အလုပ်အားမှဆုတောင်းတာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နှလုံးသားကနေ ဘုရားသခင်နဲ့ အချိန်ယူစကားပြောကြပါစို့

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ “ပြာခံပွဲဗုဒ္ဓဟူးနေ့” ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မိန့်ကြားချက်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့ ကျွန်ုပ်တို့ ဦးညွတ်ပြီး စိတ်ပေါ့ပါးစွာနဲ့ ပြာခံယူ ကြပါစို့။ ကရုဏာ ဝန်ဆောင်မှုတွေ လုပ်ဆောင်ခြင်း လမ်းကြောင်းဆီကို ကျွန်ုပ်တို့ လျှောက်လှမ်းကြပါစို့။ ဒီဝါတွင်း ကာလရက်(၄၀)က ကျွန်ုပ်တို့ရဲ့ ပုဂ္ဂိုလ်ရေးလိုအပ်ချက်ထက် ကမ္ဘာကြီးက ပိုကြီးကြောင်း သတိပေးနေပါတယ်။

ပျော်ရွှင်ခြင်းကို ပစ္စည်းတွေ စုဆောင်းခြင်းမှာမရဘဲ၊ ဆင်းရဲဒုက္ခ ရောက်နေသူတွေကို ကူညီခြင်းမှာ ရရှိတာဖြစ်ပါတယ်။ ဒီဝါတွင်းအချိန်အခါသမယမှာ ဆုတောင်းခြင်းနဲ့ ဘုရားသခင်ရဲ့လမ်းစဉ်ဆီကို ပြန်လှည့်ခြင်းအားဖြင့် အလုပ်အားမှ ဆုတောင်းတာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နှလုံးသားကနေ ဘုရားသခင်နဲ့ အချိန်ယူစကားပြော ကြပါစို့။

ဒီရက်ပေါင်း (၄၀)မှာ အချိန်ယူပြီးဝါရှောင်ကြရင်းနဲ့ အချိန်ပြည့် အလုပ်ရှုပ်နေခြင်းကနေ ကင်းရှင်းစေကြစို့၊ အရေးမကြီး တာတွေနဲ့ အချိန်ပြည့်အလုပ်ရှုပ်မနေဘဲ တကယ်အရေးပါတဲ့ အရာကို ရွေးချယ်ပြီး အချိန်ပေး လုပ်ဆောင် ကြပါစို့။

✍️ထန်းဟာ SJ

Source: Catholic News Service

Video Credit to CNA

Add new comment

2 + 0 =