ဆယ်စုနှစ်တစ်စုစာ ကလေးဘ၀ကိုဆုံးရှုံးခဲ့ရကြောင်းဖြင့်ထုတ်ဖော်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3ajiW

 

Add new comment

4 + 1 =