ပုပ်ရဟန်းမင်းကြီးရဲ့ လူထု ပရိသတ်တွေကို အာရုံစိုက်စေတဲ့ မြင်ကွင်း တစ်ခု

 ပုပ်ရဟန်းမင်းကြီးရဲ့ လူထု ပရိသတ်တွေကို အာရုံစိုက်စေတဲ့ မြင်ကွင်း တစ်ခု ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး တရား မဟောခင်လေးမှာ ကလေး နှစ်ယောက် သူ့ဆီကို သွားရောက်ချဉ်းကပ်ခဲ့ကြတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ ရင်းနှီးတွေ့ဆုံမှုအကြောင်း ထည့်သွင်း မှာကြားခဲ့ပါတယ်။ 

ဒီကလေး နှစ်ယောက်က ခွင့်မတောင်း ခဲ့ကြဘူး။ “ကြောက်နေတယ်” လို့လည်း သူတို့မပြောဘူး။ ဒီအတိုင်း တိုက်ရိုက်ပဲ တက်လာ ခဲ့ကြတယ်။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ အဲဒီလိုမျိုး တိုက်ရိုက် ဖြစ်ဖို့ လိုအပ်ပါတယ်။ 

တရားဟောနေတုန်းမှာ ကလေးနှစ်ယောက် ပြန်လာပြီး ပုပ်ရဟန်းမင်းကြီးရဲ့ဘေးမှာ ထိုင်နေခဲ့ကြတယ်။ ယနေ့ တကယ် သတ္တိရှိကြသူတွေ ဖြစ်ပါတယ်။ ဒီကလေး နှစ်ယောက်ရဲ့ ယုံကြည်မှုကို မြင်ရတာ အရမ်းကောင်းပါတယ်။ ဒီဟာက ကျွန်ုပ်တို့ အားလုံး အတွက်လည်း အတုယူစရာ တစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့ အဲဒီလိုမျိုး ဘုရားသခင်ကို အမြဲတမ်းလွတ်လပ်စွာ ချဉ်းကပ်ဖို့ လိုအပ်လှ ပါတယ်။ 

ကျေးဇူးတင်ပါတယ်။ 

✍️ထန်းဟာ SJ ✍️

Source: Vatican News 

Add new comment

3 + 5 =