မယ်တော်ရဲ့မျှော်လင့်ချက်သီချင်းကနေ မျှော်လင့်ချက် ထွန်းလင်းလာစေပါတယ်

Pope Francis

ချစ်ခြင်းက စိုးမိုးခြင်းဖြစ်ပြီး အစေခံခြင်းက စွမ်းအားဖြစ်တယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါသလား။ ကျွန်ုပ်ရဲ့ဘဝပန်းတိုင်က သုခဘုံ၊ ကောင်းကင်နိုင်ငံ ဖြစ်တယ်လို့ ယုံကြည်ပါ သလား။ ဒါမှမဟုတ် ဒီလောကမှာ ကောင်းကောင်း နေဖို့ပဲ စိုးရိမ်နေသလား၊ လောကရုပ်ဝတ္ထု ပစ္စည်းအတွက်ပဲ စိုးရိမ်နေသလား။ ပြီးတော့ လောကရေးရာတွေ လေ့လာရင် အဆိုးမြင်ဝါဒရဲ့လွှမ်းမိုးအောင်ပဲ ခွင့်ပြု နေတာလား၊ မယ်တော်လိုမျိုး ဘုရားရဲ့ နူးညံ့သိမ့်မွေပြီး သေးငယ်တဲ့ လုပ်ဆောင်ချက်ကနေ ကြီးမြတ်တဲ့ အောင်မြင်မှုကိုကျွန်ုပ် ကြည့်ရှု ပါသလား။ ညီအစ်ကို မောင်နှမအပေါင်းတို့ ဒီနေ့မယ်တော်ရဲ့မျှော်လင့်ချက်သီချင်းကနေ မျှော်လင့်ချက် ထွန်းလင်းလာစေပါတယ်။ မယ်တော်ဟာ အကြွင်းမဲ့ ကိုယ်စိတ်ဝိညာဉ်နဲ့ ကောင်းကင်ဘုံ ရရှိခဲ့လို့ သူမမှာ ကျွန်ုပ်တို့ရဲ့ခရီးပန်းတိုင် တွေ့နိုင်ပါတယ်။

✍️ထန်းဟာ SJ

Source: Catholic News Service

Add new comment

5 + 1 =