အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှနီဂါရာဂွာနိုင်ငံအစိုးရမှသာသနာအပေါ်ဖိနှိပ်နေမှုကိုနိုင်ငံတကာမှ၀င်ရောက်ဖြေရှင်းပေးရန်နည်းလမ်းရှာမည်။

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှနီဂါရာဂွာနိုင်ငံအစိုးရမှသာသနာအပေါ်ဖိနှိပ်နေမှုကိုနိုင်ငံတကာမှ၀င်ရောက်ဖြေရှင်းပေးရန်နည်းလမ်းရှာမည်။

နီဂါရာဂွာနိုင်ငံအားလက်ရှိမတရားအုပ်ချုပ်နေသော Daniel Ortega အာဏာရှင်အစိုးရသည်ကက်သလစ်သာသနာအားဖိနှိပ်ညှဉ်းဆဲလျှက်ရှိသည်။ ထို့ကြောင့် အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏နိုင်ငံတကာတရားမျှတခြင်းဆိုင်ရာကော်မတီအဖွဲ့မှအမေရိကန်အစိုးရအဖွဲ့နှင့်တစ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများအား လာတင်းအမေရိကား၌ဖြစ်ပွားနေသောအခြေအနေနှင့်စပ်လျင်း၍ နည်းလမ်းရှာဖွေဖြေရှင်းရန်တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက်ကိုအမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ နိုင်ငံတကာတရားမျှတခြင်းဆိုင်ရာကော်မတီ၏ဥက္ကဌဖြစ်သော Rockford သာသနာပိုင်ဆရာတော် David Malloy ကဦးဆောင်တောင်းဆိုလိုက်သည်။

နီဂါရာဂွာကက်သလစ်သာသနာတော်သည် ရဲတို့၏မတရားအကြမ်းဖက်မှုကိုခံနေရသကဲ့သို့ သာသနာပိုင်ပစ္စည်းများကိုလည်းသိမ်းပိုက်ခံနေရသည်ဟုဆိုပါသည်။ ရာစုနှင့်ချီ၍ကျင်းပလာခဲ့သော ကက်သလစ်ဘာသာတူတို့အတွက် လွန်စွာအရေးကြီးအနှစ်သာရရှိသောသန့်ရှင်းသောရက်သတ္တပတ်၏ခမ်းနားစွာစီတန်းလှည့်လည်ခြင်းအစဥ်အလာကောင်းကိုလည်းကျင်းပခွင့်ပိတ်ပင်ခံလိုက်ရကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ အာဏာရှင်သမ္မတမှမတရားအမိန့်ပေး၍သာသနာအားဖိနှိပ်စေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဘာသာရေး၀တ်ပြုခြင်းကိုလုံခြုံရေးအကြောင်းပြကာပိတ်ပင်ခြင်းဖြစ် သည်။

ဆရာတော်ကပြီးခဲ့သော ဧပြီ (၂၀) ရက်နေ့က ဤသို့လွန်စွာခက်ခဲသောဖိနှိပ်မှုများကြား နီဂါရာဂွာနိုင်ငံမှကက်သလစ်ဘာသာတူများသည် မိမိတို့ဆရာတော်ကြီးများ၊ ရဟန်းတော်များနှင့်စည်းလုံးညီညွှတ်စွာရပ်တည်ကာ ယေဇူးသခင်၏ဘုန်းတော်ဂုဏ်တော်နှင့်ရှင်ပြန်ထမြောက်ခြင်းကိုရဲ၀ံ့စွာသက်သေခံ ကျင်းပခဲ့ကြသည်။ ပိတ်ပင်တားမြစ်မှုများတင်းကြပ်ထားသော်လည်း ပါစကားပွဲတော်မစ္ဆားပူဇော်ခြင်း၌ လည်း တက်ကြွစွာပါ၀င်ပူဇော်ခဲ့ကြကြောင်းပြောကြားခဲ့သည်။

လက်တလော၌ဖမ်းဆီးထိန်းသိမ်းခံထားရသောဆရာတော် Rolando Alvarez နှင့်မတရားဖမ်းဆီးခံထားရသူများအမြန်ပြန်လည်လွတ်မြောက်လာရေးနှင့်နိုင်ငံအမြန်ဆုံးပြန်လည်အေးချမ်းတည်ငြိမ်လာရန်နည်းလမ်းများရှာဖွေဆောင်ရွက်ကြရန်နိုင်ငံ တကာအဖွဲ့အစည်းများထံသို့ပန်ကြားခဲ့သည်။

ဆရာတော် Rolando Alvarez သည် နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်နှင့်ပတ်သက်သော သတင်းအမှားများဖြန့်‌ေ၀မှု စသောစွပ်စွဲချက်များဖြင့် ပြီးခဲ့သောဖေဖော်၀ါရီလက (၂၆) နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အာဏာရှင်အစိုးရသည် ဒေသခံအတွင်းသာသနာအမှုထမ်းနေသော ဒိုမိနိကန် စစ္စတာရ် (၂) ပါးအားလည်းပြည်နင်ဒဏ်ပေးခဲ့၍အဆိုပါ စစ္စတာရ်နှစ်ပါးသည် ကိုစတာရီးကားနိုင်ငံ၌ခိုလှုံနေကြသည်။ စစ္စတာရ်နှစ်ပါးသည် နိုင်ငံအတွင်း၌မှုကြိုကျောင်းဖွင့်လှစ်၍ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေခဲ့သည်မှာကြာပြီဖြစ်သည်။ ၄င်းတို့အားအဘယ်ကြောင့်ပြည်နင်ဒဏ်ပေးသည့်အ ကြောင်းကိုလည်းဖြေကြားခြင်းမပြုခဲ့ပေ။

ကိုစတာရီကာ၌ စစ္စတာရ်နှစ်ပါးတို့သည် Tilaran-Liberiaသာသနာပိုင်ဆရာတော် ၏ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးတစ်ပါးမှစီစဉ်၍မိသားစုတစ်စု၏နေအိမ်၌ခိုလှုံလျှက်ရှိသည်။ ဤသို့စီစဉ်ထားပေးကြောင်းကို သာသနာပိုင်လူမှုကွန်ရက်စာမျက်နှာ၌ အတိအလင်းဖော်ပြထားပြီး သာသနာအနေဖြင့်လည်း အကျဉ်းချခံထားရသောဆရာတော်နှင့်နီဂါရာဂွာမှကက်သလစ်သာသနတစ်လုံးအတွက်အမြန်ဆုံးလွတ်မြောက် ရန်ဆုတောင်းပေးပါကြောင်းရေးတင်ထုတ်ဖော်ထားပါသည်။

Claretian အသင်းမှဘုန်းတော်ကြီး Donaciano Alarcon သည်လည်းသန့်ရှင်သောရက်သတ္တ ပတ်အတွင်းက နီဂါရာဂွာနိုင်ငံမှနင်ထုတ်ခံခဲ့ရသည်။ သူသည် ပနားမားနိုင်ငံမှဖြစ်သည်။ သူသည်သူ၏မိခင်နိုင်ငံသို့မပြန်ဘဲ ဟွန်ဒူးရပ်စ်သို့သွားလိုက်ကြောင်းသိရသည်။ သူ့အားပြည်နင်ဒဏ်ပေးခဲ့ရခြင်း မှာ နိုင်ငံအတွင်းဘာသာရေးစီတန်းလှည့်လည်ခြင်းများကိုမပြုရန်တားမြစ်ထားသောဥပဒေကိုချိုးဖောက်ခဲ့၍ဖြစ်သည်ဟုဆိုပါသည်။

လက်ရှိအကြမ်းဖက်အာဏာရှင်အစိုးရသည် နိုင်ငံအတွင်းမှကက်သလစ်ဘုန်း တော်ကြီးများအား မတရားစွပ်စွဲချက်များဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်း၊ သီလရှင်များပြည်နင်ဒဏ်ပေးခြင်း၊ ကက်သလစ်ရေဒီယိုအသံလွှင့်ဌာနများ၊ တက္ကသိုလ်များအားပိတ်ခိုင်းစေခြင်းတို့ဖြင့် သာသနာကိုညှဉ်းပမ်းနှိပ်စက်လျှက်ရှိသည်။ ဆရာတော်သည် လက်ရှိအစိုးရအားဖြုတ်ချရန်ကြိုးစားနေသည်ဟူသောစွပ်စွဲချက်ဖြင့် သမ္မတသည်သာသနာအားအငြိုးအတေးထား၍ ဤသို့လုပ်ဆောင်လာခဲ့သည်မှာ (၂၀၁၈) နောက် ပိုင်း၌ပိုမိုဆိုး၀ါးလာခဲ့သည်။

အာဏာရှင်သမ္မတသည် နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်ပွားချိန်က အင်အားအလွန်အကျွံသုံးကာပြည်သူတို့အားနှိပ်နင်းခဲ့၍ အသက်ပေါင်း (၃၀၀) ကျော်ဆုံးရှုံးခဲ့ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3V8w1Y2

Add new comment

2 + 13 =