မေတ္တာတရား

အားလုံးပဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်ပေးနေတဲ့အစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ကတ်ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးက

တော့ “မေတ္တာတရား “ ဆိုတာ‌ခေါင်းစဥ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။

      မိတ်ဆွေသော်တရှင်များ- မေတ္တာဆိုတာဘာလဲလိုမေးလိုက်ရင်ချစ်တာပဲလိုဖြေမိမှာသေချာပါတယ်။ဘာဖြစ်လိုလဲဆိုတော့ချစ်

ခြင်းမေတ္တာဆိုပြီတွဲသုံးထားလိုဖြစ်ပါတယ်။ချစ်ခြင်းနဲ့မေတ္တာဟာလုံး၀မတူပါဘူး။ချစ်ခြင်းဟာလို

ချင်တက်မက်တဲသဘောတရားပါပါတယ်။မေတ္တာဟာလိုချင်တက်မက်တဲ့သဘောမပါပါဘူး။ဖြူဖြူစင်စင်ရိုးရိုးသားသားလေးပေါ့။မေတ္တာဟာအချစ်ထက်ပိုပြီးအေးချမ်းပါတယ်။မေတ္တာတရားဟာ ပြန်ရမယ်ဆိုတဲ့ဘာမျှော်လင့်ချက်မှမထားပါ။ဒါကြောင့်မိတ်ဆွေများရှင်ဘာမျှော်လင့်ချက်မထားပဲမေတ္တာနဲ့ဆက်ဆံရင်သူရောကိုယ်ရောငြိမ်းချမ်းမှုရရှိပါတယ်နော်။

                       သော်တရှင်မိတ်ဆွေများရှင်-လီယိုတော်စတိုုင်းကဘာပြောလဲဆိုတော့ လောကမှာမိဘမရှိရင်လည်းအသက်ရှင်နိုင်တယ်၊စားစရာ၀တ်စရာမရှိလည်းအသက်ရှင်နိုင်တယ်။မေတ္တာမရှိရင်တော့အသက်မရှင်နိုင်ဘူးလိုပြောထားပါတယ်။လောကရဲ့သဘောတရားတစ်ခုကိုတင်ပြပေးပါမယ်။လိပ်မတွေဟာပင်လယ်ကမ်းစပ်ရှိသဲသောင်ပြင်မှဥများဥပြီးသဲနှင့်ပြန်ဖုံးအုပ်ထားလေ့ရှိကြပါတယ်။ပြီးတဲ့နောက်ပင်လယ်ထဲကိုပြန်ဆင်းသွားပါတယ်။ဒါပေမဲ့သူတို့ရဲ့ဥတွေအတွက်အမြဲမပြတ်မေတ္တာပို့သကြသတဲ့။လိပ်မသေဆုံးသွားလိုမိခင်သေဆုံးသွားလိုမိခင်ရဲ့မေတ္တာကိုမခံယူဘူးဆိုရင်အဲဒီလိပ်ဥတွေဟာပုတ်သွားကြပါတယ်။လိပ်ဥတေလးတွေအကောင်းမပေါက်နိုင်ဘူးလိုဆိုကြပါတယ်။ဒါကြောင့်မို့

လိပ်မကြီးရဲ့မေတ္တာဟာလိပ်ကလေးများပေါက်ဖွားဖို့ရန်အတွက်အလွန်အရေးပါပါတယ်။ဒီလိုပါပဲကြက်တွေ၊ဌက်တွေလည်းဥများဥပြီးသွားတဲ့အခါမှာမိခင်ကြက်မကြီးတွေ၊ဌက်မကြီးတွေကမိမိတို့ရဲ့ ဥများအပေါ်မှာ၀ပ်ပေးရပါတယ်။တနည်းအားဖြင့်(မေတ္တာတရား)အနွေးဓာတ်ပေးရပါတယ်။အနွေး

ဓာတ်မေတ္တာတရားမပေးရင် ဥတွေလည်းပျက်စီးသွားတက်ပါတယ်။

ကျွန်မတို့လူသားတွေ[WU1]  လည်းအဲလိုပါပဲ။မေတ္တာတွေဟာ အမေ့ဆီကလာပြီးတော့ ၊ခွန်အားတွေကတော့ အဖေဆီကလာတာပါ။ဟုတ်တာပေါ့၊ကျွန်မတို့ဘ၀တွေမှာဖေနဲ့အမေမရှိရင်ကျွန်မတို့တတွေဟာလည်းလူတွေအလယ်မှာအပြုံမပျက်ရှင်သန်ဖို့အတော်ကိုခက်ခဲပါလိမ့်မယ်။

       သော်တရှင်များရှင်  ဆားမပါတဲ့ဟင်းကအရသာမရှိသလို၊မေတ္တာမပါ၊မေတ္တာကင်းမဲ့တဲ့ဘ၀တွေဟာလည်းသာယာခိုင်မြဲနိုင်

မှာမဟုတ်ပါဘူး။အဓိပ္ပါယ်မဲ့နေမှာဖြစ်ပါတယ်။မေတ္တာဆိုတာငါဆိုတဲ့အတ္တမရှိ၊အမုန်းတရားတွေ၊၀န်တိုမှုတွေမရှိ၊ခိုက်ရန်ဖြစ်ပွားခြင်းတွေနဲ့‌ေးသေး၊တကိုယ်ကောင်းလည်းမဆန်တက်ပါဘူး။သူတပါးအ

တွက်ရက်ရက်ရောရောပေးကမ်းစွန့်ကြဲတက်တဲ့၊အနစ်နာခံတက်တယ်၊အများအကျိုးအတွက်လုပ်

ဆောင်တက်တဲ့စိတ်ထားတွေ၊ကိုယ်ချင်းစာ၊သနားကရုဏစသည့်စိတ်ထားတွေဟာမေတ္တာတရားတွေပါပဲ။

         သော်တရှင်များတို့ -   ဒီလောကလူသားတွေတချို့မှာ မေတ္တာတရားတွေများသောအားဖြင့်ကင်းမဲ့နေကြပါတယ်။(ခုလိုချိန်မှာပေါ့) လူသားတွေဟာအတ္တလက်နက်ကိုဆွဲကိုင်ပြီးမေတ္တာတရားကိုစိတ်ခေါ်နေကြတယ်။အဲ့ဒီအတ္တလက်နက်တွေကိုဘယ်လိုဖြေရှင်းကြမလဲ။ကျွန်မတို့တတွေသိကြတဲ့အိန္ဒိယနိုင်ငံခေါင်းဆောင်ဖြစ်တဲ့မဟဓမ္မာဂန္ဒီရဲ့မေတ္တာတရားအကြောင်းကိုအနည်းငယ်‌ေ၀ဌါပေးပါမယ်။ခွန်အားယူကြရအောင်ဖြစ်ပါတယ်။မဟဓမ္မာဂန္ဒီဟာခရီးသွားတိုင်းကားဌါးပြီးသွားတက်တဲ့အကျင့်ရှိတယ်။ရထားဆိုလည်းရိုးရိုးတန်းပဲစီးလေ့ရှိတယ်။တနေ့မှာအမှတ်မထင်အစည်းအေ၀◌းကြာသွားတဲ့အတွက်သူစီးမဲ့ရထားထွက်ဖို့အချိန်ဟာနည်းနည်းလေးပဲလိုတော့တယ်။သူဟာရထားကိုအချိန်မှီဖို့အတွက်ဘူတာကိုရောက်အောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူလည်းဘူတာရောက်ရထားလည်းထွက်နေပြီ၊ရထားအမှီလိုက်သွားတယ်။သူဖိနပ်တဖက်ကျွတ်နေခဲ့တယ်။ဒါနဲ့ရထားပေါ်ရောက်သွားခဲ့တယ်။ရထားပေါ်ရောက်တော့နောက်တစ်ဖက်ချွတ်ထားခဲ့ပြန်တယ်။သူဘာကြောင့်ဒီလိုလုပ်ရတာလဲ? စဥ်းစားကြည့်ပါ။သူဟာနိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တယ်။သူအနေတဲ့ရထားကိုရပ်ခိုင်းလိုရတယ်။သူမလုပ်ခဲ့ပါဘူး။သူပြောလိုက်တဲ့စကားကတော့(ပြည်သူတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုသူအတွက်နဲ့

မနှောင်းနှေးစေချင်ဘူးလို့ပြောခဲ့ပါတယ်။)တကယ်ကိုအတုယူစရာ၊ခွန်အားရှိ/ရစရာစကားတွေပါ။

မဟဓမ္မာဂန္ဒီရဲ့လူသားတွေပေါ်မှာထားတဲ့မေတ္တာတရား(သို့)စာနာနားလည်ပေးခြင်းဖြစ်ပါတယ်။မဟဓမ္မာဂန္ဒီလိုစိတ်ထားတွေရှိရင် တော့ အတ္တဆိုတဲ့လက်နက်ကြီးကို ဖြေရှင်းနိုင်လာပါလိမ့်မယ်။

        သော်တရှင်များတို့ -ကျွန်မတို့ရဲ့ နီးစပ်သူတွေ၊ပတ်၀န်ကျင်းရှိသူတွေပေါ်မှာ ချစ်ခြင်းမေတ္တာ၊စာနာစိတ်များထားပြီးတော့လောကကမ္ဘာကြီးကိုမေတ္တာတရားရဲ့ရောင်ခြည်ဖြင့်လွှမ်းခြုံနိုင်ဖို့ကြိုးစားကြရအောင်။မေတ္တာတရားစိတ်ရှိတဲ့နှလုံးသားများနဲ့အစားထိုးနိုင်ဖို့ပြုပြင်ပြောင်းလဲကြပါလို့အကြုံပြုပါရစေ။မေတ္တာတရားဆိုတဲ့စကားလုံးလေးကသေးငယ်ပေမဲ့ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်ပါတယ်။သာယာလှပပြီးပျှော်ရွှင်ဖွယ်ရာကောင်းတဲ့လူဘောင်သစ်ကြီးကိုတည်ဆောက်နိုင်ပါတယ်။တန်ဖိုးအားဖြင့်အဖိုးအခမပေးရပင်မဲ့ကမ္ဘာပေါ်မှာအဖိုးဖြတ်မရတဲ့အကြီးဆုံးရတနာဖြစ်ပါတယ်။

ဒါကြောင့်ဘယ်သူတွေဘယ်လိုတရားပျက်ပျက်၊အတ္တတွေဘဲဖုံးလွှမ်းဖုံးလွှမ်းကျွန်မတို့တတွေမေတ္တာတရားရှေ့ထားပြီပြုမှုတက်ဖို့ရန်လိုအပ်ပါတယ်။မေတ္တာတရားကသာအရာရာကိုမောင်းနှင်နိုင်မှာဖြစ်ပါ

တယ်။မေတ္တာတရားကိုတန်ဖိုးထားသောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလိုဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။ဒီတစ်ပတ်အတွက်ဒီဆောင်းပါးလေးကိုဒီတင်အဆုံးသတ်လိုက်ပါတယ်။အားပေးကြည်ရှုနားဆင်သူအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။


 [WU1]

Add new comment

6 + 5 =