relationship တွေ ပြိုကွဲပျက်စီးသွားနိုင်တဲ့အခြေအနေတွေအကြောင်း မျှဝေပေး သွားချင်ပါတယ်။

Stages

          ဒီနေ့မှာ relationship တွေ ပြိုကွဲပျက်စီးသွားနိုင်တဲ့အခြေအနေတွေအကြောင်း မျှဝေပေး သွားချင်ပါတယ်။

          တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ ကြိုက်လို့ အင်မတန်ကောင်းတဲ့အခြေအနေတွေနဲ့ relationship ကို စခဲ့ကြတာပါ။

          အစကောင်းခဲ့ပေမယ့် အခုချိန်မှာတော့ ပြိုကွဲတော့မယ့် မျှော်လင့်ချက်မရှိသလောက် ဖြစ်နေ ပါပြီ။

          ဒီလိုအခြေအနေ ဘယ်လိုကြောင့် ဖြစ်လာတာလဲ?

          Relationship ပြိုကွဲတော့မယ့်သူက အခုလို စဉ်းစားမိမှာပဲ။

          ‘‘ငါက ဒီ life ကို ပြန်အဖတ်ဆည်နိုင်မလား။ နောက်ကျသွားပြီလား’’

          ‘‘တောင်းပန်မယ်။ အသနားခံမယ်။ သင့်မြတ်အောင် ပြန်တည်ဆောက်ယူမယ်ဆိုရင်ကော တစ်ချိန်က ချစ်ခဲ့ကြတဲ့ သူတွေပဲ။ တစ်ယောက်အကြောင်း တစ်ယောက်က အတော်အတန် သိပြီး သားတွေပဲ’’ ဒီလိုတွေးမိကြတဲ့ relationship တွေ ရှိမှာပါပဲ။

          အဲဒီလို ခံစားနေရင်း အခုလို ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် လွဲမှားတာက relationship ကို breakdown ဖြစ်ဖို့ အဆုံးအဖြတ်ပေးတာပါပဲ။

          ဥပမာ- လူတစ်ယောက် ရောဂါဖြစ်လာရင် ဒီရောဂါလက္ခဏာအတွက် စီစစ်မှတ်သားတဲ့ စမ်းသပ်ချက်က အဖြေမှန်မှသာ ရောဂါကို သက်သာပျောက်ကင်းအောင် အသေအချာ ကုသနိုင်မှာ ဖြစ်သလို relationship မှာလည်း ပြန်လည်စီစစ်မှတ်သားချက်မမှန်ရင် relationship က ပြိုကွဲ ပျက်စီးသွားနိုင်တာပါပဲ။

          အနာသိရင် ဆေးရှိသလိုမျိုးပဲ။ relationship မှာ မှားတဲ့ နည်းဗျူဟာကို သုံးမိရင် breakdown ဖြစ်မှာ အသေအချာပါပဲ။

          အဲဒီလိုနဲ့ အိမ်ထောင်ကို ပြိုကွဲသွားစေနိုင်တဲ့ အခြေအနေတချို့ကို ပြောပြရရင် အချင်းချင်း မကျေနပ်လို့ ဆိုးဝါးတဲ့ စိတ်ခံစားချက်ကြောင့် relationship ကို ပြိုကွဲစေဖို့ အမူအယာတွေက တဘက်သားကို နာကြင်စေပါတယ်။ ဥပမာ- အလုပ်တာဝန်တွေပိနေတဲ့ လူတစ်ယောက်က မှားတဲ့ အပြုအမူနဲ့ တုန့်ပြန်တဲ့ခါမှာ တုန့်ပြန်လိုက်တဲ့ အသံနေအသံထားက စိတ်အနှောက်အယှက်ဖြစ်သွား စေပြီး၊ တဖြည်းဖြည်းနဲ့မှ  relationship က ပြိုကွဲသွားနိုင်တာပါ။

          အကြီးအကျယ် နားလည်မှုလွဲတာကလည်း ပိုကြီးတဲ့ ပြဿနာကနေ အခြေခံတာပါပဲ။ ဒီလို မျိုးဖြစ်ခဲ့ရင် အသေအချာ ကိုင်တွယ်တတ်မှ ရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်မုန်းလို့ ကြည့်မရ တော့ဘူး။ အချိန်မဖြုန်းနိုင်တော့ဘူး။ ဒီကနေ ထွက်သွားချင်ပြီ။ တစ်ယောက်နဲ့ တစ်ယောက်ဆွဲ ဆောင်မှု မရှိတော့ဘူး။ ဦးတည်ချက်တွေ goals တွေကလည်း ညှိလို့မရတော့ဘူး။ အဲဒီလိုနဲ့ပဲ breakdown ဖြစ်သွားနိုင်တာပါ။

          အိမ်ထောင်ဦးစီးတချို့က သူတို့က အိမ်ထောင်ကို နေရာတကျ စီမံကိုင်တွယ်ရတဲ့သူ အိမ်ရဲ့ လိုအပ်ချက် အဝဝကို တာဝန်ယူရတဲ့သူ ဇနီးမယားကို take care လုပ်ရတဲ့သူဆိုပြီး မိမိကိုယ်မိမိ စောင့်ရှောက်ရတဲ့သူ အဖြစ် ခံယူပြီး ဇနီးမယားကို အိမ်ထောင်ရဲ့ နောက်ကနေပဲ ရှိစေချင်ကြတယ်။ ဒီတော့ ဇနီးက မကျေနပ်ချက်တွေ တဖြည်းဖြည်းများလာပါတော့တယ်။

          နောက်ပြီး ဟိုးအရင်တုန်းကတော့ ဇနီးမယားကို ဘေးကင်းအောင် အန္တရာယ်ကင်းအောင် နှုတ်ကတိတွေ ပေးခဲ့ပေမယ့် ခုခါမှာတော့ မဆောင်ရွက်နိုင်တော့ဘူး။

          ဇနီးမယားအနေနဲ့ သူ့ဘဝ လုံခြုံမှုမရှိဘဲ လစ်ဟာမှုရတဲ့ ခံစားချက်နဲ့ မိမိခင်ပွန်းနဲ့ ဘယ်လိုမှ communicate မဖြစ်နိုင်တော့ပဲ။ မိမိရဲ့ အတွင်းစိတ်ခံစားချက်ကိုလည်း မထုတ်ဖော်နိုင်တော့ဘူး။ ဇနီးက ဒါတွေကို ထုတ်ဖော်မပြောပေမယ့် ခင်ပွန်းကလည်း ဒါတွေကို မမြင်ဘူး။ ဒီတော့ ဇနီးက ခါးသီးမှုတွေ ရှိလာပြီး အပြုသဘောမဆောင်တဲ့ အတွေးတွေ ဝင်လာပါတော့တယ်။ ခင်ပွန်းအပေါ် မျှော်လင့်ချက်တွေလည်း မရှိတော့ဘူး။ စိတ်ထဲမှာလည်း မပျော်ရွှင်တော့ဘူး။ အခြေအနေက ပြိုင် ဘက်ကင်းအခြေအနေ ဖြစ်သွားပြီ။

          အဲဒီတော့ အိမ်ထောင်က breakdown ဖြစ်သွားနိုင်တဲ့ အကြောင်းတရားတွေကို အထူး သတိထားရတော့မယ်။ မိမိက မှန်ကန်ဖို့တော့ လိုတာပေါ့။

          နောက်ပြန်ကြည့်လိုက်တဲ့အခါမှာ အခုလို ဒေါသတွေ အပြုသဘောမဆောင်တာတွေ လုပ်ရင်း အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ။ ဒါကို သတိမထားမိလိုက်ဖူး။ အခုတော့ ဒီလိုတွေ ဖြစ်ပျက်နေတာကို သိပြီး တွေးမိပြီ။

          ဒီတော့လည်း ကျော်ဖြတ်ပြီး ကျွမ်းကျင်တဲ့ အဓိကသော့ချက်တွေကို ရှာဖွေရင်း မိမိကိုယ်မိမိ ပြန်လည်တည်ဆောက်ယူရတော့မယ်။

          အခုတွေးမိလာပြီ။ ‘‘ငါတို့က relationship ကို ပြတ်တောက်အောင် လုပ်နေတာပဲ။ Relationship ကို သတ်လိုက်တာပဲ။ အိမ်ထောင်ကွဲတယ်ဆိုတာ ဘဝကို သေစေတဲ့ Silent Killer ပါပဲ။ မျက်စိတဖျက်မှာ ကွဲကွာဖို့ စဉ်းစားခဲ့တာ။ အခုရပ်လိုက်တော့မယ်။

          relationship ရဲ့ နောက်ကွယ်က အခြေခံသဘောတရားတွေကို ကျွမ်းကျင်မှုရပြီ။ အခြေခံ သဘောတရားကို သတိထားမိပြီ။

          အဲဒီလို သတိပြုမိရင်း ပြန်လည်တည်ဆောက်တော့မယ်။ အပြုသဘောဆောင်တဲ့ အတွေး တွေကနေ လွတ်မြောက်အောင် ရုန်းထွက်တော့မယ့် relationship တစ်ခု ပြတ်တောက်သွားတာက ဒါတွေကို မသိခဲ့လို့၊ မသင်ယူခဲ့လို့။ ဒါတွေက အဓိကသော့ချက်ဆိုတာ သိသွားပြီ။ မိမိက သက်သာရာ သက်သာကြောင်း တွေးတတ်ဖို့လိုမယ်။ ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းတတ်ရမယ်။ ဘေးကင်း အန္တရာယ်ကင်းဖို့ဆိုတာ အခြေခံဇစ်မြစ်ဖြစ်တယ်။ လုံခြုံမှုရှိဖို့ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ နားလည်သဘောပေါက်ရမယ်။ မိမိရဲ့ အားနည်းချက်တွေကို နားလည်သဘောပေါက်လာတဲ့ခါမှာ မှန်ကန်တဲ့ အဖြေကောင်းတွေ ရလာမယ်။ ဖြတ်လမ်းနည်းဆိုတာ မရှိဘူး။ ရည်ရှည်လက်ခံပြီး တည် ဆောက်ယူရမယ်။ မိမိကိုယ်တိုင် အစီအစဉ် စနစ်တကျဆွဲပြီး ပြောင်းလဲဖို့ လုပ်ယူရမယ်။ အိမ်ထောင် တစ်ခု ပျက်စီးသွားတော့မှာကို မသိလိုက်ဘဲ အမှတ်တမဲ့ ဖြစ်သွားခဲ့တယ်။

          ဟိုးတုန်းက relationship တည်ဆောက်ခဲ့ကြတုန်းကလိုပဲ။ reverse လုပ်ရင်း ပြန်လည်ပြီး လှပတဲ့ design ဆွဲရင်း relationship ကို မိမိဖာသာ ပြန်လည်ရှင်သန်အောင် တည်ဆောက်လုပ်ယူ လို့ ရပါတယ်ဆိုတာကို ပြောပြရင်း ဒီနေ့အတွက် ရပ်နားခွင့်ပြုပါ။

Add new comment

11 + 5 =