ကမ္ဘာပေါ် ကျွန်ုပ်တို့တည်ရှိနေခြင်းဟာ ဘဝအစ တစ်ခုသာဖြစ်

ကျွန်ုပ်တို့ရဲ့ဘဝက ပြည့်စုံတဲ့ ကမ္ဘာကြီးကို စိတ်ကူးတွေယဉ်ပြီးတော့ အချိန်ကုန်နေဖို့ မဟုတ်ပါဘူး။ သေဆုံးခြင်းက လမ်းကြောင်းတစ်ခုဖြစ်လို့ ကျွန်ုပ်တို့ရဲ့ဘဝဟာ သေခြင်းတရားကို ကျော်လွန်ပြီး ဖြတ်သန်းဖို့ဖြစ်တယ်။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ပန်းတိုင်က ဒီနေရာမဟုတ်ဘဲ ထာဝရဘုရားတည်ရှိနေရာ သူ့ဘေးနား ရှိနေဖို့ဖြစ်ပါတယ်။ ဒီကမ္ဘာမြေကြီးဟာ ကျွန်ုပ်တို့ ဘဝအကြောင်း စတင် လေ့လာသင်ယူတဲ့ ဖြစ်စဉ်တစ်ခုရဲ့ တည်နေရာလေးမို့ အခက်ခဲဒုက္ခ ပင်လယ်တွေအကြားမှာ ဘုရားသခင်ရဲ့လက်ဆောင်အတွက် ကျေးဇူးတင် တန်ဖိုးထားကာ အဲဒီဟာကို ရိုသေစွာ တာဝန်ယူပြီး လူတိုင်းအတွက် အသီးအပွင့်တွေ ဝေဆာပွင့်ဖူးအောင် ဝေမျှ လုပ်ဆောင် ကြရပါတယ်။ ဒီကမ္ဘာထဲ ဘဝအချိန်ဟာ ဒီလိုဖြတ်သန်း လျှောက်လှမ်းကြရတဲ့ ကျေးဇူးတော် ဖြစ်ပါတယ်။ အဆုံးမရှိတဲ့သုခနဲ့ အာဏာရူး၊ အချိန်ကို ရပ်တန့်ပြီး တစ်ဘဝလုံး နုပျိုလန်းဆန်းချင်တဲ့ စိတ်ကူးယဉ်တွေက လုံးဝ မဖြစ်နိုင်တဲ့အရာတွေကို ထင်ယောင်ထင်မှားနဲ့ စိတ်ကယောက်ချောက်ချား ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီကမ္ဘာပေါ် ကျွန်ုပ်တို့တည်ရှိနေခြင်းဟာ ဘဝအစ တစ်ခုသာ ဖြစ်ပြီး ပိုပြည့်ဝတဲ့ဘဝဆီကို ဦးဆောင်ပေးပါတယ်။ ဘုရားသခင်၌သာလျှင် ပြည့်စုံခြင်းကို ရှာတွေ့မဲ့လူ့ဘဝကို အစပြု ရှင်သန်လျှောက်လှမ်း နေကြတဲ့ဘဝ ဖြစ်ပါတယ်။

✍️ထန်းဟာ SJ

Source: Catholic News Service

#rvamyanmar #rvapastoralcare #rvamyanmarpopefrancismessage2022

Add new comment

1 + 3 =