မိဘနဲ့သားသမီးရုပ်ရှင်အတူကြည့်ပြီးရင် အကြောင်းအရာတွေကို ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးတယ်

 

Movies

            ဒီနေ့မှာ မိဘနဲ့သားသမီးရုပ်ရှင်အတူကြည့်ပြီးရင် အဲ့ဒီရုပ်ရှင်မှာပါတဲ့ အကြောင်းအရာတွေကို မိဘနဲ့သားသမီး အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်း Sharing ပေးသွားချင်ပါတယ်။

            ဘာဖြစ်လို့ discuss ဆွေးနွေးမှုလိုသလဲ ဆိုတော့ ဒီ ၅နှစ်ကနေ ၁၀ နှစ်လောက်အရွယ်တွေ အတွက် အရေးကြီးတဲ့ လေ့ကျင်ကျွမ်းကျင်ဖို့ စွမ်းရည်တွေ လိုအပ်တဲ့ အရွယ်ဖြစ်လို့ပါပဲ။

            ယနေ့လူငယ်နောက်ဝယ်လူကြီးဆိုသလို ဒီလိုဆွေးနွေးတာဟာဖြင့် မိမိတို့ မိသားစုဘဝ အတွက် ကြိုတင်ပြင်ဆင်တဲ့သဘောကို ဆောင်စေပါတယ်။

            မိဘတွေအနေနဲ့ကလည်း မိမိသားသမီး ရုပ်ရှင်ကြည့်ဖို့ ခွင့်ပြုရတာကလည်း စွန့်စားမှုတစ်ခု လိုပါပဲ။

            မိဘတွေက ရုပ်ရှင်မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း dialogue တို့ ကြိုကြည့်ပြီး ကြိုသိပြီးမှ သားသမီးအတွက်သင့်တော်တဲ့ ဇာတ်ကားမျိုးမှ ကြည့်စေဖို့ကလည်း ဒီနေ့ခေတ်မှာ မိဘတိုင်း အတွက်အဆင်မပြေလှပါဘူး။

            ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ပါဝင်တဲ့ ပြောဆိုပုံ၊ ဝတ်စားဆင်ယင်ပုံ၊ အမူအယာတွေက ကလေးငယ်လေးတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်မှာ ပုံတူကူးလိုက်သလို ဖြစ်သွားစေလို့ပါပဲ။

            အဲ့ဒီတော့ မိဘက သားသမီးငယ်လေးတွေအတွက် မသင့်တော်တဲ့ ဇာတ်ကားမျိုးကို ခွင့်ပြုနိုင်မလား၊ ကာကွယ်ဖို့ မလိုဖူးလား၊ လူကြီးတွေက ကမ္ဘာလောကကြီးကို ကြည့်တဲ့ အမြင့်နဲ့ ကလေးငယ်လေးတွေရဲ့ အမြင်က မတူနိုင်ဘူးလေ၊ ကလေးငယ်လေးတွေက ရိုးသားတယ်။ အတွေ့ အကြုံမရှိသေးဘူး အဲ့ဒီတော့ media တွေထဲက cele တွေရဲ့ သရုပ်ဆောင်မှုတွေကို ပုံတူကူးချမှာပဲ၊ ဒီတော့ လူကြီးမိဘရဲ့ သွန်သင်မှု ဆွေးနွေးမှုက လိုလာပြီပဲမဟုတ်လား။

            ဒီကလေးငယ်လေးတွေကို media တွေကနေ ဘယ်လိုထိန်းချုပ်နိုင်သေးသလဲဆိုရင် Hollywood ရုပ်ရှင်ကားတွေ တရုတ်သိုင်းကားတွေ ကိုးရီးယားရုပ်ရှင်တွေ လူငယ်တွေကို ဘယ်လို ဆွဲအောင်နေသလဲ၊ သောတရှင်တို့အသိပါ။ ရုပ်ရှင်ထုတ်လုပ်မှု တည်ထွင်ဆန်းသစ်မှု၊ ဇာတ်ဝင်သီချင်း တွေ သရုပ်ဆောင်မှုတွေ၊ အင်မတန်မှ ကောင်းပြီး ဆွဲဆောင်မှု တွေယူထားတဲ့အတွက် အရွယ်ရောက် တဲ့သူတွေက ရုပ်ရှင်ထဲက အတိုင်း ဝတ်စားမယ်၊ ပြုမူမယ်၊ ရုပ်ရှင်ထဲကအတိုင်း မိမိကိုယ်မိမိ လူငယ် အရွယ်ရောက်ပြီးတဲ့သူက အမှားအမှန် ဆုံးဖြတ်တတ်ပေမယ့် ကလေးငယ်လေးတွေကတော့ သူတို့ နှလုံးသားထဲ ပုံတူကူးလိုက်သလို ရောက်သွားစေတာပါ။

            ဖတ်ဖူးတဲ့ စာအုပ်စာအုပ်မှာ ဒီကလေးငယ်လေး သူငယ်ချင်းနှစ်ယောက်က ကားခိုးတဲ့ ရုပ်ပြ စာအုပ်ကို အတူဖတ်ပြီး အရမ်းကို အားကျသွားတယ်။ ဒါနဲ့အခုလာမဲ့တနင်္လာနေ့မှာ ငါတို့နှစ်ယောက် အဲ့ဒီအတိုင်း ကားသွားခိုးမယ်လို့ ချိန်းပြီး အဲ့ဒီနေ့ အိပ်ယာက နိုးနိုးချင်းပဲ သူတို့ရဲ့ နည်းနည်းဝေးတဲ့ နေရာမှာ ရပ်ထားတဲ့ ကားကိုတွေ့ပြီး အဲ့ဒီကားရဲ့ တံကားလက်ကိုင်ကို ဆွဲလိုက်ရာ သူတို့ ခေါင်းပေါ် ကို တုတ်နဲ့ ရိုက်ချလိုက်သလို သူတို့လဲကျသွားတယ်။ ဒါနဲ့ ထပြီးကြည့်လိုက်တော့ ရဲကားဖြစ်နေတာ ကို တွေ့လိုက်ရတယ်။ ရဲကားမှန်းလည်းမသိဘူး။ တွေ့တဲ့ကားကို ခိုးမယ်လို့ ရည်ရွယ်လိုက်တာလို့ ဆိုထားပါတယ်။ သူတို့ ဦးနှောက်ထဲမှာ ရုပ်ပြစာအုပ်ထဲကအတိုင်း သူတို့က လူစွမ်းကောင်းလုပ်ကြ တာ အဲ့ဒီကလေးရဲ့ မိဘက မိမိကလေးနဲ့ အချိန်များများပေးရတော့မယ်။ သူတို့က လူစွမ်းကောင်း လုပ်ချင်ပြီး ချော်ထွက်သွားလို့ ဆိုထားပါတယ်။

            Media တွေက ကလေးငယ်လေးတွေရဲ့ ဘဝတက်လမ်းအတွက် ပြင်ဆင်ပေးနိုင်သလို သူတို့ရဲ့ နှလုံးသားနဲ့ ဦးနှောက်ကောင်းတဲ့ဖက် (သို့) ဆိုးတဲဖက်ကို ဝေဝါးသွားစေပါတယ်။

            ဥပမာ ရုပ်ရှင်တကားမှာ sexual allure လို ဇာတ်ဝင်ခန်းမျိုး သူတို့ မြင်တွေ့ရတဲ့ခါမှာ တစ်ခါမှလည်း မတွေ့ဖူးဘူး၊ ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာဖြစ်သလို့ ပထမဆုံးတွေ့ဖူး တဲ့ပုံရိပ် ထိတ်လန့်စရာဖြစ်ပြီး မသမာစွာ လျှို့ဝှက်ကြံစည်ထားတယ်ဆိုတာလဲ သူတို့မသိဘူး၊ အဲ့ဒါ တွေက သူတို့ ဦးနှောက်ထဲမှာ အမာရွတ်လိုကျန်ခဲ့တတ်ပါတယ်။ ဒါတွေက media တွေရဲ့ ပါဝါတွေပါ။

            မိဘအနေနဲ့ ရုပ်ရှင်မျိုး မကြည့်ရဖူးဆိုရင်လည်း မိမိကလေးက ကမ္ဘာကြီးရဲ့ နောက်မှာ ကျန်ခဲ့မယ်။ အဲ့ဒီတော့ မိဘက ကြိုးစားအားထုတ်ပြီး၊ ဒီရုပ်ရှင်အကြောင်း ဆွေးနွေးရတော့မယ်။ မိဘကမပြောပြဖူး၊ မဆွေးနွေးခဲ့ရင် မိမိသားသမီးက ဝေဝါးသွားပြီး မိဘကိုယ်တိုင် သဘောတူလက်ခံ တဲ့သဘော သက်ရောက်သွားစေပါလိမ့်မယ်။

            သားသမီးရဲ့ အတွေးထဲမှာ ဒါတွေက အမှန်လား၊ အမှားလား ဝေခွဲမရဘူးဖြစ်နေပါလိမ့်မယ်။ အသိပညာပေးတဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ် ဒီလို ရုပ်ရှင်က ဘယ်လို massage ပေးတယ်။ ဒါက Basic entertainment ပြောပြရမှာပါ။ မပြောပြခဲ့ရင် တစ်နေ့နေ့တချိန်ချိန် သူတို့ ရုပ်ရှင်ထဲမှာ မြင်ခဲ့တဲ့အတိုင်း ပြုလုပ်သွားနိုင်ပါတယ်။

            ဒါဆိုရင် မိဘနဲ့ သားသမီးဘယ်လိုဆွေးနွေးကြမလဲ၊ ရုပ်ရှင်ကို အတူကြည့်ပြီးရင် ဒီရုပ်ရှင်၏ အသံပိုင်းဆိုင်ရာ၊ ဂီတ၊ ဒါက ဘာသာရေးကို ရည်ညွှန်းတဲ့ရုပ်ရှင်၊ ဒါကတော့ နိုင်ငံကို ကာကွယ်ဖို့ စစ်တိုက်တဲ့ဇာတ်လမ်း၊ ဒါကတော့ ကာတွန်းကား၊ စသဖြင့် အားနည်းချက်တွေ အားသားချက်တွေ ကို ထောက်ပြဝေဖန်ဆွေးနွေးပြီး အခိုင်အမာ ပြောရမှာပါ။

            ဒါမှ သူတို့ကြည့်ပြီးတဲ့ ရုပ်ရှင်တိုင်း မိဘနဲ့ ပြန်ပြီးဆွေးနွေးလိုတဲ့ အလေ့အကျင့်တွေရလာ မယ်။ မထိန်မချန် ပြန်ပြီး ဆွေးနွေးတတ်လာမယ်။ သူတို့စိတ်ဝင်စားစရာတွေပြောတဲ့အခါမှာ သူတို့ရဲ့ ဆန္ဒတွေပါ တစ်ပါတည်း၊ ကိုင်တွယ်ပေးလို့ ရလာပါလိမ့်မယ်။ မိဘရဲ့ အာဘော်တွေကို အများကြီး မထည့်ဖို့ အမြင်ကျယ်ဖို့တော့ လိုတာပေါ့နော်၊ ဇွတ်အတင်း၊ ဇာတ်လမ်းရဲ့ ဆန့်ကျင်ဘက်ဖြစ်စေမယ့်  အရာတွေကိုတော့ ရှောင်ရမှာပေါ့၊ မိဘနဲ့ ဆွေးနွေးနေရာကနေ သူတို့အတွက်  သင်ယူစရာတွေ ဖြစ်လာတာပါ။

            မိဘတွေအနေနဲ့ ရုပ်ရှင်ထဲက မြင်ရတာကိုယ်လည်းပြောမယ်၊ မမြင်ရတာကိုလည်း ပြောမယ်။

            မိဘအနေနဲ့ မိမိကိုယ်မိမိ ဘယ်အရာက အရေးကြီးတာလဲ၊ ဘာက လိုအပ်တာလဲ၊

            သားသမီးကို သင်ပေးလိုက်ဖို့ ဘယ်အရာက အမှန်လဲ၊ ဘယ်အရာက အမှားလဲ၊ ဘယ်အရာက အစစ်အမှန်လဲ၊ ဘယ်အရာက အတုအပလဲ မေးနိုင်တယ်။

            ရုပ်ရှင်ထဲမှာက အမှားတွေကနေ အမှန်ဖြစ်လာနိုင်သလို၊ အမှန်တွေကနေလဲ၊ အမှားတွေ ဖြစ်နိုင်တာကို နမူနာယူပြီး သေချာပေါက် ပြောပြ သင်ပြပေးရပါအုံးမယ်။

            ရုပ်ရှင်ဆိုတာ ယုတ္တိရှိရှိ ရိုက်ထားတာမို့ ရင့်ကျက်တဲ့ သားသမီးဖြစ်လာဖို့ အများကြီး Discuss ဆွေးနွေးရမှာပါဆိုတာ တင်ပြရင်း ရပ်နားလိုက်ပါတယ်။

 

Add new comment

5 + 0 =