Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပိုလန်ကျောင်းသားများပုပ်ဖရန်စစ်မှနှုတ်ဆက်ကြောင်းပြောလိုက်ရာကြွေးကြောသံများဖြင့်ပြန်လည်တုန့်ပြန်ခဲ့
ပိုလန်ကျောင်းသားများပုပ်ဖရန်စစ်မှနှုတ်ဆက်ကြောင်းပြောလိုက်ရာကြွေးကြောသံများဖြင့်ပြန်လည်တုန့်ပြန်ခဲ့
ယခုတစ်ပတ် ပုပ်ရဟန်းမင်းကြီးတွေ့ဆုံခဲ့သော ဘုရားဖူးများအနက် ပိုလန်မှကျောင်း သားများလည်းပါသည်။ ၄င်းတို့သည် ရောမမြို့၌နေထိုင်ကြ သောပိုလန်လူမျိုးအဖွဲ့ အစည်း၏ အစိတ်အပိုင်းဖြစ်သည်။ ၄င်းတို့သည် တစ်ပတ်လျှင် ရောမြို့ရှိ St. Stanislaus ဘုရားကျောင်း ၌တွေ့ဆုံလေ့ရှိသည်။ ဤ သို့တွေ့ဆုံပြီး ဆုတောင်းခြင်း၊ အခက်အခဲများ၊ အခြေအနေများ ကိုပြောဆို ဆွေးနွေးအားပေးခြင်း၊ အထူးသဖြင့် ယုံကြည်ခြင်းနှင့်သာသနာတော်အ ကြောင်းများပြောဆိုကြကြောင်း၊ တစ်ခါတစ်ရံ၌ ‘ပီဇာ’ ကဲ့သို့သော စားစရာများလည်းပါကြောင်း၊ ပညာသင်ကြားနေသော ပိုလန်ကျောင်းသားများ နှင့်ရောမ၌ရှိနေကြသော ပိုလန်နိုင်ငံသားများတွေ့ဆုံရင်းနှီးခြင်းသည် အလွန်ကောင်းသည်ဟုထင်ကြောင်း၊ ဤသို့ဖြင့် အချင်းချင်းအားပေးကူညီနိုင်ကြောင်း ဆိုသည်။
သူတို့သည် စိန့်ပီတာရင်ပြင်ထက်မှ ရဟန်းမင်းကြီး၏နှုတ်ဆက်သံကိုကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားခဲ့ကြောင်း၊ ပညာသင်နှစ်၏ ပထမနှစ်၀က်အပြီး ရက်အနည်းငယ် အားလပ်နေချိန်၌ ယခုကဲ့သို့တွေ့ဆုံရခြင်းသည် အလွန်ထူးခြားသော ကောင်းကြီးဖြစ်ကြောင်း၊ မကြာမီဒုတိယ နှစ်၀က်ကို အစပြုတော့မည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးမှ ရောမမြို့၌ပညာသင်ကြားနေသော ပိုလန် ကျောင်းသား များအားယခုကဲ့သို့ ရင်းနှီးစွာနှုတ်ဆက်စကားပြောသည်ကိုမြင်တွေ့လိုက်ရ သော ပိုလန်မှ ကက်သလစ် လူငယ်များအနေဖြင့် ရဟန်းမင်းကြီးနှင့်စကားပြောခွင့်ရရန် ရောမသို့ပညာသွားသင်ကြားလိုစိတ်၊ သွားရောက်နေထိုင်ပြီး၊ အလုပ်လုပ်လိုစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံခြင်းသည် ရောမရှိ ပိုလန်ကျောင်းသားများအတွက်သာမဟုတ်၊ အထက်ကပြောခဲ့သော အကြောင်း တရားများ ကိုလည်းရှင်သန်လာစေရန်အရေးကြီးကြောင်း ဖာသာရ် THOMAS PODLEWSKI ကပြောကြားခဲ့သည်။ THOMAS PODLEWSKI သည် ရောမရှိ Angelicum ကျောင်း၌ပညာသင်ကြားနေသော ဘုန်းကြီး တစ်ပါး လည်းဖြစ်သည်။
ရောမမြို့၊ Angelicum ၌ ပညာသင်ကြားနေသော IZA HRYCIUK က ယခုကဲ့သို့ တွေ့ဆုံရခြင်း ကိုအလွန်နှစ်သက်ကြောင်း၊ အဘယ်ကြောင့်ဆို သော် တစ်စုတစ်ဖွဲ့တည်းကဲသို့ခံစားရကြောင်း၊ ဤသို့ တွေ့ဆုံနိုင်ရန် စီစဉ်ပေးသောဘုန်းတော်ကြီးမှာ ဖာသာရ် Pawel Ptasznik ဖြစ်ပြီး၊ သူသည် ဇာတီ ကန်ရုံး၌ ရဟန်းမင်းကြီး၏ စကားပြန်အဖြစ် အမှုတော်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း (၃၀) ကျော်ပြီဖြစ်သည်ဟုဆိုသည်။
အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Add new comment