သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း
သားသမီးပြုစု ပျိုးထောင်သွန်သင်ခြင်း
သားသမီးတစ်ယောက် အရွယ်ရောက်လာဖို့ လူ့လောကအလယ်မှာ အောင်မြင်ဖို့ဆိုတာ မိဘရဲ့ တာဝန်ပါ။မိဘရဲ့ ပြုစု ပျိုးထောင်ပုံ၊မိဘရဲ့  လေ့ကျင့်ပျိုးထောင်မှုတွေ အများကြီး လိုအပ်ပါတယ် ဒါမှလည်းအောင်မြင်မှာပါ။ဒီလိုအောင်မြင်ဖို့ဆိုတာကလည်း မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိပါတယ်။အထူးသဖြင့် သားသမီးရအောင်လို့ မိမိတို့ ယုံကြည်ကိုးကွယ်ရာ မြတ်ဘုရားထံမှာ မိဘနှစ်ပါးစလုံးက ဆုပန်တောင်းခဲ့ကြ လို့ ဒီ ဝိညာဉ်နဲ့ လူသားလေးတစ်ယောက်ရလာပါပြီ ။ အင်မတန်မှလည်း တန်ဖိုးရှိပါတယ်။ သူ့ဘဝရဲ့ တစ်သက်စာ ထာဝရ ကံကြမ္မာဟာလည်း ဒီ မိဘနှစ်ပါးပေါ်မှာ အခြေပြု စတင်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ သားသမီးတစ်ယောက်ကို မှန်ကန်တဲ့ လေ့ကျင့်မှုတွေနဲ့ အခက်အခဲတွေအများကြီးနဲ့ ဂရုတစိုက် ပြုစုမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။သားသမီးဆိုတာ ဘုရားပေးလို့ ရတာဖြစ်တဲ့အတွက် မိမိရလာတဲ့သားသမီးကို ပြန်ပြီး ကျေးဇူးပြုတဲ့အနေနဲ့ ဘုရားရဲ့ သွန်သင်ဆုံးမမှုတွေကို သင်ပြပေးရမယ်။လောကကြီးကို အမြင်ကြည်လင်အောင် ကြည့်တက်ဖို့၊အများသူငါနဲ့ ရင်းရင်းနှီးနှီးစကားပြောဆို ဆက်ဆံတက်ဖို့  ၊ အလှူ  ဒါနပြုမှုတွေ ၊ ဝိညာဉ်ရေးရာ ကြည်လင်သန့်ရှင်းစေပြီး ကောင်းတဲ့အလုပ်တွေ ပြုလုပ်တက်ဖို့ သင်ပြပေးရမှာဖြစ်တယ်။ဒါဟာ လက်ဆင့်ကမ်းအမွေပဲဖြစ်တယ်။ကျမတို့ ခရစ်ယာန် သမ္မာကျမ်းစာမှာ မိဘရဲ့တာဝန်ဟာ သားသမီးကို ချစ်ရမယ်လို့ (တိတု ၂း၄)မှာ ပါရှိပါတယ်။ကျမအခုလိုပြောနေလို့ မိဘတွေကတော့ စဉ်းစားနေတော့မှာပါ။ငါတို့လဲ ငါတို့သားသမီးကို ချစ်တာပဲလို့ ။ငါလို့မွေးထားတဲ့ သားသမီး ငါတို့ချစ်တာပေါ့လို့။ဟုတ်ပါတယ် သားသမီးနဲ့ မိဘ အချစ်စစ်ဆိုတာ အမှန်တကယ်လိုအပ်ပါတယ်။ချစ်ခြင်းမေတ္တာရှိမှ ဖြစ်မှာပါ။ဒါက သတိထားရမယ့် အချက်ဖြစ်ပါတယ်။တချို့မိဘတွေကျတော့ မိမိသားသမီးကို အလိုလိုက်လွန်းတဲ့ ၊အခွင့်အရေးတွေ ပေးလွန်းတဲ့ ၊ မိဘတွေဖြစ်တယ်။ဒါဟာ သားသမီးကို ချစ်ရာမရောက်ဖူးလို့  ကျမတို့ရဲ့ ခရစ်ယာန် သမ္မာကျမ်းစာမှာပါရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းတစ်ပါးဖြစ်တဲ့ ဧလိက  သူ့ရဲ့ သားသမီး တစ်ယောက်က အပြစ်ငရဲရောက်မယ့်  အလုပ်တွေ လုပ်နေတာကို မဟန့်တား ၊မကာဆီးခဲ့တဲ့အတွက်  ဘုရားသခင်က သူ့ကိုကြောက်ရွံ့ဖွယ် ကောင်းတဲ့စီမံချက်တွေ ချခဲ့တယ်လို့ဓမ္မဟောင်းကျမ်း (ဆာလံ ၁း၃ )မှာပါရှိပါတယ်။တကယ်လို့ မိဘက သားသမီးကို ချစ်တယ်ဆိုရင် သူ့အတွက် ရှေ့ဆက်ရမယ့် ဘဝခရီးမှာ  အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ဖို့  လမ်းညွှန်ချက်တွေ  ရှေ့ဆောင်လမ်းပြလုပ်ပေးရမယ်။ဆုံးမပေးရမယ်။မိမိ မွေးဖွားလာတဲ့ ဒီလသားအရွယ် ရင်ခွင်ပိုက်ရတဲ့အချိန်မှာ အင်မတန်မှ သန့်ရှင်းဖြူစင်တဲ့ ကလေးတစ်ယောက်ကို မိဘတွေအနေနဲ့ ဘယ်လိုပုံဖော်ကြမလဲ။ဒီအတွေးတွေကို ဘေးဖယ်ပြီးတော့  ကြံခိုင်တဲ့သူ  ခွန်အားအပြည့်နဲ့ သန်သန်မာမာရှိတဲ့သူ ၊ ကာယ ၊ဉာဏနှစ်ဖြာရှိတဲ့သူ၊ ခံနိုင်ရည်ရှိတဲ့သူ၊အကျင့်ကောင်းတဲ့သူ ၊ ဆန်ကုန်မြေလေးတစ်ယောက်မဖြစ်ဖို့ လောကကြီးအတွက် တန်ဖိုးရှိတဲ့ သားသမီးတစ်ယောက် ဖြစ်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ဒါဟာ မိဘတိုင်းဖြစ်စေချင်တဲ့ ဆန္ဒတွေပါ။ဒါကြောင့် ရင်ခွင်ပိုက်အချိန်မှာတကည်းက  မိမိက သနားကြင်နာ ယုယမှုကို စပြီးတော့ပေးရမှာ ဉာဏ်အမြော်မမြင်ရှိဖို့တော့ လိုပါတယ်။သားသမီးဆီကနေလည်း ရိုသေလေးစားမှုကို ရချင်တဲ့ မိဘဆိုရင်တော့ သူ့အပေါ်မှာ များများချစ်ပေးရမယ်။တည်တည် ငြိ်မ်ငြိမ်နဲ့ အကြင်နာပေးရမယ်။ဆူပူကြိမ်းမောင်းတယ်ဆိုတာက သားသမီးကို ကြောက်ရွံ့စေတာပဲရှိပါတယ်။ဒါကြောင့် သားသမီးလေးတွေကို အချစ်တွေပြပေးမယ်၊ များများချစ်ပေးမယ်ဆိုရင်တော့ သူတို့ဆီကနေ မိဘအပေါ်နာခံတတ်လာမယ်။သားသမီးတွေအပေါ်မှာ အထူးပဲ ဂရုစိုက်ပေးပါ။ သူတို့ရဲ့ နူးညံ့ပျော့ပျောင်းတဲ့ ခံစားချက်လေးတွေကို သူတို့နှလုံးသားလေးတွေကို ဒဏ်ရာဖြစ်သွားအောင် မလုပ်မိဖို့က အရေးကြီးပါတယ်။  ခရစ်ယာန်သမ္မာကျမ်းစာ အစောဦးဆုံးကာလ  (ပညာအလိမ္မာကျမ်း ၂၂း၆)မှာ ] ကလေးသူငယ်ကို လမ်းမှန်သို့ရောက်အောင် ဆုံးမသွန်သင်ပါလော့၊သို့မှသာ သူသည် ကြီးပြင်းလာသည့်အခါ  လမ်းမှားသို့ မရောက်ပဲနေလိမ့်မည်။} လို့ပါရှိပါတယ်။ အမှားတစ်ခုလေးကို မပြင်ပေးလိုက်ရင် ဒုတိယ အမှားဆိုတာ ဆက်ပြီးဖြစ်လာမယ်။ဒီလိုနဲ့ပဲတဖြည်းဖြည်း ဘဝအသက်တာအတွက် အမှားတွေ ဆက်တိုက် ဖြစ်လာပါလိမ့်မယ်ဆိုတာကို တင်ပြရင်း လက်ဦးဆရာ မှထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့ စကားရှိတဲ့အတိုင်း သားသမီးလေးတွေကို သွန်သင်ဆုံးမကြပါစို့ ဆိုတာကို တင်ပြရင်း သီရိဂေဟာ ကဏ္ဍကိုဒီမှာတင် ရပ်နားလိုက်ပါတယ်။