၂၀၂၅ ခုနှစ် ဂျူဗလီ အတွက် ပြင်ဆင်ခြင်းများပြုရန် ပုပ်ဖရန်စစ်အား ရောမမြို့တော်ဝန် တွေ့ဆုံ

၂၀၂၅ ခုနှစ် ဂျူဗလီ အတွက် ပြင်ဆင်ခြင်းများပြုရန် ပုပ်ဖရန်စစ်သည် ရောမမြို့တော်ဝန် အားတွေ့ဆုံ

၂၀၂၅ ခုနှစ် ဂျူဗလီ အတွက် ပြင်ဆင်ခြင်းများပြုရန် ပုပ်ဖရန်စစ်အား ရောမမြို့တော်ဝန် တွေ့ဆုံ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သည် ရောမမြို့တော်ဝန်အသစ်အား ဗာတီကန်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ရောဘတ်တို ဂွာတီရဲရီ ဟာ ရောမမြို့တော်ဝန် အဖြစ်တာဝန် လွှဲပြောင်းယူခဲ့တာ တစ်လ လောက်သာ ရှိသေးတာဖြစ်ပြီး  ၎င်းမြို့တော်ရဲ့ အထင်ကရ ပုဂ္ဂိုလ်တော်မြတ် တစ်ဉီးဖြစ်တဲ့ ပုပ်ဖရန်စစ်ကို လာရောက်ဂါရပြုတွေ့ဆုံနုတ်ဆက်တာလည်း ဖြစ်ပါတယ်။

၎င်းတို့ နှစ်ဉီးဟာလာမယ့် ၂၀၂၅ ခုနှစ် ဂျူဗလီအတွက် နှင့် အခြားကိစ္စရပ် အချို့ကို ဆွေးနွေးခဲ့ကြတယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

တရားဝင်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့်လည်း ရောမမြို့တော်ဟာ အစဉ်အလာအရ ၂၅ နှစ်လျှင် တစ်ကြိမ် သန့်ရှင်းသော ဂျူဗလီနှစ်အဖြစ် သတ်မှတ်ကျင်းပလေ့ရှိကြောင်း၊ ပြီးခဲ့တဲ့ ဂျူဗလီများကတော့ တထူးတခြား သနားကြင်နာခြင်းနှစ်လို့ သတ်မှတ်ကာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆  မှာ ပုပ်ဖရန်စစ်က ကျင်းပခဲ့တာဖြစ်ပါတယ်။

အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ရောမအကျဉ်းထောင်မှ အမျိုးသမီးများကိုယ်တိုင်ချုပ်လုပ်ထားတဲ့ ဖိနပ်ကို အရှင်သူမြတ်အား မြို့တော်ဝန်က ဆက်သခဲ့တာဖြစ်ပါတယ်။

တစ်နာရီကြာတွေ့ဆုံမှုအပြီးမှာတော့ အရှင်သူမြတ် ပုပ်ဖရန်စစ်နဲ့ ရောမမြို့တော်ဝန်တို့ဟာ လှိုက်လှဲနွေးထွေးစွာဖြင့်လက်ဆွဲနုတ်ဆက် ခွဲခွာခဲ့ကြပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3kNtYaz

Add new comment

9 + 7 =