Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ငြိမ်းချမ်ရေးနဲ့ ကရုဏာလုပ်ငန်း လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် တိုက်တွန်း
ငြိမ်းချမ်ရေးနဲ့ ကရုဏာလုပ်ငန်း လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် တိုက်တွန်း
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ငြိမ်းချမ်ရေးနဲ့ ကရုဏာလုပ်ငန်း လုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် တိုက်တွန်းအားပေးခဲ့ပါတယ်။
ဆင်းရဲသားတွေနဲ့ ရှိနေတဲ့ ဘုရားသခင်ရှေ့မှာ ကျွန်ုပ်ဘယ်လိုမျိုး တုံ့ပြန်နေသလဲ။ ဆင်းရဲဒုက္ခ အရောက်ဆုံး လူတွေကို ဘယ်လိုမျိုး တုံ့ပြန် နေကြသလဲ။
သူတော်မြတ် Jose Gregorio ရဲ့ဘယ်လို ပုံဥပမာတွေက ကျွန်ုပ်ကို အားကျစေသလဲ။ သူက ကျွန်ုပ်တို့ ကောင်းမွန်တဲ့ လူမှုရေး၊ စီးပွါးရေးနဲ့အတူ ယနေ့နိုင်ငံရေးထဲ ပါဝင်လှုပ်ရှားကြဖို့ အားပေးနေပါတယ်။
ပြဿနာတွေ၊ အမှားအယွင်းတွေနဲ့ အရာအားလုံးအကြောင်းကို လူများစွာက ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ခရစ်ယာန်တွေက အဲလိုမျိုး လုပ်ဖို့မဟုတ်ဘဲ သူတို့နဲ့ဆက်ဆံပြီး လက်ပေကျံစေဖို့ ဖြစ်ပါတယ်။ ဆုတောင်းခြင်း ပူပေါင်းပါဝင်ခြင်းနဲ့ အဲဒီလိုလုပ်နိုင်ပြီးအတင်းအဖျင်းတွေကို ပြောဆိုခြင်းနဲ့ မဟုတ်ပါဘူး။
အတင်းအဖျင်းပြောခြင်းဟာ ကပ်ရောဂါဆိုးလိုဖြစ်တယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုပဲ လုပ်ဆောင်ကြပါ။ အဲလိုလုပ်ဆောင်ခြင်းက တမန်တော်တွေရဲ့ဇွဲနဲ့ ဧဝံဂေလိ သတင်းကောင်းကို ကြေငြာဖြန့်ဝေခြင်းလည်းဖြစ်တယ်။
ခရစ်ယာန်တွေရဲ့မင်္ဂလာရှစ်ပါးမှာ “ငြိမ်းချမ်းခြင်းကို လုပ်ဆောင်သော သူတို့သည်မင်္ဂလာရှိ၏”လို့ ဆိုထားပါတယ်။
သူတော်မြတ် ဂရေဂိုရီအိုရဲ့ ပုံသက်သေနဲ့ ပါရမီတွေကို အတုယူကြပါစို့။ သူဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး တမန်တော်ဇွဲလုံ့လနဲ့ နေ့စဉ်ကရုဏာလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူပါ။
Source: Catholic News Service
Translated by: Thang Ha, SJ
Add new comment