ကျွန်ုပ်တို့မိမိကိုယ်ကို သခင်ယေဇူးပြောင်းလဲ ပြုပြင်ပေးနိုင်အောင် ခွင့်ပြုပေးနေသလား။

ကျွန်ုပ်တို့မိမိကိုယ်ကို သခင်ယေဇူးပြောင်းလဲ ပြုပြင်ပေးနိုင်အောင် ခွင့်ပြုပေးနေသလား

ဒီနည်းလမ်း တစ်ခုကို ပြောပြပါမယ်။

တစ်ဦးဦးကနေ ကျွန်ုပ် ကောင်းတာလုပ်လို့ လူကောင်းဖြစ်တယ်၊ အပြစ်ကြီးတွေလည်း မကျူးလွန်ဘူး၊ အဲလိုပြောတဲ့သူက မိမိကိုယ်ကို ပြည့်စုံလုံလောက်မှုကိုပြောပြနေတာဖြစ်လို့ ကောင်းတဲ့လမ်း မဟုတ်ပါဘူး၊

ဒီနည်းလမ်းနဲ့ သင့်ကို မျှတမှန်ကန် တဲ့သူလို့ ပြောလို့ မရပါဘူး။ ဒီဟာက သင့်မာနထောင်လွှားပြသလိုဖြစ်လို့ကက်သလစ်နည်းနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့အပြင် အံဝင်ခွင်ကျမဖြစ်တဲ့ ကက်သလစ်ဟာလည်း သန့်ရှင်းမြင့်မြတ်တဲ့ ကက်သလစ် မဖြစ်နိုင်ပါဘူး။

စစ်မှန်တဲ့ ကက်သလစ်ဆိုတာ သခင်ယေဇူးကို မိမိနှလုံးသားအတွင်းကနေ လက်ခံကြိုဆိုပြီး အဲဒီကနေ သင့်ရဲ့ စိတ်နှလုံးသား ပြုပြင် ပြောင်းလဲ အသက်ရှင်သူ ဖြစ်ပါတယ်။ ဒီနေ့မှာ သင်တို့အားလုံးကို ကျွန်ုပ် ဒီမေးခွန်း မေးချင်ပါတယ်။ ကျွန်ုပ်အတွက် သခင်ယေဇူးက ဘယ်သူဖြစ်မလဲ။

သခင်ယေဇူးကို ကျွန်ုပ်ရဲ့နှလုံးထဲ ဝင်ခွင့်ပေးပြီးပြီလား၊ ဒါမှမဟုတ်ရင် သခင်ယေဇူး ကျွန်ုပ်နှလုံးသား အထဲကို မဝင်နိုင်အောင် ရှောင်လွဲနေသလား။ ကျွန်ုပ်တို့မိမိကိုယ်ကို သခင်ယေဇူးပြောင်းလဲ ပြုပြင်ပေးနိုင်အောင် ခွင့်ပြုပေးနေသလား။

ဒါမှမဟုတ်ရင် သခင်ယေဇူးက ဓမ္မပညာရပ်နဲ့ ဖြစ်ပျက်နေကျ အတွေးအခေါ် တစ်ခုပဲလား။

✍️ထန်းဟာ SJ

Video credit to EWTN Vatican

#rvamyanmar #rvapastoralcare #PopeFrancisMessage

Add new comment

3 + 11 =