အိမ်ထောင်တစ်ခုကို ကွဲသွားနိုင်စေတဲ့ အချက်ပြတဲ့ လက္ခဏာတွေ ရှိတတ်တယ်

Warning Sign

          ဒီနေ့မှာ အိမ်ထောင်တစ်ခုကို ကွဲသွားနိုင်စေတဲ့ အချက်ပြတဲ့ လက္ခဏာတွေ ရှိတတ်တယ် ဆိုတဲ့အကြောင်း sharing ပေးသွားချင်ပါတယ်။

          အိမ်ထောင်တစ်ခု တည်ဆောက်ကြတယ်ဆိုတာ အိမ်ထောင်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့ က ကြိုးစားတည်ဆောက်နိုင်ရင်တော့ မကွဲပါဘူး။ အဲဒီလိုမကွဲအောင် ကြိုးစားကြရတဲ့ အခါမှာလည်း စွန့်စားမှုတွေ အများကြီးရှိတယ်ဆိုတာ အိမ်ထောင်ရှင်တိုင်း သိကြ နားလည်ကြပါတယ်။

          သောတရှင်များရှင့်။ လက်မထပ်ခင် စစချင်း ကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့ရင်တော့ အိမ်ထောင်ရေးမှာ လစ်ဟာမှုတွေ ရှိတတ်ပါတယ်။ လက်ထပ်ထိမ်းမြားတယ်ဆိုတာ အင်မတန် အရေးကြီးပြီး ကိုယ်စီ ပြင်းထန်တဲ့ အာဃာတတွေနဲ့ relationship ကို တည်ဆောက်ကြတာပါ။ အဲဒီ တော့ နားလည်မှုက အဓိက လိုအပ်ပါတယ်။

          အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ လူကြီးမိဘတွေဆီက အတွေ့အကြုံတွေနဲ့ ပြောပြလမ်း ညွှန်တာတွေ မရှိခဲ့ရင်တော့ အင်မတန် ခက်ခဲစွာနဲ့ တည်ဆောက်ရမှာပါ။ အဲဒီလို လမ်းညွှန်တာတွေ မရှိခဲ့ရင်တော့ ကြောက်စရာကောင်းတဲ့ အကြောင်းအချက်တွေ ဖြစ်နိုင်ပါတယ်။

          တစ်ခုက မိမိစိတ်ကူးနဲ့ ဖြစ်ပေါ်လာတဲ့ အိမ်ထောင်ရေးရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ လူကြီး မိဘက ပြောပြထားရင်တော့ အိမ်ထောင်ရေးကို နားလည်ပြီး ဘယ်အရာတွေကိုတော့ မျှော်လင့်လို့ရ တယ်။ ဘယ်အရာတွေကတော့ မျှော်လင့်လို့မရဘူးဆိုတာတွေနဲ့ လက်တွေ့အမှန်အတိုင်းဖြစ်တဲ့ အိမ် ထောင်ရေးကို သိလာမယ်။

          နောက်တစ်ခုက လူနှစ်ယောက် ပေါင်းစည်းတဲ့ခါမှာ သန္ဓေပါလာတဲ့ ပြုမူကြတာ၊ ဒီတော့ ပြောင်းလဲဖို့ အတော်ခက်ပါတယ်။ သဘာဝတရားကိုက ကျားနဲ့ မခွဲခြားထားတာဆုတော့ မတူတာ တွေက အများကြီးဆိုတာ နှစ်ဦးစလုံးနားလည်ဖို့ လိုပါတယ်။

          လင်မယားကွဲသွားစေနိုင်တဲ့အချက်ထဲမှာ အိမ်ထောင်ကွဲမိသားစုက ဆင်းသက်လာတဲ့သူက အိမ်ထောင်ကွဲဖို့ တွန်းပို့တတ်တာတွေလည်း ရှိပါသေးတယ်။

          ငယ်ရွယ်တဲ့သူတွေ အိမ်ထောင်တစ်ခုကို တည်ဆောက်တဲ့ခါမှာ ပဋိပက္ခဖြစ်တာတွေ များ တယ်။ စကားများ ရန်ဖြစ်တတ်ကြတယ်။ အိမ်ထောင်ကွဲ မိဘက ဆင်းသက်လာတဲ့သူက ပိုပြီး စိတ် သောကများတတ်တယ်။ ဒီတော့ အိမ်ထောင်ကွဲဖို့ ပိုလွယ်ပါတယ်။ အပြုသဘောမဆောင်တဲ့ အတွေး တွေက ပိုများတယ်။ အိမ်ထောင်ခိုင်မြဲဖို့ မိဘတွေဖြစ်ခဲ့တဲ့ နောက်ကြောင်းကို ကြောက်ပြီး အမှန် တရားကို သင်ယူရင်း ပိုပြီး ကြိုးစားရမှာပါ။

          ဒီနေ့ခေတ်မှာ living together  လက်မထပ်ခင်မှာ အတူနေတာက သာမန်ဖြစ်နေပါပြီ။ အဲဒီလို living together စုံတွဲတွေက divorce rate 70% ရှိတယ်လို့ လေ့လာသူတွေက ဆိုထားပါ တယ်။ ဒီတော့ ကာယကံရှင်နှစ်ဦးမှာ 30% ပဲ ရှိတယ်။ ကျန်တယ်။ မိမိတို့နှစ်ဦးက living together ဖြစ်တဲ့အတွက် မတော်မတန် ဆက်ဆံကြမယ်။ ဆဲရေးတိုင်းထွာကြမယ်။ ဘာသာတရားကို မရိုသေ မကိုင်းရိုင်းကြဘူးဆိုရင် relationship က ကျရှုံးသွားတတ်ပါတယ်။ ဒါကြောင့် living together ကမှ တဆင့် လက်ထပ်ပေါင်းသင်းကြတယ်ဆိုတော့ အနှေးနဲ့ အမြန် လက်ထပ်တာအကောင်းဆုံးပါ။ ဒါမှ မဟုတ်ရင် living together ကနေ ခွဲခွာလိုက်ပါလို့ အကြံပေးချင်ပါတယ်။

          အိမ်ထောင်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အခြေခံအုတ်မြစ်ခိုင်မာဖို့ အရေးကြီးပါတယ်။ စိတ်ဓာတ်ခွန်အားနည်းတဲ့ အခြေခံရှိသူက မိမိလက်တွဲဖော်ကို အနက်ရှိုင်းဆုံး လိုအပ်ချက်တွေဖြစ်တဲ့ လိုလိုလားလား လက်ခံပေးတာ၊ မိမိဘယ်ကဲ့သို့သောသူဖြစ်တယ်ဆိုတာကို ပြနိုင်ဖို့၊ လုံခြုံမှုပေးတာ သိဓိဌာန်ချပြီး လုပ်ကိုင်ဖို့ ဒါတွေကို လိုအပ်တာ၊ လိုချင်တာကို မပေးနိုင်ရင်၊ အခြားသူတွေနဲ့ နှိုင်းယှဉ် ပြောမယ်။ ဒီလိုအပ်ချက်တွေကို ညှစ်ထုတ်လို့ရချင်ရမယ်။ မရခဲ့ရင် ရှေ့ဆက်အိမ်ထောင်ရေးက လွယ်  ပါ့မလား။

          တခါတလေမှာ ချစ်သူတွေ ကွဲသွားဖို့ အလားအလာတွေရှိနေခဲ့ရင် ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အကြံဉာဏ်ကောင်းတွေပေးနိုင်ဖို့ သူငယ်ချင်းလည်း လိုအပ်ပါတယ်။

          လင်မယား အချင်းချင်း ချစ်သူရည်းစားအချင်းချင်း complain လုပ်လို့ရပေမယ့် အပြစ်ရှာ ဝေဖန်တာကိုတော့ မလုပ်သင့်ပါဘူး။ attack တိုက်ခိုက်တာလည်း မလုပ်သင့်ပါဘူး။ မိမိတို့ နှစ်ယောက်လက်ပွန်းတတီးရှိဖို့ မယုံကြည်ဘူးဆိုရင် အချည်းနှီးဖြစ်သွားမှာပါ။

          တစ်ဦးတစ်ယောက်မှာက ဒေါသဖြစ်တာက အကျင့်လိုဖြစ်နေတာ မဖြေရှင်းနိုင်တဲ့ ပြဿနာ တွေဖြစ်နေရင် မိမိသာ ရင်ဆိုင်ရတော့မယ်။ ဒေါသဆိုတာက မိမိတို့ဘဝကို ဖျက်ဆီးမယ့်သူလို့ ခံယူ ထားရမယ်။ ဒေါသဖြစ်တယ်ဆိုတာ relationship မှာ မရင့်ကျက်လို့ဖြစ်တာ မိမိရဲ့ ခံစားချက်တွေကို ပြောနိုင်ပြီး ခွင့်လွှတ်နိုင်ရပါ့မယ်။

          တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဝေဖန်နေတာကလည်း မိမိကိုယ်မိမိ ကာကွယ်နေ ကြတာဖြစ်တယ်။ ကိုယ့်ရဲ့ ပြဿနာကိုယ် ရင်ဆိုင်မယ်။ လူသတ္တဝါမှန်သမျှဖြစ်တယ်ကြတယ်။ ဒါကို confess ဝန်ခံလိုက်ကြရန် ပြီးသွားမှာပါ။

          တချို့သော လက်တွဲဖော်တွေမှာ ဥပမာ ခင်ပွန်းဆိုပါစို့ အိမ်ထောင်တစ်ခုကို ဈေးဝယ်နေ သလို ဇနီးသည်ကို ဒီလိုပုံစံနဲ့နေပါ။ ဒါတွေကိုတော့ မကြိုက်ဘူး။ အဲ့ဒီလိုပြောတတ်ကြတယ်။ တကယ်တမ်းကတော့ ငါ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ထားတဲ့သူဖြစ်လို့ နေမကောင်းလို့ ဖြစ်ပါစေ၊ အခက်အခဲတွေပဲရှိပါစေ၊ ဘာတွေပဲဖြစ်နေပါစေ၊ ဒါတွေကို ဂရုမစိုက်ဖူးလို့ ငါ့အတွက်က ဒါတွေက ဘာမှ ဖြစ်မသွားဖူးလို့ ပြောရင် အကောင်းဆုံးပါပဲ။

          ဘယ်လိုအခက်တွေပဲရှိရှိ ငါတို့ရဲ့ အိမ်မက်ဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပြန်လည် တည်ဆောက်လို့ရပါတယ်။ တစ်ခါတစ်လေကျတော့လည်း divorced ကွဲသွားနိုင်တယ်။ တခါတလေ ကျတော့လည်း ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာနဲ့ ပြန်လည်တည်ဆောက်လို့လဲရနိုင်ပါတယ်။ မိမိကိုယ်မိမိ အခုလို သတိပေးရအုံးမယ်။ ဘာဖြစ်လို့ ငါတို့ အခုလို အတူတူရှိနေတာလဲ၊ ဘာဖြစ်လို့ ချစ်ခဲ့ကြတာလဲ၊ နင့်ရဲ့ ကမ္ဘာ့ထဲကို ရောက်လာဖို့ နင့်ကို ကူညီချင်လို့၊ တစ်ယောက်ချင်းစီက ကိုယ်ရည်ကိုယ်သွေးတွေကို ပြန်ကောင်းအောင်လုပ်လိုက်ရင် မိမိက ကောင်းတာကိုလုပ်ရင် ကောင်းတာကိုပဲ ပြန်ရိတ်သိမ်းလို့ ရမှာပါဆိုတာ message ပေးရင်း နောက်အပတ်တွေမှာ ပြန်ဆုံကြရအောင်ပါ။

         

 

Add new comment

1 + 3 =