သားသမီးတွေရဲ့ စရိုက်နဲ့ဆိုင်တဲ့ တာဝန်တွေ မိဘတွေမှာ ရှိပါတယ်

ဒီနေ့မှာ  သားသမီးတွေရဲ့ စရိုက်နဲ့ဆိုင်တဲ့ တာဝန်တွေ မိဘတွေမှာ ရှိပါတယ်ဆိုတဲ့ အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          သားသမီးက အတောင်စုံလို့ မိဘရင်ခွင့်ကနေ ထွက်ပြီး ကမ္ဘာ့လောကကြီးထဲကို ထွက်သွား တဲ့အခါမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နိုင်ဖို့ မိဘတိုင်းက ခွန်အားတွေ အပြည့်ပေးလိုက်ချင် ကြတာပါ။

          လောကအလယ်မှာ အကောင်းဆုံးဖြစ်အောင် မိမိတတ်စွမ်းသမျှ ကြဖစ်တန်ရာတွေနဲ့ အိပ်သွန်ဖာမှောက် အစွမ်းရှိသလောက် သားသမီးကို လှုံ့ဆော်ပေးပြီး ကိုယ့်ဘဝကို လျှောက်လှမ်းနိုင် ဖို့ ခွန်အားတွေ ပေ့းလိုက်ချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒတွေပါ။

          သားသမီးက သူ့ဘာသာ ဖြစ်လာမှာပါဆိုတာကို မလိုလားပဲ မိမိလိုချင်တာ၊ မိမိဖြစ်ချင်တာ က သားသမီးရဲ့ ဘဝမှာ အကောင်းဆုံးဖြစ်နိုင်ဖို့ တောင်ထိပ်မှာ မီးလင်းနေသလို မိမိသားသမီးကို အဲ့ဒီလိုမြင်ချင်ကြတာပါ။ အဲ့ဒီတော့ မိမိရဲ့ တိကျသေချာတဲ့ စရိုက်နဲ့ဆိုင်တဲ့ တာဝန်တွေကို တကိုယ်ကောင်းမဆန်ပဲ အနစ်နာခံပြီး တည်ဆောက်ပေးချင်ကြတဲ့ သူတွေပါ။

          အရင်ဆုံး မိခင်တစ်ယောက်အနေနဲ့ဆိုရင် မိမိသားသမီးအပေါ် အာရုံစိုက်မှုတွေ အများကြီး ထားပြီး မိမိကိုယ်မိမိ ကျန်းမာရေးကအစ ဘာမှပြန်မကြည့်ပဲ  သားသမီးအတွက် မိမိဘဝ ကျရှုံးသွား တဲ့သူဆိုရင် မမှားပါဘူး။ မိမိရဲ့ ကလေး ဘာမှမလုပ်နိုင်သေးတဲ့ မွေးကင်းစအရွယ်ကစလို့ တဖက်မှာ ပဲ စောင်းအိပ်နေရင် နောက်တစ်ဖက်ကို လှည့်ပေးပြီး လိုလေသေးမရှိ ပြုစုရင်းနဲ့ ကလေးက တဖြည်းဖြည်း ကြီးပြင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ သူ့ရဲ့ အရည်အသွေးတွေ ပိုပြီး တိုးတက်ကောင်းမွန်အောင် လမ်းဖွင့်ပေး၊ ခွင့်ပြုပေးပြီးဘာမှ ၀င်မစွတ်ဖက်ပဲ ဘေးကနေ ကြည့်နေရ ပြန်တယ်။ မိမိကလေး အ၀တ်အစား ၀တ်တာကအစ မ၀တ်တတ်ရင် သင်ပေးရပြန်တယ်။ ဒါမှ သူ့ဘဝ သူ့ကိုယ်တိုင် လျှောက်နိုင်ဖို့ သူ့ဘာသာရပ်တည်တတ်ဖို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေး ရပြန်တယ်။

          Old aged home တွေမှာ ဘိုးဘွားတွေက မိမိတတ်နိုင်တာကို ကိုယ်တိုင်လုပ်ဖို့  စည်းကမ်း ထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မပိတ်ပင်တဲ့ သဘောလို့ ဆိုပါတယ်။

          ဒီလိုပါပဲ မိခင်ဆိုတာ မိမိသားသမီး ကမ္ဘာလောကကြီးထဲ  လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်ဖို့ ခွန်အားတွေပေးရင်း၊ စောင့်ရှောက်မှုတွေပေးရင်း ကမ္ဘာလောကကြီးထဲကို တဖြည်းဖြည်း တွန်းပို့ပေး လိုက်ရင် သူတို့အတွက် မခက်ခဲတော့ပါဘူး။ ရင်ဆိုင်တတ်သွားပြီ၊ မိခင်တစ်ယောက်ရဲ့ ကိုယ်ပိုင် Idea တွေနဲ့ ကမ္ဘာလောကကြီးထဲကို လွှတ်ပို့လိုက်ကြတာပါ။

          ဖခင်ကောင်းတစ်ယောက်ဆိုရင်လည်း မိမိသားသမီးအတွက် လိုလိုလားလား အနစ်နာခံပြီး  ပြုစုစောင့်ရှောက်တတ်ကြတယ်။ မိမိသားသမီး အခြေခံကောင်းအောင် ပြဇာတ်တစ်ခုမှ ဇာတ်ညွှန်း ရေးသလို တိတိကျကျပြင်ဆင်တယ်။ ကမ္ဘာလောကကြီးဆိုတာ ရက်စက်ကြမ်းကြုတ်မှုတွေရှိတဲ့ နေရာဖြစ်တဲ့အတွက် ဒီဘေးဆိုးဒုက္ခတွေ ရိုင်စိုင်းမှုတွေကို ရင်ဆိုင်နိုင်အောင်လို့ ကာကွယ်နိုင်တဲ့ စွမ်းရည်တွေရှိအောင် ဉာဏ်ပညာရှိမှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်နဲ့ အတန်းပညာကို တတ်နိုင် သလောက် သင်းပေးရမယ်ဆိုတဲ့ သန်ဓိဋ္ဌာန်ချထားတတ်ကြတဲ့ပ သူတွေဖြစ်ပါတယ်။

          ဟိုးရှေးအစဉ်အလာမှာကတည်းက ရှိခဲ့တယ့် ဖခင်ဆိုတာ သားသမီးကို လွတ်လပ်မှုတွေပေး ပြီး နေသားတကျစီမံပြီးသား နှောင်ကြိုးတွေနဲ့ ဆွဲမထားတတ်ဘူး၊ အကောင်းမြင်ဝါဒတွေနဲ့ ကမ္ဘာလောကကြီးထဲ ထွက်နိုင်ဖို့ စီမံထားတတ်ကြပါတယ်။ မိမိကိုယ်တိုင် နမူနာပုံစံပြမယ် မိမိ ကိုယ်တိုင်ဖြစ်နိုင်တဲ့ အစွမ်းသတ္တိတွေကိုပြမယ်။ သားသမီးတစ်ယောက်ရဲ့ အနာဂတ်ဘဝမှာ အောင်မြင်မှုတွေနိုင်သလို ကျရှုံးမှုတွေလည်း ရှိနိုင်တယ်၊ ဒီလိုဖခင်က စိတ်ဓာတ်တတ်ကြွစွာနဲ့ အလွန်အကျွံလည်း မဖြစ်ရအောင် ရုပ်လုံးဖော်ပေးတတ်ပါတယ်။ အဲ့ဒီလိုဖခင်က အနစ်နာခံ လုပ်ဆောင်ပေးတဲ့အခါမှာ သားသမီးအတွက် အတွေးတွေကို ကျရှုံးသွားအောင် ဘယ်တော့မှ မလုပ်ဖူး၊ ကျရှုံးခဲ့မယ်ဆိုရင်လည်း အောင်မြင်အောင် လုပ်ဆောင်ပေးဖို့ သံဓိဋ္ဌာန်ချပြီးသား အနာဂတ် ဘဝတိုးတက်ဖွံ့ဖြိုးအောင်လုပ်ရင်း သားသမီးတွေက ကောင်းတဲ့ အကျိုးတရားတွေရမယ်လို့ ယုံကြည်ပြီးသားဖြစ်ပါတယ်။

          မိဘတွေဆိုတာက သားသမီးအတွက် ဘာတွေကိုတော့ ကန့်သတ်ချက်ထားမလဲ၊ ဘယ်အရာ တွေကတော့ အရေးကြီးတဲ့ ကန့်သတ်ချက်တွေလဲ ဘာတွေကဖြင့် သားသမီးအနာဂတ်ဘဝအတွက် မှတ်သားထားရမှာလဲ၊ ဘာတွေကဖြင့် သားသမီးအနာဂတ်ဘဝအတွက် မှတ်သားထားရမှာလဲ၊ ဒါတွေအားလုံး မိမိကိုယ်မိမိ Adjust လုပ်ပြီး အနာဂတ်ဘဝအောင်မြင်ဖို့အတွက် မိမိရဲ့ ယုံကြည်ချက် တွေကို ယုံမှားသံသယမရှိပဲ နောက်ဆုံးထွက်သက်အထိ အနစ်နာခံတတ်ကြတဲ့ သူတွေပါ။

          မိဘဆိုတာ သားသမီးတွေအတွက် ပြုစုပျိုးထောင်ပေးရလို့ ၀န်လေးတယ်လို့ မထင်မှတ်ကြ ဘူး၊ ဘာအမှားတွေပဲ လုပ်ပါစေခွင့်လွှတ်တတ်ကြစမြဲပါ။ သားသမီးက ငါ့သူငယ်ချင်းမှ မဟုတ်တာ အဲ့ဒီလို၊ အတွေးတွေနဲ့ ခွင့်လွှတ်နိုင်ကြတာပါ။

          မိခင်မေတ္တာဆိုတာကလည်း သားသမီးကို ငမ်းငမ်းတတ် အချစ်တွေပေးတတ်ကြတာပါ။ အစစအရာရာ သင်ပေးပြီးလို့ သားသမီးတွေရဲ့ ဘဝ ကိုယ်တိုင်လျှောက်လှမ်းသွားတတ်ရင် မိဘက ပေးလိုက်တဲ့ တန်ဘိုးမဖြတ်နိုင်တဲ့အရာတွေပါပဲ ကျေနပ်ဂုဏ်ယူရင်း ရှိနေကြတာပါ။

          ဒါကြောင့် စရိုက်နဲ့ဆိုင်တဲ့ တာ၀န်တွေ မိဘတွေမှာ ရှိသလို မိဘတွေက မလုပ်ပေးခဲ့ရင် လည်း ပျက်စီးသွားတဲ့ သားသမီးလေးတွေ အများကြီး မြင်နေရပါတယ် ဆိုတာကို မျှဝေပေးရင်း ရပ်နားခွင့်ပြုပါ။  

 

Add new comment

9 + 5 =